♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 26, 2015

"လေဖြတ်ခြင်းမှ ကာကွယ်နိုင်အောင် "

myanmar beauty website 
   myanmar beauty website
သင်ရဲ့ကိုလက်စထရောကို ပိုမှန်အဆင့်ရောက်အောင် ထိန်းထားနိုင်တာကြောင့် လေဖြတ်တာကို ကာကွယ်နိုင်တယ်လို့ သင်ထင်နေပါသလား။ နယူးယောက်တက္ကသိုလ်မှ သိပ္ပံပညာရှင်တွေလေ့လာမှုအရ ကိုလက်စထရောဟာ လေဖြတ်တာအပေါ် ဘယ်လိုမှ အကျိုး သက်ရောက်မှုမရှိကြောင်း သိရပါတယ်။  လေဖြတ်တာဖြစ်စေတဲ့ အဓိကအကြောင်း ရင်းဟာ ထရိုင်ဂလစ်စရိုက်အဆီကြောင့် ပါ။ သွေးတွင်း ထရိုင်ဂလစ်စရိုက်အဆင့် ကို ပုံမှန်ဖြစ်အောင် ထားနိုင်မယ်ဆိုရင် လေဖြတ်နိုင်ခြေ ထက်ဝက်ခန့် လျှော့ချ နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အောက်ပါအတိုင်း ပြုလုပ်ပါ။


၁။ ဗီတာမင်အီး မှီဝဲပါ
မကြာခင်က လေ့လာမှုအရ Tocoterienols အမျိုးအစား ဗီတာမင်အီးကို နေ့စဉ် ၁၂ဝ မီလီဂရမ် မှီဝဲတာကြောင့် အသည်း၊ အူနဲ့ အဆီဆဲလ်တွေမှ ထရိုင် ဂလစ်စရိုက် (TG) ထုတ်လုပ်မှု နှေးကွေး သွားပြီး အဆင့် ၂၈ ရာခိုင်နှုန်း ကျ ဆင်းနိုင်တယ်လို့ သိရပါတယ်။ Tocoterienols  ဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်ဖြစ်တာကြောင့် အ စာမရှိဘဲ မှီဝဲမယ့်အစား အစာနဲ့အတူ မှီ ဝဲရင် စုပ်ယူနှုန်း နှစ်ဆခန့် မြင့်မားနိုင်ပါ တယ်။

၂။ လက်ဖက်ရည်ကြမ်း (White Tea) သောက်ပါ
လက်ဖက်ပင် White Tea ဖြစ် အောင်ပြုလုပ်ရာမှာ လုပ်ရတဲ့လုပ်ငန်းစဉ် နည်းတာကြောင့် အပင်ဒြပ်ပေါင်းရဲ့ အ ကျိုးအာနိသင်တွေ ပိုမိုရရှိကာ အသည်း အတွက် အာဟာရဖြစ်စေပြီး ထုတ် လုပ်မှုကိုလည်း စိစစ်ပေးနိုင်ပါတယ်။ နေ့ စဉ် ၁၆ အောင်စခန့် White Tea သောက်တာကြောင့် ၂၄ နာရီအတွင်း TG  မြင့်တက်မှုကို ရပ်တန့်စေနိုင်ပါ တယ်။ ဆိုဒါပါဝင်တဲ့ အချိုရည်တွေ အများကြီး သောက်သုံးတတ်သူတွေ အနေနဲ  White Tea ကို သောက်သုံး သင့်ပါတယ်။ ခန္ဓာကိုယ်မှ ဆိုဒါကို စုပ်ယူ မှုမြန်ဆန်ပြီး  TG အဆင့်တွေ မြင့် တက်လာတာကို White Tea မှ ညတွင်း ချင်း ပြန်လည် လျှော့ချနိုင်ပါတယ်။

၃။ ပဲမုန့်စားပါ
ပဲပိစပ်မှာ ပါဝင်တဲ့ အပင်ဒြပ်ပေါင်း Isoflavones တွေဟာ အသည်းနဲ့ အ ဆီဆဲလ်အတွင်း  ထုတ်လုပ်မှုကို ကန့် သတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ပဲလှော် လက်တစ်ဆုပ်စာ ဒါမှမဟုတ် ပဲဟင်းကို နေ့တိုင်းစားတာကြောင့် ခြောက်ပတ်အ ကြာမှာ TG အဆင့် ၁၂ ရာ ခိုင်နှုန်းအထိ ကျဆင်းနိုင်တယ်လို့ ကနေဒါမှ လေ့လာ  မှုအရ သိရပါတယ်။

