♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 26, 2015

" မင်းအကြောင်းတွေးရင်းးးး ယင်းထလာလို့.... ကဗျာ တပုဒ် ထုလုပ်ထားတယ်... ချစ်သူရယ်..."

 
ငါ့ အနမ်းတွေက
ပန်းတွေလိုပဲ...
လန်းချိန်မှာ လန်းလို့ပေါ့...
ဒါပေမယ့် နွမ်းချိန်မှာ နွမ်းမှာတော့စိုးတယ်...မင်းအတွက်

ဗရမ်းဗတာ ပွင့်နေတဲ့ ပန်းတောထဲမှာ
လန်း ခဲ့ ဖူးပါတယ်။။။။။
ကြမ်းခဲ့ ဖူးတယ် ရမ်းခဲ့ဖူးတယ်။။။။။
ဒါပေမယ့် ခုထိ တော့ မင်းကိုပဲ လွမ်းတယ်

ဘယ်လို လုပ်ရမလဲ...သည်းသည်း မဲမဲ
စွဲ လမ်းခဲ့ဖူးတဲ့ လမ်းတွေကို....
ငါက ခုဆို....
တယောက်ထဲ လျှောက်ရတော့မှာပေါ့.....

ဥယျဉ်ထဲက ပန်းတွေကို...
နမ်းမဲ့ သူလဲ မရှိတော့ဖူးးးး
ရူးနေပြီကွယ်......
......

ဟေ့...ဆေးပြားလေး မြိုလိုက်စမ်းကွာ....
ရတယ် ဆရာ ....
သူ့ကို မေ့ရင် ပြီးရော....မီးတောက် ထဲ ပျော်ဆိုလဲ ပျော်..မယ်....

ဟေ့...
ခုမှ သန်းခေါင် ပဲ ရှိသေးတယ်။....
ခလေးမရယ်....
နောက်တထုပ်လောက် ဖောက်လိုက်ဦး..ဟ

ဒီလိုနဲ့
ပျော်သလိုပဲ....
ဒီညအဖို့ ...ငါ အိပ်လိုက်တယ်.....

ဟေ့..ဒီမှာ...
လောင်ကျွမ်းနေတာ...
နင်တယောက်ထဲ မဟုတ်ဖူးတဲ့...
ကောင်းကင်ကြီးက ၀တ်စလစ်နဲ့ ငါ့ကို လှမ်းခေါ်တယ်....

ဒီ မသိချင်ယောင် ဆောင်နေတဲ့ လောက ကြီးကလဲ...
တခါတလေ...မကြား တချက် ကြားတချက်ရယ်..

မင်းသိလား....
နှစ်ယောက်ထဲ ရှိခဲ့တဲ့...တခါက..
ကြယ်ကြွေညလိုပေါ့.....

မင်းသိလား...နှင်းဆီ
မင်းရဲ့  ရနံ့ က
ညမှမွှေးတဲ့ ပန်းထက် အများကြီးသာတယ်

မင်းအကြောင်းတွေးရင်းးးး
ယင်းထလာလို့....
ကဗျာ တပုဒ် ထုလုပ်ထားတယ်...
ချစ်သူရယ်....
အဲဒီထဲ မှာလေ..ငါ့...နှလုံးသားတ၀က် တိတိတောင် ပါသေးတယ်

လင်းနေကို (2009 sept 06 2:00 AM) 




Credit : http://www.lynnnayko.com/2009/04/blog-post_5757.html

No comments:

Subscribe

လာလည်သူများ

free counters