♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 13, 2016

" လယ်သမား နဲ့ စိန်တုံးများစွာ …"

 
တစ်ခါတုန်းက အာဖရိကမှာ ဘဝကို ပျော်ရွှင်ကျေနပ် နေတဲ့ လယ်သမား တစ်ယောက်ရှိပါတယ် … ။ အဲဒီလယ်သမားဟာ သူ့ဘဝကို သူကျေနပ်
ပျော်ရွှင်ပါတယ် … ဘာကြောင့်လဲဆိုတော့ သူ့ဘဝလေးကို သူက တင်းတိမ်ရောင့်ရဲ တယ်လေ … အဲဒီလို တင်းတိမ်ရောင့်ရဲ တတ်လို့လည်း ပျော်ရွှင်တာပေါ့ … ။ တစ်နေ့ကျတော့ လူကြီးတစ်ယောက်က သူ့ဆီလာပြီးတော့ စိန်တွေအကြောင်း ပြောပြပါတယ် … ။
လူကြီးက “မင်းမှာသာ လက်မလောက်ရှိတဲ့ စိန်တုံး တစ်တုံး ရှိမယ်ဆိုရင် မင်းဟာ မြို့တစ်မြို့လောက် ပိုင်ဆိုင်နိုင်မယ် … ၊ မင်းမှာသာ လက်သီးဆုပ် လောက်ရှိတဲ့ စိန်တုံး တစ်တုံး ရှိမယ်ဆိုရင် မင်းဟာ ကိုယ်ပိုင် နိုင်ငံ တစ်ခုတောင် ပိုင်ဆိုင်နိုင်လိမ့်မယ် … ” လို့ ပြောပြီး ပြန်သွားပါတယ် … ။

ညလည်းရောက်ရော … လယ်သမားက အိပ်လို့မပျော်တော့ပါဘူး … ၊ နေ့ခင်းက စိန်ဆိုတဲ့ စကား ကို ကြားပြီးကတည်းက မတင်းတိမ် မရောင့်ရဲ နိုင်တော့အတွက် … ပျော်လည်း မပျော်ရွှင် နိုင်တော့ပါဘူး ။ နောက်တစ်နေ့ မနက်လည်း ကျရော သူ့ရဲ့ လယ်ကွင်းတွေကို ရောင်းဖို့ အစီအစဉ် ချပါတော့တယ် … ၊ လယ်တွေလည်း ရောင်းပြီးရော သူ့မိသားစုတွေကို ဂရုစိုက်ဖို့ မှာခဲ့ပြီးတော့ စိန်တုံးတွေ ရှာဖို့ အိမ်က ထွက်ခဲ့ ပါတော့တယ် … ။

အာဖရိက တခွင် နှံ့အောင်လိုက်ရှပေမယ့်လည်း စိန်တုံး တစ်တုံးတစ်လေမှ မတွေ့ပါ၊ ဒါနဲ့ ဥရောပ တခွင်လိုက်လို့ ရှာပြန်ပါတယ် … ဒါပေမယ့်လည်း စိန်တုံးကို မတွေ့ပါ ၊ စပိန်ကိုလည်း ရောက်ရော … သူမှာ ပိုက်ဆံလည်း ပြတ်၊ လူလည်း ပင်ပန်း၊ စိတ်ဓါတ်တွေလည်း ကျနေပြီ … ဘာစီလိုနာမြစ်ထဲဆင်းပြီး သူ့ကိုယ်သူ အဆုံးစီရင်ချင် လောက်အောင် စိတ်ဓါတ်တွေက ကျနေပါတယ် … ။

