♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 26, 2015

" နှင်းခူရောဂါအတွက် သဘာဝဆေးနည်း "



 

 နှင်းခူရောဂါအမျိုးမျိုး ဖြစ်ပွါးပါက အောက်ပါသဘာဝဆေးနည်းဖြင့် ကုသနိုင်ကြပါတယ်
(လိမ်းဆေးအတွက်)
(၁) ထိကရုံးပင်(ကုန်းထိကရုံး)၏ ပဉ္စငါးပါးကို နေရိပ်တွင် အခြောက်လှန်း၍ ကျွမ်းနေအောင် လျှော်ပါ။
(၂) လျှော်ပြီးလျှင် အမှုန့်ထောင်း၍ လေလုံသည့်ပုလင်းတွင် ထည့်ထားပါ။
(၃) ၄င်းအမှုန့်ကို အုန်းဆီနှင့်ဖျော်၍ နှင်းခူပေါ်ကို မနက်၊ ည တစ်နေ့(၂)ကြိမ် လိမ်းပေးပါ။ တစ်ပတ်ခန့်လိမ်းပေးပါက ပျောက်ကင်းပါမည်
(သောက်ဆေး၊စားဆေးအတွက်)

(၁) နှမ်းစေ့၊ ပင်စိမ်းစေ့၊ထန်းလျက်တို့ကို ဆတူရောကြိတ်၍ ပျားရည်နှင့်နှယ်ပြီး ကွမ်းသီးလုံးခန့် လုံးထားပါ။
(၂) ၄င်းဆေးလုံးကို မနက်၊ည တစ်နေ့(၂)ကြိမ် ရေနွေးဖြင့် သောက်ပါ။
တစ်ပတ်ခန့် သောက်လျှင် နှင်းခူရောဂါအမျိုးမျိုး ပျောက်ကင်းစေပါသည်။
အလွန်ရိုးရှင်းလွယ်ကူးပြီး ထိရောက်စွာ ပျောက်ကင်းစေသည့် ဒီသဘာဝဆေးနည်းလေးကိုလည်း သင့်မိတ်ဆွေများအတွက် Share ပေးနိုင်ကြပါသည်
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးဖက်ဝင
်အပင်များ





Credit :  ကျန်းမာရေးသတင်းများ

No comments:

Subscribe

လာလည်သူများ

free counters