၎။ လေ့ကျင့်ခန်း လုပ်ပါ
လေ့ကျင့်ခန်း  လုပ်တာကြောင့် ကြွက်သားတွေ အလုပ်ပိုလုပ်ရပါတယ်။ ကြွက်သား တွေ အလုပ်ပိုလုပ်နိုင်ဖို့ လောင်စာ အဖြစ် အဆီတွေလိုအပ်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းကို နေ့စဉ်မိနစ် ၃ဝ ပုံမှန်ပြုလုပ်ရင် အဆီတွေ မြန် မြန်လောင်ကျွမ်းပြီး ညတွင်းချင်ွးွှ အဆင့် ၁၅ ရာခိုင်နှုန်း ကျ ဆင်းသွားနိုင်ပါတယ်။

သင်ဟာ ထိုက်ချိ၊ ယောဂ၊ ရေကူးတာ ဒါမှ မဟုတ် စကားတပြောပြောနဲ့ လမ်းလျှောက်တာလိုမျိုး ခန္ဓာ ကိုယ်မှ ချွေးမထွက်တဲ့ လေ့ကျင့်ခန်း အမျိုးအစားကို ရွေးချယ်မယ်ဆိုရင် အကျိုးကျေးဇူးနှစ်ဆ ပိုရနိုင်တယ်လို့ ဂျု့တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ လေ့ကျင့်ခန်း အပြင်းအထန်လုပ် တာကြောင့် အဆီစာနဲ့ ကာဗိုဟိုက်ဒရိတ် စာတွေ စားချင်စိတ်များအောင် လှုံ့ဆော် နိုင်ပြီး သင်လောင်ကျွမ်းသွားတဲ့ အဆီထက် ကယ်လိုရီပိုပြီး အစာတွေ စားသုံးမိကာ ပိုလျှံနေတဲ့ အစာတွေဟာ သွေးကြော တွေ ပိတ်ဆို့နိုင်တဲ့  TG ဖြစ် ခန္ဓာ ကိုယ်တွင်းမှာ စုဆောင်းမိနိုင်ပါတယ်။


၅။ ထိုင်ရာမှ မကြာခဏ မတ်တပ်ရပ် ပါ
သင့်အလုပ်စားပွဲပေါ်မှ တစ်နာရီတစ်ခါ တစ်မိနစ်လောက် လမ်းထလျှောက်တာကြောင့် သင်ထိုင်ခုံပေါ်မှာအကြာကြီး ထိုင်နေတာထက် သင်ရဲ့ TG အဆင့် သိသိသာသာကျဆင်းနိုင် တယ်လို့ သြစတြေးလျမှ လေ့လာမှုအ သစ်အရ သိရပါတယ်။ မကြာခဏ ထပြီး လှုပ်ရှားမှုလုပ်တာကြောင့်ွှ တွေကို ထိန်းချုပ်ဖို့  အလွန်အကျိုးရှိတယ်လို့ ဆို ပါတယ်။ များများရွေ့လျားနိုင်ဖို့ လိုအပ် တဲ့လောင်စာအတွက်ွှ တွေ ပိုမို လောင်ကျွမ်းရလို့ပါ။

၆။ ဟင်းခတ်အမွှေးအကြိုင်ကို အသုံး ပြုပါ
သင် စားတဲ့ ဟင်းတွေ၊ အထူးသဖြင့်ဆီပြန်ဟင်းတွေထဲမှာ ဂျင်း၊ ကြက်သွန်ဖြူ၊ သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊နံနံပင်၊ ဇီယာ အစရှိတဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်း အများအပြားပါဝင်တဲ့ ဟင်းခတ်အမွေးအကြိုင် မဆလာတွေကို အသုံးပြုရင် အဆင့် ၃၃ ရာခိုင်နှုန်း ကျ ဆင်းနိုင်တယ်လို့ ပန်ပြည်နယ်မှ သုတေသီတွေက  အကြံပေးထားပါတယ်။



Ref : Good Health

Credit : papawaddy.com

No comments:

Subscribe

လာလည်သူများ

free counters