♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 21, 2015

" အတတ်ဆန်းထွင်တဲ့ သတို့သမီး အခန့်မသင်တော့ ခင်ပွန်းလောင်းရဲ့ စွန့်ခွာခြင်းခံရ"

တရုတ်ပြည်မှာ ဖြစ်ပါတယ်။ သတို့သမီး နဲ့ သတို့သား ဖြစ်လာတော့မယ့် ချစ်သူ နှစ်ဦးဟာ မင်္ဂလာအကြို ဓာတ်ပုံ (Pre Wedding Photo) ရိုက်ဖို့ တွေ့ကြပါတယ်။ ယင်းနေ့မှာ အမျိုးသမီးဟာ အဖွားအို ပုံစံ ပြင်ဆင်ထားတဲ့ မိတ်ကပ်နဲ့ ရောက်လာသတဲ့။

ကောင်လေးက ကောင်မလေးကို အသက် ၇၀ကျော် လို့ အဖွားအို ဖြစ်သွားလည်း ချစ်မယ်လို့ ပြောခဲ့ဖူးကြောင်း ဆိုပါတယ်။ ဒါနဲ့ romantic သိပ်ဆန်ချင်တဲ့ မိန်းခလေးက အဖွားကြီးပုံစံပေါက်အောင် မျက်နှာကို ခြယ်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ထင်မှတ်မထားပါဘူး။ မိတ်ကပ်ဆိုတာ မိန်းကလေး တစ်ယောက်အတွက် မျက်လှည့်တစ်ခုလေအလား။ နဂိုမူလ အလှမရှိတော့တဲ့ မျက်နှာကို မြင်ပြီး ကောင်လေးဟာ ကောင်မလေးနဲ့ စကားတွေများလို့ ရန်ဖြစ်ပြီး ထားပစ်ခဲ့ ပါတယ်။
ကောင်လေးဟာ ကောင်မလေးကို ဓာတ်ပုံအရိုက်ခံဖို့အတွက် မိတ်ကပ်တွေ ပြန်ပြင်ဖို့ တောင်းဆိုပါတယ်။ ဒါပေမယ့် ပြောဆိုမှုမှာ အမျိုးသားရဲ့ စိတ်မရှည့်တော့မှုတွေ၊ မလိုလား မနှစ်သက်မှုတွေ ပါနေတယ် ထင်ပါတယ်။ စကားပြော tempo တွေ မြင့်သွားပြီး ချက်ချင်းပဲ ကောင်မလေးကို ထားခဲ့ လမ်းခွဲခဲ့ ပါတယ်။
အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့ စကားပုံတွေ၊ မင်းသမီးကြီး Audrey Hepburn ပြောခဲ့တဲ့ 'the beauty of a woman only grows with passing years.' ဆိုတဲ့စကားတွေ မှားယွင်းနေခဲ့ပြီးလား။ တကယ်မဟုတ်ပေမယ့် ယာယီအချိန်လေးပဲ အဖွားအိုလိုပြင်ထားတဲ့ မိန်းကလေးတစ်ယောက်ကတော့ အထားသွားခံခဲ့ရလေရဲ့။ ဒီလိုဆိုရင် မိန်းကလေးတို့ အချစ်စစ်ကို တွေ့နိုင်ပါ့ မလား.............
 
ရောသမက နဲနဲ ဆြာလုပ်ပါရစေ.... အချိန်မတန်သေးပဲ အိုမင်းရုပ်သဏ္ဍာန်သွားလုပ်တော့ ဘယ်သင့်တော်ပါ့
မလဲ....မင်္ဂလာဆောင်တယ်ဆိုတာ....တစ်သက်မှာ တစ်ခါပဲဆောင်ကြတာပဲမဟုတ်ဖူးလား.....ဒီလိုနေ့ကြီးရက်
ကြီးမှာ ကိုယ်ချစ်သူနှင့် ငယ်ငယ်ရွယ်ရွယ်ဘဝ ...လှလှပပပြင်ဆင်မှုတွေနှင့် အမှတ်တရဖြစ်နေရမဲ့ အချိန်လေး
ကို ပွဲခင်းရာမှာ ကုန်ဆုံးစေရမှာ ဖြစ်တဲ့အပြင် နှစ်ဖက်မိဘတွေ သူငယ်ချင်းမိတ်ဆွေတွေအကြားမှာ ပျိုမြစ်နုနယ်
တဲ့ ဇနီးမယားကို ပြသချင်တာ ယောက်ျားတိုင်းရဲ့ ဆန္ဒဖြစ်သလို ..ပျိုမြစ်နုနယ်တဲ့ ခင်ပွန်းကို ပြသချင်တာဟာလည်း မိန်းကလေးတိုင်းရဲ့ စိတ်ဆန္ဒပါပဲ........ဒီလိုအချိန်မျိုးမှာ ..မဆီမဆိုင်တဲ့ ရူးသွပ်
မှုတွေကို ဘေးချိတ်ထားသင့်တယ်....လက်ထပ်ပြီးမှ အမယ်အိုရုပ်သဏ္ဍာန်ကို အမျိုးသမီးအနေနှင့် သူ့အိမ်မှာ လုပ်နိုင်ပါတယ်...လင်ယောက်ျားက စိတ်မဆိုးတဲ့အပြင် သဘောကျလို့ ရယ်တောင်ရယ်ပါလိမ့်မယ်....လင်မယား
အိုအောင် မင်းအောင်ပေါင်းကြတယ်ဆိုတာ..အိမ်ထေင်သည်ဘဝမှာ တစ်ဦးနှင့်တစ်ဦးနားလည်မှုတွေ..ချစ်ခင်မှု
တွေ...အလိုက်သိတတ်မှုတွေ...ပါးနပ်မှုတွေ..တစ်ဦးကိုတစ်ဦးလေးစားမှုတွေ...တစ်ဦးကိုတစ်ဦး ပညာသားပါပါ
ထိန်းချုပ်နိုင်မှုတွေပေါ်မူတည်ပါတယ်........အဲဒီလိုတွေလုပ်နိုင်သူတွေဆိုရင်တော့ အိုရွယ်လာပြီဆိုရင်လည်း...
ကြောင့်ကြစရာမလိုတော့ပါဘူး.....










Credit:      အချစ်နဲ့ အိမ်ထောင်အကြောင်းဆွေးနွေးခန်း

No comments:

Subscribe

လာလည်သူများ

free counters