ဒီလိုနဲ့ နောက်ဆုံး အိမ်ကို ပြန်လာတော့ သူ့ရဲ့ လယ်ကို ဝယ်ထားလိုက်တဲ့သူက သူ့ရဲ့လယ်ထဲမှာ ဖြတ်ပြီး စီးနေတဲ့ စမ်းချောင်းလေးမှာ ကုလားအုတ်တွေကို ရေတိုက်နေပါတယ် … ။ စမ်းချောင်းပေါ်ဖြာကျ နေတဲ့ နေရောင်ခြည်က လယ်ထဲက ကျောက်တုံးလေးတွေကို ထိပြီး အရောင်တောက်နေတာဟာ သက်တံ့ တစ်ခုလို လှပလွန်းပါတယ် … ။
ကျောက်တုံးတစ်တုံးကို ကောက်ပြီးတော့ အိမ်ထဲကိုဝင်လာခဲ့ပါတယ် … ။
နေ့လည်ခင်းလည်း ရောက်ရော သူ့ကို စိန်တုံးတွေ အကြောင်းပြောခဲ့တဲ့ လူကြီးက အိမ်ကို ရောက်လာ ပြီးတော့ အဲဒီအရောင်တလက်လက်
တောက်နေတဲ့ ကျောက်တုံးလေးကို တွေ့သွားပါတယ်။ လူကြီးက အဲဒါ စိန်တုံးပဲ … ကျုပ် စိန်တုံးကို တစ်ခါမြင်ဖူးကတည်းက မှတ်မိတယ် လို့ ပြောပါတယ် … ။
မဟုတ်ပါဘူး … အဲဒါ ကျောက်တုံးပါ … ကျွန်တော် စမ်းချောင်းထဲက
ကောက်လာတာပါ လို့ ပြောပါတယ် … ၊ လာလိုက်ခဲ့ ခင်ဗျားကို ပြမယ် … စမ်းချောင်းထဲမှာ အများကြီး ရှိသေးတယ် လို့ ဆက်ပြောပါတယ် .. ။ သူတို့တွေ စမ်းချောင်းဆီကို သွားပြီးတော့ နောက်ထပ်
ကျောက်တုံးတွေကို ကောက်ပြီး ကျွမ်းကျင်သူတွေကို စစ်ဆေးစေတဲ့ အခါမှာတော့ သေချာတာပေါ့ အဲဒီကျောက်တုံးတွေ
အားလုံးက စိန်တုံးတွေ ဖြစ်နေတယ် … ၊ လယ်ကွင်းတစ်ခုလုံး စိန်တုံးတွေ .. စိန်တုံးတွေ အပြည့်ပါပဲ … ။

ပုံပြင်ကတော့ ဆုံးသွားပါပြီ … ဒီပုံပြင်က ကျွန်တော်တို့ကို ဘာတွေပေးလဲ … နည်းနည်း ဆက်ပြီး စဉ်းစား ကြည့်ရအောင်ပါ …. ။

* တစ်ခါတရံမှာ အခွင့်အလမ်းဆိုတာ တကယ်တော့ လက်တစ်ကမ်းမှာ ရှိတာပါ … အဝေးကြီး လိုက်ရှာစရာ မလိုပါဘူး … အဲဒီအခွင့်အလမ်းကို မြင်တတ်ဖို့ပဲ အရေးကြီးပါတယ် … ။

* ကျွန်တော်တို့က လက်ထဲမှာ ရှိတာထက် သူများဆီမှာ ရှိတာကို ပိုပြီးတော့ ကောင်းမယ် တန်ဖိုး ရှိမယ် ထင်တတ်ကြပါတယ် … ။

* တစ်ခါတစ်လေ အခွင့်အလမ်းက တံခါးခေါက်လာတဲ့ အခါ အဲဒီတံခါးခေါက်တာကို အာရုံနောက် တယ် လို့ ထင်တတ်ကြပါတယ် … ။

* နောက်တစ်ချက်က တူညီတဲ့ အခွင့်အလမ်းက ဘယ်တော့မှ (၂) ခါပြန် ရောက်လာလေ့မရှိပါဘူး … အဲဒီ ရောက်လာတဲ့ တစ်ကြိမ်တခါ ကို အမိအရ ဖမ်းဆုတ်နိုင်ဖို့ လိုပါတယ် … ။ နောက်တစ်ကြိမ်ဆိုတာ ပိုကောင်းရင်လည်း ကောင်းမယ် … ပိုညံ့ရင်လည်း ညံ့မယ် … သေချာတာကတော့ တထပ်တည်းတော့ နောက်တစ်ကြိမ် မလာနိုင်တော့ပါဘူး … ။

တွေးမိတာလေးတွေပါ … စာဖတ်သူများလည်း ဆပွားတွေးကြည့်ကြပါ …
မေတ္တာဖြင့်
credit: အောင်ကိုဦး(UMK)
Credit : http://www.searchmyanmar.com/link/comment/cid/49533/domain/myanmarlatestnews.com

No comments:

Subscribe

လာလည်သူများ

free counters