♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 24, 2015

"စွံပလွံသီးကို စားမယ်ဆိုရင် အကုန်အကျိုးရှိတယ်"


စွံပလွံသီးကို စားမယ်ဆိုရင်(၁) စွံပလွံသီးသည် ကိုလက်စရောဓာတ်ကို များစွာလျော့ချ ပေးနိုင်သည့် အပြင် အဝလွန်သူများအတွက်လည်း ကောင်းမွန်ပါတယ်။ ဗီတာမင်ဓာတ်ကိုလည်း ကြွယ်ဝစေပါတယ်။
(၂) ဗီတာမင် B1, B2, B3 နှင့် B5 တို့ကြွယ်ဝစေသည့် အပြင် ပရိုတိမ်းဓာတ်ကိုလည်း ကြွယ်ဝစေတယ်လို့ ဆိုပါတယ်။
(၃) စွံပလွံသီးသည် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်ကိုလည်း ပေးပါတယ်။ နွားနို့နှင့် တွဲသောက်ပေးပါ။
(၄) စွံပလွံသီးသည် အာရုံကြောများအတွက်လည်း ကောင်းမွန်ပါတယ်။
(၅) သွားများ ဆွေးမြေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၆) စွံပလွံသီးကို ရေဖြင့် သောက်ပေးပါက ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်နိုင် ပါတယ်။

(၇) စွံပလွံသီးသည် ကြွက်သားများကို သန်မာစေနိုင်တဲ့ အပြင် ခန္ဓာကိုယ် သွယ်လျစေချင်သူတို့ အတွက် စားသင့်ပါတယ်။
(၈) အရက်ကြောင့် ဖြစ်သော ရောဂါ ခန္ဓာကိုယ်တွင်း ဖြစ်သော ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။
(၉) အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။  
(၁၀) စွန်ပလွံသီး သုံးလုံးလောက်ကို နို့တဖန်ခွက်နှင့် ရောပြုတ်ပြီးသောက်သုံးပါက အားအင်များပြည့်ဝလာပါ
လိမ့်မယ်။ အမျိုးသားများရဲ့ လိင်စွမ်းအင်ကို ဖြည့်တင်းပေးပြီး အားအင်နည်းပါးနေသည့် လူနာများအတွက်လည်း
အကျိုးရှိပါတယ်။ 
(၁၁) အရိုးအဆစ်ရောင်ခြင်းများအတွက် အရောင်ကျရန် စွန်ပလွံသီးမှည့်ကို ထောင်းချေကာ အုံပေးခြင်းဖြင့် အ
ရောင်ချက်ခြင်းကျစေပါတယ်။ အရိုးအဆစ်လွဲခြင်း အရိုးကျိုးခြင်းဖြစ်လို့ ရောင်ရမ်းနေရင် အရိုးမဆက်မီ အလျင်
အရောင်ချရန် အထက်ပါနည်းကို အသုံးပြုကြပါတယ်။



Credit : http://www.yoyarlay.com/health/health/medication/40398-2014-03-26-08-07-08.html

No comments:

Subscribe

လာလည်သူများ

free counters