♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 25, 2015

" ဒေါ်လာသန်းတန်တဲ့ စိန်စီ ဘရာဇီယာ " မောင် က မေ့အတွက် ဝယ်ပေးမလို့ပါ....ဟီး


victorias-secret-dream-angel-fantasty-bras-2014
Alessandra and Adriana
၂၀၁၄ ရဲ့ Victoria's Secret Fantasy Bras ဗစ်တိုးရီးယား စီခရက် ဖဲန်တာစီ ဘရာ ဖက်ရှင်ရှိုးပြပွဲမှာ အမြဲပြ
နေကျအတိုင်း ကျောက်မျက်ရတနာတွေနှင့် စီချယ်ထားတဲ့ ဘရာဇီယာဝတ်ပြခြင်းလဲ ပါပါတယ်။ ဒီနှစ်တော့ မော်
ဒယ်တစ်ဦးတည်းဝတ်ပြတာ မဟုတ်တော့ပဲ နှစ်ဦးက ဝတ်ပြမှာဖြစ်ပါတယ်။ လန်ဒန်မြို့မှာပြသမှာဖြစ်ပါတယ်။

ဒီနှစ်မှာ ပထမဦးဆုံးအနေနှင့် မော်ဒယ်နှစ်ဦးဖြစ်ကြတဲ့ Alessandra Ambrosio နှင့် Adriana Lima တို့ဟာ
တစ်ဦးနှင့် တစ်ဦး ဘေးချင်းယှဉ်လို့ လမ်းလျှောက်ကာ ပြသကြမှာဖြစ်ပါတယ်။ ဘရာအပြင် သူတို့ကိုယ်တွေမှာ
ကျောက်မျက်ရတနာတွေရွှေတွေနှင့် စီမံထားတဲ့ အလှအပတွေကိုလဲ ဝတ်ဆင်ထားကြရမှာဖြစ်ပါတယ်။
ဘရာဇီယာ တစ်ထည်(တစ်ခု)ကို ဒေါ်လာနှစ်သန်းစီတန်ပါတယ်။ ဘရာဇီယာမှာ စိန်မျိုးစုံ၊ ပတ္တမြား၊ နီလာတို့ဖြင့် ကျောက်အလုံးရေ (၁၆၀၀၀) ပါဝင်ပါတယ်။ ဘရာဇီယာအပြင် ခါး၊ လက်မောင်း၊ လက်၊ လည်ပင်းနှင့် ခြေထောက်တွေမှာလည်း ရတနာကျောက်မျက်တွေစီချယ်ထားတဲ့ အလှအပတွေကို ဝတ်ဆင်ရမှာ
ဖြစ်ပါတယ်။  

victorias-secret-diamond-dream-bra-2014 

alessandra-ambrosio-dream-angels-diamond-bra-2014 
 ညည်းကတော့အေ..ငါ့သားလေးကို စိတ်ဖောက်အောင်လုပ်နေပြီ... 
ဘရာနှင့်အတူ ညည်းကိုပါ အိမ်ခေါ်တင်ပြီး ချွေးမတော်ပစ်မှာ ဟွင်း....

ဒါကတော့ Victoria's Secret Fantasy ရှိုးမှာ အရင်ကပြသခဲ့တဲ့ စိန်တွေစီချယ်ထားတဲ့ ဘရာဇီယာပါ။ (၈) ကာရက် နှင့် (၁၄) ကာရက် စိန်ဖြူ၊ စိန်ဝါများနှင့် စီမံထားတဲ့ ဘရာဖြစ်ပါတယ်။ စိန်လုံးရေ (၃၄၀၀) ရှိပါတယ်။
အမေရိကန်ဒေါ်လာ ၂.၅ သန်းတန်ပါတယ်။  

Miranda Kerr 

Flawless: Miranda Kerr models the 270-carat Fantasy Treasure Bra
မော်ဒယ် မီရန်းဒါ ကား က ၂၇၀ ကာရက် ရှိတဲ့ ဖန်တာစီ ရတနာဘရာကို ဝတ်ထားပုံ
နောက်နှစ်ယောက်ကတော့
Adriana Lima shows off the  VICTORIA'S SECRET 2008 BLACK DIAMOND FANTASY MIRACLE BRA
Supermodel Karolina Kurkova looks stunning in the bra every woman wants for Christmas - a snip at  3.5million
Adriana Lima (ဝဲ) က Black Miracle Fantasy Bra ကို ၂၀၀၈ ခုနှစ်က ဝတ်ဆင်ထားပုံ။ Karolina Kurkova (ယာ)က ဒေါ်လာ ၃.၅ သန်းတန်ဘိုးရှိတဲ့ Hearts on Fire Diamond Fantasy Bra ကို ၂၀၀၆ ခုနှစ်ကဝတ်ဆင်ထားပုံ။ 
1-million-dollar-bra-at-birmingham-estate-and-jewelry.jpg
 ဒေါ်လာတစ်သန်းတန်ဘိုးရှိတဲ့ Victoria’s Secret  ဘရာဖြစ်ပါတယ်။ ရွှေနှင့် စိန်အစစ်တွေနှင့် စီမံထားတာ
ဖြစ်ပြီး စိန်တွေက ၅၀၀ ကာရက်ရှိပါတယ်။ တစ်နှစ်နီးပါး ပြုလုပ်ယူရပါသတဲ့။ 

သူလေးကတော့ တောင်အာဖရိကသူလေး Candice Swanepoel ဖြစ်ပါတယ်။ သူဝတ်ဆင်ထားတဲ့
Victoria’s Secret ဘရာက ဒေါ်လာ ဆယ်သန်း တန်ပါတယ်တဲ့။
                                        Candice Swanepoel $10 million Bra
ချစ်မိတ်ဆွေများ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..
 ((ရောရောသမမွှေ))



No comments:

Subscribe

လာလည်သူများ

free counters