♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 26, 2015

" ယောက်ျားတွေက အမျိုးသမီးတွေကို ပထမဦးဆုံး သတိပြုမိကြတဲ့ အချက် (၉)ချက်"

(၁) အပြုံးပန်း။ 

Things Men Notice First about a Woman
အပြုံးလေးတွေက စွဲမက်ဖို့ ကောင်းစေတဲ့ အချက်လေး တစ်ချက်ပါ။


(၂) မျက်လုံးလေး။  

Eyes
ညှို့အားသန်တဲ့ ချစ်စဖွယ် အကြည့်လေးတွေက ကိုကိုတို့ရဲ့ ရင်တွေကို မြေငလျင်တွေ ဆယ်စ
ထက်ပိုအောင် လှုပ်ရှားစေတဲ့ အချက်လေးပါ။ မမတို့အနေနှင့် မှန်ထဲမှာ အကြည့်လေးတွေ ကို ဘယ်လိုကြည့်ကြရမယ်ဆိုတာကို အရင်ဆုံး လေ့ကျင့်ထားကြပါ။

(၃) ဆံကေသာ။

Hair
 မမိတို့ရဲ့ ပြင်ပြင်ဆင်ဆင်ရှိလှတဲ့ ဆံပင်ပုံစံလေးတွေဟာ မောင်တို့ရဲ့ ရင်နှစ်မွှာ ကို ရစ်ပတ်
ထားသည့်အလား စွဲမက်စေစရာ အကြောင်းလေးတရပ်ပါ။ ရနံ့မွှေးတဲ့ ခေါင်းလျှော်ရည်ကိုသာ
သုံးထားမယ်ဆိုရင်တော့ မောင့်နှလုံးတွေ ဆူပွက်ကာ မွှေးမွှေးပေးချင်တဲ့ ဆန္ဒတွေ လွန်ကဲလာ
တတ်ပါတယ်..ဟီးဟီး။ အဲ့အကြောင်းအရာလေးတွေကလဲ သတိပြုဖွယ်ရာလေး တစ်ရပ်ပါပဲ။


(၄) အပိန် အဝ။


Weight
 အပိန်အဝ ကိုယ်ခန္ဓာအရွယ်အစား ဝိတ်အလေးချိန်ကိုလဲ မောင်တို့တွေက ချက်ချင်း သတိထားမိကြတယ်လေ။  သွယ်သွယ်လျလျပျိုနှမဆိုရင် ကြည့်နေရလွန်းလို့ မျက်စိတွေ မညောင်းနိုင်ပါဘူး။ ဂယ်ပြောတာ။ အချိုးအစား ပျေပျစ်သွယ်လျခြင်းဟာလဲ မောင်တို့တွေ သတိ
ထားမိစရာအကြောင်းရင်း တစ်ရပ်ပါ။

(၅) အရပ် အနိမ့် အမြင့်။

Chest
မမတို့ရဲ့ အရပ်အနိမ့် အမြင့်ဟာလဲ မောင်တို့တွေအတွက် စိတ်ဝင်စားဖွယ်ရာ တစ်ရပ်ပါ။ ဒေါင်ကောင်းရင် အလှတွေတိုးပြီးသား။ မိန်းကလေးတစ်ယောက်ကို မြင်မြင်ခြင်း အရပ်ကို သတိထားမိကြတာများတယ်။ အရပ်မမြင့်ဦးတော့ အပြုံးလေး၊ အကြည့်လေးတွေကပဲ
မောင်တို့တွေရဲ့ စိတ်ကို ဆွဲယူလှုပ်ရမ်းစေတာများပါတယ်။  

(၆) ဆေးဆိုးပန်းရိုက်။

How fake are you
မျက်နှာမှာ အပြင်အဆင်တွေလုပ်ထားတာတွေကိုလဲ မောင်တို့တွေက ချက်ချင်း သတိထားမိတတ်ကြပါတယ်။ မိတ်ကပ်တွေ မညီမညာလိမ်းတာ၊ အထူကြီးလိမ်းတာ၊ အပိုလွန်
ကဲမှုတွေများရင် တမျိုးပေါ့။ ရုပ်ရည်နှင့်လိုက်ဖက်မှုရှိအောင် အမြင်မရိုင်းအောင် လိမ်းဖီး ပြင်ဆင်
ထားတာတွေက မောင်မောင်တို့ကို ဖမ်းစားလိုက်သလို ခံရလို့ မမေ့နိုင်တဲ့ သတိရခြင်းကို ဖြစ်
ပေါ်စေပါတယ်။

(၇) ခြေထောက် ခြေတံ။

Legs

မောင်မောင်တို့က မမတို့ရဲ့ ခြေထောက်ခြေတံကို လူကိုမြင်မြင်ခြင်း မသိမသာ အကဲခတ်ကြည့်မိကြပါတယ်။ မမတို့ရဲ့ ခြေတံလေးတွေက သွယ်ဆင်းဝင်းလှ အချိုးကျနေရေင်
တော့ အထိန်းရဲ့ ခက်တဲ့ မောင်မောင်..ဟိဟိ။ ခြေတံလေးတွေမလှရင် သိုသိုဝှက်ဝှက်လေး
ထားသင့်တာပေါ့။

(၈) အသားအရည်။

Skin
မမတို့ရဲ့ အသားအရည်လေးကို မောင်မောင်တို့တွေက မြင်မြင်ခြင်း သတိထားမိကြပါတယ်။ အသာလေး မျက်လုံးကစားပြီး ကြည့်မိတတ်ပါတယ်။ အသားအရည်ကို စိုစိုဖတ်ဖတ်လေး ရှိနေ
အောင် ခရင်မ်တွေကို ရပ်ရွာဒေသနှင့်အညီ လိမ်းပေးသင့်တာပေါ့။ အသားတွေမွှဲနေရင်တော့
တမျိုးပေါ့လေ။ စိုစိုဝင်းဝင်းဆိုရင်တော့ အဟင်း အဟင်းဆိုပြီး သဘောတကျကျပေါ့။

(၉)  ဝတ်စားဆင်ယင်မှု။

Dressing style
မမတွေရဲ့ ဝတ်စားဆင်ယင်မှုဟာလည်း မောင်မောင်တွေသတိပြုစရာ အကြောင်းရင်းတရပ်ပါ။ လှလှပပ၊ ရိုးရိုးယဉ်ယဉ်၊ ဆန်းဆန်းပြားပြား၊ ဘယ်လိုဝတ်ဝတ် သူ့အရပ်ဒေသ သူ့ယဉ်ကျေးမှု
နှင့် ကိုက်ညီနေရင် အကြိုက်တွေချည်းပဲ။

အားလုံးသော ချစ်မိတ်ဆွေများကို ရောရောသမမွှေမှ အထူးကျေးဇူးတင်ပါတယ်.....




Ref: amerikanki.com
မှ ပုံနှင့် ခေါင်းစဉ်ကို မီငြမ်းကာ ရောရောသမမွှေမှ စာရေးတင်ဆက်ထားခြင်းဖြစ်ပါတယ်..................

No comments:

Subscribe

လာလည်သူများ

free counters