♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 16, 2016

" ဖေ့စ်ဘွတ်ခ်မှာ ကလေး ဓာတ်ပုံတွေ တင်တာ သတိထားပါ "

 
ကလေး ဓာတ်ပုံတွေ ဖေ့စ်ဘွတ်ခ် တင်တာ သတိထားကြပါဟု ဂျာမနီ ရဲတပ်ဖွဲ့က သတိပေးထားသည်။

မသမာသူများက ထိုပုံများကို ကူးယူကာ ကွန်ပျူတာ ဆော့ဖ်ဝဲဖြင့် လိုသလိုပြုပြင် ပြောင်းလဲပြီး ကလေးပုံကို တလွဲအသုံးချမှုများ ဖြစ်ပွားလာ နိုင်ကြောင်း၊ ကလေး ငယ်ရွယ်စဉ်မှာ သာမက နောင်ကြီးလာသည့်တိုင် ထိုသို့ အလွဲအသုံးချ ခံထားရသော ဓာတ်ပုံများသည် အင်တာနက်ပေါ်တွင် ရှိနေကာ ကလေးတစ်ဘ၀တာ စိတ်ဒဏ်ရာ ရရှိသည်အထိ ဖြစ်ပွားနိုင်ကြောင်း ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။

ကလေးဓာတ်ပုံများ ဖေ့စ်ဘွတ်ခ်ပေါ် တင်မည်ဆိုပါက Privacy ဂရုစိုက်စေလိုကြောင်း၊ မိမိနှင့်တကယ် ရင်းနှီးကျွမ်းဝင်သူ များကိုသာ ကလေးပုံများ မြင်ခွင့်ပေးသင့် ကြောင်းလည်း ရဲတပ်ဖွဲ့က အကြံပြုသည်။ ဂျာမနီ ရဲတပ်ဖွဲ့၏ အကြံပြုချက်ကို တစ်ဆင့် ပြန်ရှယ်ယာ လုပ်မှုပေါင်း နှစ်သိန်းကျော်ထိ ရှိသည်။ သတိပေးချက် ဖေ့စ်ဘွတ်ခ်ပို့စ်သည် အထူး ထိရောက်ခဲ့ကြောင်း၊ စုစုပေါင်း ဖတ်ရှုသူ (၁၂) သန်း လောက်ထိ ရှိနိုင်ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကလေးပုံတွေ အွန်လိုင်းတင်တာ မိဘတွေ သတိထားကြပါ။ မသမာသူတွေ လက်ထဲ ကလေးပုံတွေ ရောက်သွားရင် ကလေး
တစ်သက်လုံး အရိပ်မည်းကြီးလို ဒုက္ခပေးတာ ခံရနိုင်ပါတယ်ဟု ကလေးသူငယ် ကာကွယ်ရေး ပရဟိတအဖွဲ့ NSPCC ကလည်း သတိပေးချက် ထုတ်ပြန်ထားသည်။
messenger news journal
Credit : http://www.searchmyanmar.com/link/comment/cid/54755/domain/messengernewsjournal.com

No comments:

Subscribe

လာလည်သူများ

free counters