♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 10, 2015

“သင် သေသွားသော်” (ဒသမတန်း မြန်မာ ကဗျာ)



 
ဆရာ ဇော်ဂျီ  
*********************


Copy and WIN : http://ow.ly/KNICZ

ကျွန်တော်မောင်စိုး တက္ကသိုလ်ဝင်တန်းဖြေတုံးက  အရမ်းကြိုက်တဲ့ ကဗျာတစ်ပုဒ်ပါဗျာ 

“သင်သေသွားသော်” ကဗျာသည် ကိုလိုနီခေတ်က ခေတ်စမ်းစာဆို ဆရာဇော်ဂျီရေးဖွဲ့သော လင်္ကာကဗျာအမျိုး
အစားဖြစ်ပါသည်။ ထိုကဗျာသည် နိုင်ငံနှင့်လူမျိုး၏အကျိုး၊ ဘာသာစာပေ၏အကျိုးကို မိမိသေဆုံးသည်အထိ
သယ်ပိုးဆောင်ရွက်သင့်ကြောင်းတင်ပြလိုခြင်းဖြစ်ပါသည်။ ထိုကဗျာတွင် စာဖတ်သူအား တိုက်ရိုက်ဦးတည်ပြော
ဆို၍ ဆွေးနွေးပာန်ရေးဖွဲ့ကာ နိုင်ငံသားကောင်းတစ်ယောက်၏ တာဝန်ကို ဖော်ညွှန်းထားပါသည်။


“သင်သေသွားသော်”
  သြော်....လူ့ပြည်လောက
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက်
ကျန်စေသတည်း။

(ဇော်ဂျီ)
လူ့ပြည်လောကတွင် လူ့ဘ၀ပာူ၍ဖြစ်လာလျှင် အိုရ၊ နာရ၊ သေရမည် သင်္ခါရသဘောတရားမှာ အမှန်ပင်တွေ့
ကြုံရမည်ဖြစ်ကြောင်း ဦးစွာဖော်ပြခဲ့သည်။ လူမှန်သမျှ တစ်နေ့တွင် ထိုလောက ဓမ္မတာတ၇ားများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိရလောက်အောင်
 “ လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ၊ နာရ၊ သေရဦးမည်
မှန်ပေသည်တည့် ”                ပာုရေးဖွဲ့ထားပါသည်။
သို့သော် သင်မသေမီကာလတွင် သင်ဖွားရာမြေ၊ သင့်တိုင်းပြည်သည် အခြေအနေတိုးတက်မြင့်မားစွာ ကျန်နေ
သင့်ကြောင်း
“သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ”ပာုဆွေးနွေးစပ်ဆိုခဲ့ပါသည်။ ထို့ကြောင့် နိုင်ငံသားကောင်းတို့သည် ကိုယ့်မြေ
ကိုယ့်ရေ၊ ကိုယ့်ဒေသတိုးတက်အောင် သေသည်အထိ ဆောင်ရွက်သင့်ကြောင်း ဖော်ညွှန်းလိုခြင်းဖြစ်ပါသည်။
ထိုအပြင် သင်မသေမီ သင်၏အမျိုးသား၊ ဘာသာစကားတို့ကိုလည်း မတိမ်ကောအောင်၊ ကြီးပွားတိုးတက်မြင့်
မားအောင်လုပ်ဆောင်ခြင်းဖြင့် ကျန်ရစ်နေသင့်ပုံကို
“သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကေင်းသင့်၏ ”  ပာု ဖွဲ့ဆိုခဲ့ပါသည်။
နောက်ဆုံးတွင် ဆရာဇော်ဂျီက သာသနာစည်ပင်ရေး၊ အမှန်တရားထွန်းကားရေး၊ အသိဥာဏ်ဖွံဖြိုးရေးတို့ကို
လည်း ရေးဖွဲ့ညွှန်းပြထားပါသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံဖြစ်ကြောင်း၊ ရှိခိုးပူဇော်စရာ
စေတီပုထိုးမြောက်များစွာရှိကြောင်း၊ ယင်းစေတီပုထိုးတို့သည် ကောင်းမှုအမျိုးအမျိုးပြုရာတွင် အမျှဝေရာနေ
ရာဖြစ်ကြောင်း ရေးဖွဲ့ခဲ့ပါသည်။ ထို့ပြင် အမြဲတမ်းမှန်ကန်ခြင်းပာူသော သစ္စာတရား၏ အလင်းရောင်သည် မြန်မာပြည်တွင် ထွန်းပြောင်လျှက်ရှိကြောင်း၊ ယင်းသို့သော သစ္စာ၊ ပညာ၊ အလင်းရောင်တို့သည် ထွန်းပြောင်
ဝင်းပလျှက် ကျန်ရစ်စေသင့်ကြောင်းကို
“သင်ဦးချ၍ ၊ အမျှဝေရာ ၊ စေတီသာနှင့်
သစ္စာအရောင်၊ ဥာဏတ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း” ပာု ဆွေးနွေးဆုံးမထားပါသည်။
ထိုကဗျာရေးဖွဲ့သော ကိုလိုနီခေတ်တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ မညှိုးမှိန်ရေး၊ ဘာသာစကားမနိမ့်ကျရေး၊ အမှန်
တရားနှင့် အသိပညာမတိမ်ကောရေးအတွက် မြန်မာနိုင်ငံသားတိုင်း ဆောင်ရွက်ရမည့်တာဝန်ကို ရေးဖွဲ့ညွှန်းပြ
ထားခြင်းဖြစ်ပါသည်။
ခြုံ၍ဆိုရသော် နိုင်ငံနှင့်လူမျိုးအကျိုး၊ ဘာသာ၊ စာပေအကျိုး၊သာသနာအကျိုးတို့ကို မသေမီအချိန်အထိ သယ်ပိုးသင့်ကြောင်း၊ တိုးတက်စွာကျန်နေသင့်ကြောင်း ရေးဖွဲ့ထားပုံကို ဖတ်ရှုရ၍ ရဲဝံ့တက်ကြွမှုဝီရ ရသနှင့်
ကျေနပ်နှစ်သက်မသ သန္တရသတို့ ခံစားရသော ကဗျာတစ်ပုဒ်ဖြစ်ကြောင်း လေ့လာမိပါတော့သည်။

(မှတ်ချက်)=== ကျူရှင်ကပေးတဲ့စာရွက်ထဲကနေ ရေးသားတင်ဆက်လိုက်ပါတယ်ဗျာ
သူငယ်ချင်း မိတ်ဆွေတို့ဖတ်ပြီး ပြန်မျှဝေပေးပါနော် တက္ကသိုလ်ဝင်တန်းကျောင်းသား သူ တွေလဲ အဆင်ပြေမယ်လို့ထင်ပါတယ်ဗျာ။ အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်…..
Mgsoemin1995@gmail.com  +959250370904  ဆက်သွယ်နိုင်ပါတယ်ဗျာ။

No comments:

Subscribe

လာလည်သူများ

free counters