♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 8, 2015

" ၀ိသာခါကို သူ့မိဘများမှာကြားလိုက်သော ဆုံးမစကား (၁၀) ခွန်း "

 
၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၆) ချမ်းသာစွာထိုင်
၇) ချမ်းသာစွာ စား။
၈) ချမ်းသာစွာ အိပ်။
၉) မီးကို ရိုသေစွာလုပ်ကျွေး။
၁၀) အိမ်တွင်းနတ်ကို ရှိခိုးပူဇော်။တို့ဖြစ်ပါသည်။

၁) အိမ်တွင်းမီး အပြင်မထုတ်ရဆိုတာ..အိမ်တွင်းမှာရှိတဲ့ အိမ်တွင်းရေးပြဿနာ
ကိစ္စအဝဝကို အပြင်ဖောက်သည်မခ
ျနဲ့ဆိုလိုတာပါ။
၂) အိမ်ပြင်မီး အတွင်းမသွင်းရဆိုတာ…ပြင်ပမှာဖြစ်လာတဲ့ ပြဿနာတွေကိုလည်း
အိမ်တွင်းသည်မလာ
နဲ့ လို့ဆိုလိုတာပါ။

၃) ပြန်ပေးမယ့်သူကို ပေးဆိုတာ..ချေးငှားတဲ့အခါ ပြန်တောင်းရမည့်
သူကိုသာ ချေးငှားလို့ဆို
တာပါ။

၎) ပြန်မပေးမယ့်သူကို မပေးနဲ့ဆိုတာ…ပစ္စည်းဥစ္စာချေးငှားတဲ့အခါ
ပြန်တောင်းရမ်းလ
ို့မရမည့်သူကိုမချေးငှားနဲ့လို့ ဆိုလိုတာပါ။

၅) ပေးသင့်သည်ဖြစ်စေ၊မပေးသင့်သည်ဖြစ်စေ ပေးပါဆိုတာက…
မိမိဆွေမျိုးအသု
ိင်းအဝိုင်းထဲမှာ.. ဘဝပေးအရ မပြည့်စုံတဲ့သူတွေကိုတော့
ဘာမှမျှော်လင့်ေ
တာင့်တမနေပဲထောက်ပံ့လိုက်ပါဟု ဆိုလိုတာပါ။

၆) ချမ်းသာစွာထိုင်ပါဆိုတာ..မိမိလင်ယောက်ျား၊ယောက္ခမတွေရဲ့
အထက်အရပ်၊လေညာအရ
ပ်စသောမပြစ်မလွတ်သောနေမှာ မထိုင်ဘဲ
အပြစ်ကင်းသောနေရ
ာမှာထိုင်လို့ပြောတာပါ။

၇) ချမ်းသာစွာစားပါဆိုတာ…မိဘ၊ ယောက္ခမ၊ခင်ပွန်းတို့ကို
ရှေးဦးစွားကျွး
ပြီး နောက်မှစားပါလို့ပြောတာပါ။

၈) ချမ်းသာစွာအိပ်ပါဆိုတာ.. မိဘ၊ ယောက္ခမ၊ လင်ယောက်ျားတို့ ကို
သင့်တင့်သော ဝေယျာဝစ္စပြုပြီး
မှာအိပ်ပါလို့ပြောတာပါ။

၉)မီးကိုရိုသေစွာလုပ်ကျွေးဆိုတာ.. ယောက္ခမတွေကို ကောင်းစွာ
စောင့်ရှောက်လို
့ပြောတာပါ။

၁၀) အိမ်ဦးနတ်ကိုရိုသေဆိုတာ..မိမိလင်ယောက်ျားကို အိမ်ဦးနတ်ကဲ့သို့
ဆက်ဆံရမယ် လို့ ဆိုလိုတာပါ။




Credit :   မိန်းမနိုင်နည်း

No comments:

Subscribe

လာလည်သူများ

free counters