♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 11, 2016

" မျက်စိကန်းချင်လို့ ကိုယ့်ဘာသာ မျက်စိကန်းအောင်လုပ်တဲ့ အမျိုးသမီး "


ထူးဆန်းတဲ့ အတွေးအခေါ်ရှိတဲ့ အမျိုးသမီးတစ်ယောက်က သူ့ရဲ့ တစ်သက်တာ မျှော်လင့်ခဲ့တဲ့ အိပ်မက်က မျက်စိကန်းဖို့ပါတဲ့။ မွေးကတည်းက အမြင်အာရုံ ချို့ယွင်းမှု လုံးဝမရှိတဲ့ အမျိုးသမီးငယ်က မျက်မမြင်တစ်ယောက် ဖြစ်ချင်လွန်းတဲ့အတွက် ရေမြောင်း သန့်ရှင်းရေးဆေးကို မျက်စိထဲလောင်းချပြီး မျက်စိကန်းအောင် လုပ်ခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်က Amber Jewel ဆိုသူအမျိုးသမီးဟာ လွန်ခဲ့တဲ့ ၇ နှစ်က ဘဝတစ်ခုပြောင်းလဲသွားစေမယ့် မျက်မမြင်ဖြစ်ဖို့ စိတ်ကူးကို အကောင်အထည် ဖော်ခဲ့ပါတယ်။ လက်ရှိမှာ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ Amber က ကလေးဘဝတည်းက မျက်မမြင်တစ်ဦး ဖြစ်ချင်ခဲ့တာလို့ပြောပါတယ်။

သူက မျက်စိနှစ်လုံးဖွင့်လိုက်တဲ့ အခါတိုင်း မြင်ရတဲ့ အရာတွေကို ခါးခါးသီးသီးကို မုန်းတီးခဲ့ပါတယ်လို့ US TV နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ သူမက ဆယ်ကျော်သက်အရွယ်မှာ မျက်မမြင် လက်ကိုင်တုတ် အဖြူရောင်ကို သုံးပြီး ၂ ပတ်နီးပါးလောက် မျက်မမြင်တစ်ယောက်လို ဟန်ဆောင်ပြီးနေခဲ့ဖူးသလို ခရီးအဝေးကြီးကိုလည်း မျက်စိမဖွင့်ဘဲ လျှောက်သွားခဲ့ဖူးပါတယ်တဲ့။ နောက်ပြီး အမေဖြစ်သူက မျက်စိကို ထိခိုက်စေနိုင်တယ်လို့ သတိပေးနေတဲ့ကြားက နေကို စိုက်ကြည့်တာတွေ ပြင်းထန်တဲ့ နေရောင်ကို နာရီပေါင်းများစွာကြာအောင် အချိန်အကြာကြီး ကြည့်တာတွေ လုပ်ခဲ့တယ်လို့ပြောပါတယ်။

သူမဟာ အသက် ၂၀ အရွယ်လောက်မှာ မျက်မမြင်စာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပြီဖြစ်ပါတယ်။ သူမက “ လူတွေက မျက်စိကို အရမ်းအားကိုးကြတယ်။ မျက်စိမမြင်တာဟာ မသန်စွမ်းမှုလို့ ယုံကြည်ကြတယ်။ ကျွန်မအတွက်ကတော့ မျက်စိမမြင်တာက လွတ်လပ်စေတာ အင်အားရှိစေတာလို့” ပြောခဲ့ပါတယ်။

စိတ်ရောဂါတစ်ခု ရှိနေတယ်လို့ ယုံကြည်ရတဲ့ ဒီအမျိုးသမီးက မျက်စိကိုကန်းအောင်လုပ်တဲ့ အချိန်မှာ အရမ်းကို
ဆိုးရွားပြင်းထန်တဲ့နာကျင်မှုကို ခံစားခဲ့ရပြီး မျက်စိတစ်ခုလုံးကို ပျက်စီးသွားစေခဲ့ပါတယ်။ ဘယ်ဘက် မျက်လုံးတစ်ခုလုံးကို ထုတ်ပစ်ခဲ့ရပြီး ညာဘက်မျက်လုံးမှာလည်း ဒဏ်ရာများစွာ ရရှိခဲ့ပါတယ်။ မိသားစုနဲ့ မိတ်ဆွေတွေက သူမကို အမြင်အာရုံပြန်ရဖို့အတွက် ခွဲစိတ်ကုသဖို့ အရမ်းကို တိုက်တွန်းပြောကြားနေခဲ့ပါတယ်။ ဒါပေမဲ့ သူမကတော့ ဒါကို ဆန့်ကျင်နေဆဲပဲ ဖြစ်ပါတယ်။

Ref:express.co.uk
ခင်သူဇာ - Trend Myanmar

Credit : http://www.lwinpyin.com/2016/07/blog-post_85.html

No comments:

Subscribe

လာလည်သူများ

free counters