♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 11, 2016

" စားသောက်ဆိုင် ဖွင့်မယ်ဆိုရင် သိထားသင့်တဲ့ အချက် (၅) ချက် "

ဆိုင်တော်တော်များများဟာ သာမန်လက်ရာလောက်နဲ့ပဲ ရေရှည် ရပ်တည်နေကြတာပါ။
စားသောက်ဆိုင်လေးတစ်ဆိုင် မအောင်မြင်ရတဲ့ အဓိက အကြောင်းအရင်းဟာ အစားအသောက်မကောင်းတာ မဟုတ်ပါဘူး။ ဆိုင်တော်တော်များများဟာ သာမန်လက်ရာလောက်နဲ့ပဲ ရေရှည်ရပ်တည်နေကြတာပါ။ တစ်ချို့ဆိုင်တွေဆို ဟင်းဆယ်မျိုးမှာ တစ်မျိုးလောက်ပဲ အဆင်ပြေပြီး နေရာကောင်းတာကြောင့် ရေရှည်ရပ်တည်နိုင်တာမျိုး ရှိပါတယ်။

၁ - ဘတ်ဂျက်နည်းနည်းနဲ့စတာ

တွက်ချက်ထားတဲ့ ကုန်ကျစရိတ်ထက်ပိုတဲ့ ငွေပမာဏရှိသင့်ပါတယ်။ စစခြင်းမှာ ပစ္စည်းကောင်းကောင်းတွေကို သုံးသင့်ပါတယ်။ အစမကောင်းရင် ဘယ်လိုမှ ပြန်လိုက်လို့ မရတော့ပါဘူး။

၂ - အပြိုင်အဆိုင်

ကိုယ့်ရဲ့ ပြိုင်ဘက်တွေရဲ အခြေအနေနဲ့ပတ်သက်ပြီးလို့လည်း အသိဗဟုသုတ ရှိသင့်ပါတယ်။ သူတို့ရဲ့ ရောင်းအား၊ သူတို့ရောင်းတဲ့ အစားအစာရဲ့ အရသာမျိုးကို သိသင့်ပါတယ်။

၃ - နေရာမှားခြင်း

ကိုယ်ရောင်းမယ့် အစားအစာ၊ ကိုယ်ရောင်းမယ့် ပုံစံဟာ ရောင်းနေတဲ့ နေရာနဲ့ မကိုက်တာ ဖြစ်ပါတယ်။ နေရာရွေးမှန်ဖို့ အရေးကြီးပါတယ်။

၎ - ဝန်ထမ်း

ဆိုင်ကြီးကြီးမားဖွင့်မယ်ဆို ဝန်ထမ်းကိစ္စကလည်း ကြိုတင်ထည့်တွက်ထားရမယ့် ကိစ္စဖြစ်ပါတယ်။ ကိုယ်တိုင် အစားအသောက်ကို မလုပ်ဘူးဆိုရင် ဝန်ထမ်းကို ပိုဂရုစိုက်ရပါတယ်။

၅ - ကိုယ်ပိုင်စတိုင် မရှိခြင်း

အစားအသောက်ရဲ့ အရသာ၊ တည်ခင်းတဲ့ပုံစံ၊ နေရာအပြင်အဆင် စတဲ့ တစ်ခုခုကတော့ ကိုယ်ပိုင်စတိုင် ရှိရမှာ ဖြစ်ပါတယ်။

Photos & Source: POS Sector
Duwun

Credit : http://www.lwinpyin.com/2016/07/blog-post_72.html

No comments:

Subscribe

လာလည်သူများ

free counters