♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 27, 2015

တယ်လီနောကလည်း အင်တာနက်အသုံးပြုခများ လျှော့ချ


ရန်ကုန် မေ ၂၆

တယ်လီနောမြန်မာလီမိတက် (တယ်လီနော) က ၄င်း၏ အင်တာနက်အသုံး ပြုမှုအတွက် ဈေးနှုန်းအသစ်ကို ယနေ့တွင် စတင်ကြေညာသည်။



မေ ၂၇ ရက်မှ စတင်၍ တယ်လီနော၏ MyInternet ဈေးနှုန်းကို ယခင် 1MB ကို ခြောက်ကျပ်မှ ငါးကျပ်သို့လည်းကောင်း၊ 2Mbps အထိရရှိနိုင်သော Smart Internet ဈေးနှုန်းကို ယခင် 1 MB ကို ၁ဝ ကျပ်နှုန်းမှ ယခုအခါ ခြောက်ကျပ် ဈေးနှုန်းသို့လည်းကောင်း ပြောင်းလဲလိုက်သည်။

MyInternet အတွက် အပတ်စဉ်သုံးနှင့်လစဉ်သုံး ပက်ကေ့ခ်ျများမှာ 110 MB အတွက် ငွေကျပ် ၅ဝဝ ကျသင့်မည်ဖြစ်ပြီး 500 MB အတွက် ငွေကျပ် ၁၉ဝဝ ကျသင့်မည်ဖြစ်သည်။ Smart Internet အတွက် ပက်ကေ့ခ်ျ နှစ်မျိုးရှိပြီး 1250 MB အတွက် ငွေကျပ် ၆၆ဝဝ ကျသင့်မည်ဖြစ်ပြီး 2400 MB ငွေကျပ် ၁၁၉ဝဝ ဖြစ်ကြောင်း သိရသည်။

MyInternet မှာ တယ်လီနောဆင်းကတ်စတင်အသုံးပြုသူတိုင်းအတွက် အဆင်သင့် အသုံးပြုနိုင်သော အင်တာနက် ဈေးနှုန်းအမျိုးအစားဖြစ်ကြောင်း၊Smart Internet သို့ ပြောင်းလဲအသုံးပြုလိုလျှင် 500 သို့ smart ဟု မက်ဆေ့ခ်ျ ပို့ရမည်ဖြစ်ကြောင်း၊ သုံးစွဲသူများအနေဖြင့် ၄င်းတို့အသုံးပြုသည့်အတိုင်းသာ ပေးဆောင်ရမည်ဖြစ်ပြီး သုံးစွဲသူများသုံးစွဲရမည့် ကာလအတွင်း မည်မျှသုံးစွဲပြီး ကြောင်းကို တယ်လီနောက အကြောင်းကြားပေးမည်ဖြစ် ကြောင်းသိရသည်။

(မြန်မာ့အလင်း)

No comments:

Subscribe

လာလည်သူများ

free counters