♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 16, 2016

" ချစ်သူရှိလာပြီဆိုရင် လုပ်လိုက်မိတဲ့ အချက်လေးများ "

အချစ်ဆိုတဲ့ စကားလုံးလေးက နှစ်လုံးထဲလွယ်သလောက် ခက်ခဲလှပါတယ်။

ချစ်သူရှိလာပြီဆိုရင်လည်း သူများတွေလုပ်တာကို ကြည့်ပြီး ကိုယ်တွေများ မလုပ်ဘူးလို့ ဆုံးဖြတ်ချက်ချထားပင်မဲ့လည်း လုပ်လိုက်မိတဲ့ဟာလေးတွေရှိပါတယ်လေ။ ဘာတွေဖြစ်မှာလဲ ကြည့်လိုက်ရအောင်နော်။

၀၁. ပတ်ဝန်းကျင်မှာ သူကိုချစ်တဲ့အကြောင်းကို ပြောမဆုံးတော့ပါ။
ကိုယ့်ချစ်တာကို ပတ်ဝန်းကျင်မှာလည်း သက်သေပြချင်တဲ့အချိန်မှာတော့ ဒါဟာ တကယ့်အချစ်စစ်လို့ပြောလိုက်ပါတော့။ ကိုယ့်ရဲ့အချစ်ရေးအဆင်ပြေနေတဲ့အချိန်မှာ ဒါကို သိစေချင်တယ်ဆိုတာ ဘယ်သူမဆိုလုပ်မိမှာပါ။

၀၂. စိတ်ဆင်းရဲနေချိန်မှာ ကိုယ့်အနားမှာ အမြဲရှိနေစေချင်တယ်။
စိတ်တွေရှုပ်ထွေးနေချိန်မှာ စိတ်ဆင်းရဲနေချိန်မှာ သူငယ်ချင်းတွေထက် ချစ်သူကို ကိုယ့်အနားမှာ ရှိနေစေချင်ပါတယ်။ အကြံမပေးရင်နေပါစေ၊ သူအနားမှာ ရှိနေရုံနဲ့တင် လုံလောက်ပါပြီ။

၀၃. အင်္ကျီလဲခန်းထဲမှာ သူ့မျက်နှာလေးကို သတိရတယ်။

အင်္ကျီအသစ်သွားဝယ်ချိန်မှာ အင်္ကျီလဲခန်းထဲမှာ သူ့မျက်နှာလေးကို မှန်ထဲမှာ မြင်ရသလို ခံစားရတယ်။ သူက
အနားမှာမရှိပင်မဲ့လည်း ဒီအင်္ကျီကို သူကကြိုက်ပါ့မလားလို့တွေးပြီး ရွေးနေမိတယ်။

၀၄. သူ့အတွက်ဆို ဘာမဆိုလုပ်ပေးချင်တယ်။
ချစ်သူအတွက်ဆို အသက်ပဲပေးရပေးရပါ။ သူ့အတွက် လိုအပ်နေတဲ့အရာကို ဖြည့်စွပ်ပေးချင်တာက ချစ်သူတွေပါ။ ကူညီချင်တယ်။ ထောက်ပံ့ပေးချင်တယ်။ သူ့ရဲ့ဝမ်းသာနေတဲ့ မျက်နှာကို ကြည့်ချင်တယ်။

၀၅. အနာဂတ်အတွက် ကြိုတင်ပြီး စဉ်းစားပြီးပြီ။
ချစ်သူနှစ်ယောက် ပျော်စရာကောင်းတဲ့ ချစ်သူဘဝကို ရရှိနေချိန်မှာ အနာဂတ်အတွက် ကြိုပြီးတွေးနေပြီပေါ့။ မိသားစုရယ်လို့ဖြစ်လာရင် ဘယ်လိုနေထိုင်ကြမလဲဆိုတာကို တွေးပြီး ပျော်နေပြီ။

၀၆. စိတ်ထဲမှာ သာယာနေတာ့ အားလုံးက အဆင်ပြေနေတယ်လို့ ခံစားရတယ်။
ချစ်သူကိုရှိနေချိန်မှာ အရာအားလုံးက ဝင်းလက်တောက်ပနေပြီး ဘဝအတွက် အကောင်းဆုံးအချိန်လို့ ခံစားရတယ်။

၀၇. ဗေဒင်တွေကို ပိုပြီး ယုံလာလားလို့။
သူ့အတွက်ကော ကိုယ့်အတွက်ပါ ဗေဒင်တွေကို ကြည့်ရတာအမောပါပဲ။ ဘာဖြစ်လို့ကိုမှန်းမသိပါ။

၀၈. အမြဲတမ်း သူ့အကြောင်းက ခေါင်းထဲမှာရှိနေတယ်။
မနက်အိပ်ယာနိုးကတည်းက ညအိပ်ယာဝင်ချိန်အထိ သူ့အကြောင်းကိုပဲ တွေးနေတတ်တယ်။

၀၉. သူ့မှာ အားနည်းချက်တွေရှိတာတောင် ခွင့်လွှတ်နိုင်၊ ချစ်စရာကောင်းတယ်လို့ ထင်တယ်။
သူ့ရဲ့ အားနည်းချက်လေးတွေကို ဘာကြောင့်လည်းမသိ အားလုံးက ချစ်စရာကောင်းနေတယ်။

၁၀. Msg တွေပို့ပြီးရင် မြန်မြန်ပြန်ပို့စေချင်တယ်။
သူ့ဆီက Msg တွေကို အမြဲစောင့်နေမိတယ်။ အလုပ်အားချိန်၊ ဖုန်းသံလေးမြည်ချိန်မှာ ပြေးကြည့်ရတာ အမောပါပဲ။

ChelmoTeam
Credit : http://www.searchmyanmar.com/link/comment/cid/54419/domain/chelmo.tips

No comments:

Subscribe

လာလည်သူများ

free counters