♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 30, 2015

"ဂျန်နီဖာအန်နစ္စတန်လို ကိုယ်အလေးချိန်ထိန်းချင်သလား။ ဒါကိုဖတ်ပါ"

 
ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသမီး ဂျန်နီဖာအန်နစ္စတန်ဟာ အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အခုချိန်ထိ သွယ်လှတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ပြေပြစ်တဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ခန္ဓာကိုယ်အလေးချိန် ဘယ်လိုထိန်းသိမ်းထားခဲ့လဲ ဆိုတာ နောက်ဆုံးတော့ သူမက ပြောပြလိုက်ပြီဖြစ်ပါတယ်။
သူမရဲ့တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံကို အင်စတာဂရမ်လူမှုကွန်ယက်မှာ တင်ပြီး လျှို့ဝှက်ချက်ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူမစားသောက်တဲ့ မနက်စာဟာ
ရိုးရှင်းလွန်းတာကိုတွေ့ရမှာဖြစ်ပါတယ်။ ကြက်ဥအနှစ်ဖောက်ပြီးကြော်ထားတာကို အညိုရောင်ပေါင်မုန့်တစ်ချပ်နဲ့ တွဲပြီးစားသုံးပါတယ်။ ဒါ့အပြင် ခရမ်းချဉ်သီးတစ်လုံးရယ်၊ ထောပတ်သီး အနည်းငယ်ရယ်ကိုလည်းမနက်စာအဖြစ် ဂျန်နီဖာအန်နစ္စတန်က စားသုံးလေ့ရှိပါတယ်။ နေ့လည်စာအတွက်တော့ သခွားသီး၊ မုန်လာဥ၊ ကြက်သွန်နီ၊ ပူစီနန်၊ ကုလားပဲစေ့၊ ထောပတ်နဲ့ ပဲစိမ်းတို့ပေါင်းစပ်ပြီး ကြော်လှော်စားသုံးလေ့ရှိတယ်လို့ သူမကဖွင့်ဟခဲ့ပါတယ်။
ထူးခြားတာက ဂျန်နီဖာအန်နစ္စတန်ဟာ ကိုယ်ပိုင်ကြက်ခြံတစ်ခု မွေးမြူထားပြီး အဲဒီကြက်ခြံထဲက ထွက်တဲ့ ကြက်ဥကိုသာ စားသုံးလေ့ရှိပါတယ်။ သူမကြွက်သားတင်းတင်းရင်းရင်းဖြစ်အောင် လေ့ကျင့်ခန်းပြုလုပ်တဲ့ အသေးစားအလေးမပစ္စည်းတွေကိုလည်း လူမှုကွန်ယက်ပေါ်တင်ပြီး ပြသခဲ့ပါတယ်။ ဂျန်နီဖာအန်နစ္စတန်ဟာ ဒီအသက်အရွယ်ထိ သွယ်လျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပေမယ့် အစားအသောက်ကို နည်းပါးစွာ စားသုံးသူ မဟုတ်ပါဘူး။ တစ်နေ့ကို အနည်းဆုံးသုံကြိမ်ကနေ ငါးကြိမ်အထိ စားသုံးတယ်လို့ သူမရဲ့ကြံ့ခိုင်ရေးနည်းပြဆရာက ပြောပါတယ်။
ဂျန်နီဖာအန်နစ္စတန်ရဲ့ တနေ့တာ အစားအသောက် စားသုံးမှုကို ကြည့်ခြင်းအားဖြင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေဟာ အစားလျှော့စားဖို့ထက် နေ့စဉ်အာဟရမျှတဲ့ အရာတွေကို စားသုံးပြီးလေ့ကျင့်ခန်း လုပ်နိုင်ဖို့က ပိုအရေးကြီးကြောင်း တွေ့ရပါတယ်။





(ရောသမ အတွေ့အကြုံလေးပြောပြမယ်နော်... 
အဆီအဆိမ့်တွေလျော့စား...အစာကိုပုံမှန်စား နဲနဲ လျော့စား
ပေါ့..ပန်းကန် အမောက်ကြီး မစားနှင့် တနေ့သုံးကြိမ်စား..နဲနဲစီစား...ရေများများသောက်..လမ်းလျှောက်...
အဲဒါပါပဲ များများစားစားလုပ်စရာ ရှောင်စရာမလိုပါဘူး.... အဆီတက်မယ့် ဆီအမျိုးအစားကို မဝယ်စားနှင့်..
လေ့ကျင့်ခန်း လုပ်ချင်ရင် နံရံကြီးကြီး နံရံကျယ်ကျယ်ကို အဝတ်နှင့် တိုက်ပေး...လက်နှစ်ဖက်ထဲမှာ အဝတ်စုတ်
အစ တစ်ဖက်စီကိုင်ပါ...နံရံကို လက်နှစ်ဖက်နှင့် ပွတ်သလိုလုပ်ပါ..အထက်ကိုလဲ လက်တွေ အစွမ်းကုန် မြှောက်
ပြီးမှီနိုင်သလို ပွတ်ပေး ဘေးဖက်ကော အောက်ဖက်ကော ...ကနေသလိုမျိုးပေါ့...ပွတ်ရင်း အထိုင်အထလေးလို
အောက်ဖက်ကို တိုက်ရင်ဖြစ်သွားမယ်..ဘေးဖက်ကို ဆန့်ကားပြီးတိုက်တော့ လက်မောင်းနှင့်ခါးက သေးသွယ်မယ်...အပေါ်ကို ဆန့်တော့ တကိုယ်လုံး သေးသွယ်ကျစ်လစ်မယ်....အောက်ကို
တိုက်တဲ့အခါ ခြေသလုံးတွေ ပေါင်တွေ အားရှိမယ် အဲ့ဒီလိုပေါ့... စမ်းကြည့်ပါ....)
 

Credit : like emoticon ကျန်းမာရေး     
Credit : http://www.searchmyanmar.com/click/Health#content-50708
PlanetMyanmar

No comments:

Subscribe

လာလည်သူများ

free counters