♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 11, 2016

" စနိုက်ကြော်တဲ့ မိန်းကလေးရဲ့ အဝတ်ဗလာပုံကို အွန်လိုင်းပေါ်တင်ပြီး ကလဲ့စားချေခဲ့သူ "

စနိုက်ကြော်တဲ့ အမှုတွေကတော့ အမြဲတမ်းလိုလိုကြားနေရပါတယ်။ အခုလည်း အမျိုးသမီးတစ်ဦးက သူရဲ့လုပ်ဖော်ကိုင်ဖက် ချစ်သူကောင်လေးကို စနိုက်ကြော်တဲ့ အခြားမိန်းကလေးရဲ့ အဝတ်ဗလာဓာတ်ပုံကို အွန်လိုင်းပေါ်တင်ပြီး ကလဲ့စားချေတဲ့အမှုဖြစ်ပွားခဲ့ပါတယ်။

အသက် ၂၁နှစ်အရွယ် Smitten Illona Wroblewskaဆိုတဲံအမျိုးသမီးဟာ သူ့ရဲ့ချစ်သူ အသက်၃၀အရွယ် 21, စားသောက်ဆိုင်မန်နေဂျာ Juan Majendieနဲ့ တောင်အာဖရိကကို အနားယူထွက်သွားပြီး ပြန်အလာမှာ Majendieက သူ့အနေနဲ့အခြားမိန်းကလေးတစ်ယောက်နဲ့ချစ်ကြိုက်နေပြီး Wroblewskaကိုထားခဲ့တော့မည်ဖြစ်ကြောင်းဖွင့်ဟခဲ့ပါတယ်။

ဒေါသအရမ်းထွက်နေတဲ့ Wroblewska ဟာ ထိုစနိုက်ကြော်မကိုရအောင် စုံစမ်းပြီး “နင့်ရဲ့ အဝတ်ဗလာပုံတွေငါ့မှာရှိထားတယ်”လို့ချိန်းခြောက်ခဲ့ပေမယ့် ဟိုဘက်က နောက်မဆုတ်ခဲ့ပါဘူး။ ဒါ့ကြောင့်နောက်ထပ် ၂ပတ်အကြာမှာတော့ထိုအဝတ်ဗလာပုံတွေကို Facebook Account အတုတွေဖွင့်ပြီး အွန်လိုင်းပေါ်မှာ ဖြန့်လိုက်ပါတယ်။ ထိုပုံတွေကိုစနိုက်ကြော်မရဲ့ သူငယ်ချင်း၊အလုပ်ရှင်၊ မိဘ စတာတွေဆီလည်းပို့လိုက်ပါတယ်။

ဒီအမှုကြောင့်ပဲ တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ် Wroblewskaက ပုံတွေပို့တာကို ဝန်ခံခဲ့ပါတယ်။ ၆ပတ် ထောင်ဒဏ်ကျခံခဲ့ရပြီး နောက်တစ်ကြိမ်စနိုက်ကြော်မနားကို သွားခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ အခုတော့
Wrblewska နဲ့Majendieတို့အဆင်ပြန်ပြေနေကြတယ်လို့ ဆိုပါတယ်။

Shwemom

No comments:

Subscribe

လာလည်သူများ

free counters