♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 26, 2015

ရွှေစင်စကြ်ာ Express အမြန်လမ်းမကြီးမှာ အရှိန်များပြီးတစ်ပတ်လိမ့်ပြီး တိမ်းမှောက်

၂၀၁၅-ခုနှစ် ဇွန်လ ၂၆ ရက်နေ့ နံနက်(၀၅း၃၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၅၁/၁ နှင့် ၂၅၁/၂ ကြား နေပြည်တော်မှ မန္တလေးသို့ (အသွားလမ်း)၌ ဦးအေးမင်း၊ အသက်(၄၁) နှစ်(ဘ) ဦးမြသန်း ၊ (၁၅)ရပ်ကွက်၊ ရွှေပေါက်ကံ ၊ ရန်ကုန်နေသူ မောင်းနှင်လာသည့် ယာဉ်အမှတ် 5J/ 5623 ရွှေစင်စကြ်ာ Express (အစိမ်းရောင်) ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Concrete Barrier တုံးနှင့် Road Curb တုံးများအား ဝင်တိုက်မိကာ တစ်ပတ်လိမ့်ပြီး လမ်းလယ်ကျွန်းပေါ်အတည့်ပြန်ကျ၍ ရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။အဆိုပါ (Express)ယာဉ်ပေါ်တွင် ကျား (၉)ဦး၊ မ(၁)ဦး၊ စုစုပေါင်း ခရီးသည်(၁၀)ဦး စီးနင်းလိုက်ပါခဲ့ရာတွင် ယာဉ်မတော်တဆမှုကြောင့် ကျား(၇)ဦး၊ မ(၁)ဦး အနည်းငယ်စီထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ညောင်ကုန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ 5J/5623 ရွှေစင်စကြ်ာမှန်လုံယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းတွန့်ကြေ၊ ကိုယ်ထည်ယာဘက်ခြမ်းပိန်ချိုင့်၊ ယာဘက်တံခါးမှန်များကွဲသွားခဲ့ပါသည်။၎င်းယာဉ်မတော်တဆမှုကြောင့် Concrete Barrier တုံး(၁၂)တုံးနှင့် Road Curb (၁၅၀)'ပေ ပျက်စီးသွားပြီး အမြန်လမ်း ပေပင်လေးရဲစခန်းမှ အမှုဖွင့်ရေးယူဆောင်ရွက်လျက်ရှိပါသည်။

Yangon-Mandalay Expressway


ရွှေစင်စကြ်ာယာဉ်လိုင်းမှာယာဉ်တစ်စီးအခုလို့ဖြစ်တဲ့အတွက် ကျွန်တော်မောင်စိုးအရမ်းစိတ်မကောင်းဖြစ်မိပါတယ်ဗျာ။ အခုရာသီကမိုးရာသီဖြစ်တဲ့အတွက်ကြောင့် အရှိန်ကိုတက်နိုင်သလောက် လျော့မောင်းပေးပါလို့မေတ္တာရပ်ခံ အပ်ပါတယ်။ ဆီမိုင်ရင်မိုင်းပါစေဗျာ ၈၀/ ၁၀၀ လောက်မောင်းရင်အတော်ပါဘဲ လမ်းအကွေ့တွေဆိုတော့အရှိန်လျော့ပြီးကွေ့ပါ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်လေလမ်းပေါ်မှာ ရွှံ့စေးတွေရှိနေတက်ပါတယ် မိုးကလဲဖွဲဖွဲလေရွာထား ကိုယ်ကလဲအရှိန်လေး
ကပါတော့ မဖြစ်သင့်တာတွေဖြစ်တတ်ပေါ့ဗျာ။
ကားကြီးတွေနဲ့ကားလေးတွေကို တစ်ခါလောက်တော့ပြောပါရစေ Autoဘဲဖြစ်ဖြစ်Manualဘဲဖြစ်ဖြစ် အရှိန်အရမ်းများနေရင် တတ်နိုင်သလောက် ဂီယာနဲ့အရှိန်ကိုသတ်ပါ ဘရိတ်ကိုသိပ်ပြီးအားမကိုးပါနဲ့ မိုးကဖွဲဖွဲလေရွာထား လမ်းပေါ်မှာက ဆီကွက်တွေ ရွှံ့စေးတွေရှိတတ်ပါတယ်  နောက်တစ်ချက်ကတော့ တာယာကိုပန်းအားကိုစစ်ဆေးပေးပါ လေပေါင်ကိုလဲစစ်ဆေးပေးပါ ကျွန်တော် မောင်စိုးကတော့ ဆရာကြီးမပာုတ်ပါဘူး ပညာသင်ပါ ကျွန်တော်ကိုယ်တိုင်လေ့လာသိခဲ့တာလေးနဲ့ ကျွန်တော့်ဆရာတွေပြောပြထားတာကို မှတ်သားပြီးပြောပြတာပါ။ ခရီးသွားမိဘပြည်သူများ အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ လိုရာခရီးကိုအဆင်ပြေချော့မွေ့စွာနဲ့ ရောက်ပါစေလို့ မေတ္တာရှေ့ထားပြီး ဆုတောင်းပေးလိုက်တယ်ဗျာ။ ပာိုက်ဝေးသွားနေသောယာဉ်လိုင်းအားလုံးမှာ Express car ကြီးတွေရယ် ကားလေးတွေရယ် ကုန်ကားကြီးတွေရယ် လမ်းခရီးမှာအန္တရာယ်ကင်းဘေးရှင်းစွာနဲ့လိုရာခရီးကို အဆင်ပြေချော့မွေ့စွာနဲ့ ရောက်ပါစေလို့ မေတ္တာကိုရှေ့ထားပြီး ကျွန်တော်မောင်စိုးအမြဲဆုတောင်းပေးပါတယ်ဗျာ
ကျွန်တော်မောင်စိုးကတော့ express carကြီးတွေကို အရမ်းချစ်မြတ်နိုးသူတစ်ယောက်ပါ….....

No comments:

Subscribe

လာလည်သူများ

free counters