♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 5, 2015

" ရန်ကုန်တွင် ခြောက်လအတွင်း လူ ၆ ဦး ရထားကြိတ်ခံရ၍ သေဆုံး"

 

ရန်ကုန်မြို့ပတ်လမ်းတလျှောက်တွင် ယခုနှစ် ဇန်န၀ါရီလ မှ ဇွန်လအထိ ပေါ့ဆမှုကြောင့် ရထားကြိတ်ခံရပြီးသေ
ဆုံးသူ ၆ ဦးရှိကြောင်း မြန်မာ့မီးရထား (တိုင်း ၇) မှ သိရသည်။

ယခုနှစ် ပထမ ၆လအတွင်း ပေါ့ဆမှုကြောင့် ဒဏ်ရာရရှိသူ ၁၄ ဦးနှင့် သေဆုံးသူ ၆ ဦးရှိကာ ယခင်နှစ်အဆိုပါ
ကာလထက် သေဆုံးသူဦးရေ ၄ ဦး လျော့ကျသွားကြောင်းလည်း သိရသည်။
“ခရီးသည်တွေရဲ့ ပေါ့ဆမှုတွေကနေတဆ
င့် ရထားမတော်တဆမှုတွေ မဖြစ်ရအောင် ကိုယ်တို့ အုတ်တံတိုင်း
တွေခတ်နေတယ်။ မပြီးသေးပါဘူး။ နောက်ဆိုရင် အမြန်ရထားပြေးဆွဲမယ့် အစီအစဉ်တွေ၊ လျှပ်စစ်ရထားပြေးဆွဲမယ့် အစီအစဉ်တွေရှိတဲ့အတွက် ရထားမတော်တဆမှုတွေက ဒီထက်ပိုပြီး ဖြစ်လာနိုင်တယ်။ ဒါကြောင့် အုတ်တံတိုင်းခတ်ဖို့ လုပ်ဆောင်နေတာပါ။”ဟု မြန်မာ့မီးရထား (တိုင်း ၇) မှ အဆင့်မြင့် အရာရှိတဦး က ဆိုသည်။
၂၀၁၂ နိုဝင်ဘာ ၁၂ ရက်က ကျောက်တော်မြို့
ရှိ စွံ့အနားမကြား မိန်းကလေးငယ်တဦး ရထားကြိတ်၍ သေဆုံးမှု၊ ၂၀၁၂ အောက်တိုဘာလ ၃ ရက်က အင်းစိန်မြို့နယ်ရွာမကျောင်းလမ်းနှင့်ဘူတာရုံလမ်းကြားတွင် အဘိုးအိုတဦး ရထားကြိတ်၍သေဆုံးမှု၊ ၂၀၁၃ နိုဝင်ဘာ ၃ ရက်က သင်္ဃန်းကျွန်းဘူတာအနီး ကလေးငယ်သုံးဦး ရထားကြိတ်ခံရကာ နှစ်ဦး သေဆုံးမှု၊ ၂၀၁၃ ဧပြီလက ကိုရင်တပါး မင်္ဂလာဒုံဘူတာအနီး ရထားကြိတ်ခံရ၍ သေဆုံးမှု စသည့် လူသေဆုံးရမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရထားမတော်တဆမှုဖြ
စ်ပွားရသောအကြောင်းရင်းများမှာ ရထားလမ်းကို ပေါ့ဆစွာ ဖြတ်ကူးခြင်း၊ ရထားမရပ်ခင် ခုန်တက်ခုန်ဆင်း ပြုလုပ်ခြင်း၊ ရထားကို ဂရုမပြုခြင်း၊ နားကြပ်တပ်ဆင်၍ ရထားလမ်းပေါ် လမ်းလျှောက်ခြင်း၊ ရထားလမ်းပေါ်တွင် အိပ်ခြင်း၊ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခြင်းစသည်တို့ဖြစ်ကြောင်း မြန်မာ့မီးရထား (တိုင်း ၇) မှ အဆင့်မြင့် အရာရှိတဦး က ပြောသည်။
ရန်ကုန်မြို့ပတ်
နှင့် ဆင်ခြေဖုံးရထားလမ်းပိုင်းများတွင် ရထားဘူတာ ၅၅ ဘူတာရှိပြီး၊ တွဲဆိုင်း ၂၃ ဆိုင်းနှင့် နေ့စဉ် အခေါက်ရေ ၂၁၅ ခေါက် ပြေးဆွဲပေးလျှက်ရှိရာ တရက်လျှင် ရထားစီးခရီးသည်ပေါင်း ပျမ်းမျှ ခုနှစ်သောင်းကျော် စီးနင်းလျှက်ရှိကြောင်း မြန်မာ့မီးရထား (တိုင်း ၇) မှ သိရသည်။
နေမင်းခ
ပုံ - ရန်ကုန်မြို့ပတ်
ရထားလမ်းပေါ်တွင် ရောင်းချနေသော ဈေးသည်များအားတွေ့မြင်ရပုံ
 
 
 

No comments:

Subscribe

လာလည်သူများ

free counters