♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 6, 2015

" ဗီယက်နမ်အစာ Xoi Bap အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်း " ( Wutyee Food House )

Sticky_Corn_Bean6

ဗီယက်နမ်မှာ နံမည်ကြီး ဟင်းလျာ တစ်ခုဖြစ်တဲ့ Xoi Bap လို့ ခေါ်တဲ့ အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်းပါ။ အရင်က ဗီယက်နမ်မိတ်ဆွေ တစ်ယောက် လုပ်ကျွေးလို့ ပထမဆုံး အကြိမ် စားဖူးပါတယ်။ အရမ်းစားကောင်းတာမို့ ကိုယ်တိုင် ပြန်လုပ်စားဖြစ်တာပါ။ ကောက်ညှင်းကို အုန်းနို့၊ ပြောင်းဖူး၊ ဆား၊ သကြား တို့နဲ့ ရောပေါင်းထားတာမို့ ချိုအိပြီ တကယ်ကို ထူးခြား ကောင်းမွန်ပါတယ်။ ထို့ပြင် ဒီ Xoi Bap ရဲ့ ထူးခြားမူက ကောက်ညှင်းပေါင်းကို ပဲတီစိမ်းနဲ့ တွဲဖက် သုံးဆောင်ရတာပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…
ကောက်ညှင်းပေါင်းတွင် ပါဝင်ပစ္စည်းများ
  • ကောက်ညှင်း – ဆန်ချိန်ခွက် ၂ခွက်
  • ပြောင်းဖူး – ၁ဖူး (တ၀က်ကျက်အောင် ပြုတ်ပြီ အစေ့ခြွေထားပေးပါ) 
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
တွဲစားရန် ပါဝင်ပစ္စည်းများ

  • ပဲတီစိမ်း – ၁၅၀ ဂရမ်
  • ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၅ဇွန်း
Sticky_Corn_Bean

ပြုလုပ်နည်း
၁။ အရင်ဆုံး ကောက်ညှင်းကို ရေမြုပ်ထည့်အောင် အနည်းဆုံး ၃နာရီစိမ်(သို့) တညသိပ်ပေးထားပါ။

Sticky_Corn_Bean1

၂။ ထို့နည်းတူ ပဲတီစိမ်းကိုလည်း ရေမြုပ်အောင် စိမ်ပြီ အနည်းဆုံး ၃နာရီ(သို့) တညသိပ် စိမ်ထားပါ။
၃။ စိမ်ပြီသွားလှ်ျင် ပဲတီစိမ်းကို နူသည်အထိ မိနစ်၂၀ခန့် တည်ထားပေးပါ။

Sticky_Corn_Bean2

၎။ ထို့နောက် ပဲတီစိမ်း၊ အခွံဖယ် ရေစစ်ပြီ ဆုံအောင်ဖြင့် ညက်အောင် ထောင်းထားပေးပြီ အလုံးပြုလုပ်ထားပါ။
၅။ ပြီလျှင် ပန်းကန်လုံးထဲ ကောက်ညှင်း(ရေစစ်ပြီ)၊ ပြောင်းဖူး၊ သကြား၊ အုန်းနို့၊ ဆားတို့ကို ရောနုယ်ပေးထားပါ။

Sticky_Corn_Bean3

၆။ ပြီနောက် ပေါင်းအိုးထဲ ထည့်ပြီ ကောက်ညှင်းကျက်သည်အထိ နာရီဝက်ခန့် တည်ထားပေးပါ။

Sticky_Corn_Bean4

ရ။ အုန်းနို့ ပြောင်းဖူး ကောက်ညှင်းပေါင်း ရပြီဆိုလျှင် အပေါ်မှ ပဲ၊ ကြက်သွန်ကြော်များ ဖြူးပြီ အရသာရှိစွာ တွဲဖက် သုံးဆောင်နိုင်ပါပြီ…

Sticky_Corn_Bean6



No comments:

Subscribe

လာလည်သူများ

free counters