♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 23, 2015

" Cheng Cheng, known as 'Little Winebibber' ချန်ချန်းဆိုတဲ့ နှစ်နှစ်သားအရွယ် အရက်သမားလေး"


 

တရုတ်နိုင်ငံက လမ်းလျှောက်တတ်စ ကလေးလေးတစ်ယောက် စီးကရက်သောက်နေတဲ့ ဗီဒီယို လွန်ခဲ့တဲ့ အပတ်တွေက ပေါ်ထွက်လာပြီးနောက် အခုတစ်ခါလည်း နောက်ထပ် စိတ်အနှောင့်အယှက်ဖြစ်စရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပြန်ပါတယ်။ ဒီတစ်ခါတော့ နှစ်နှစ်သားလေး တစ်ယောက်ဟာ အယ်လ်ကို ဟော စွဲနေတယ်လို့ သိရပါတယ်။

Cheng Cheng ချန်းချန်း ဆိုသူ နှစ်နှစ်သားလေးဟာ နို့ အစား ၀ိုင်နဲ့ ဘီယာပုလင်းတွေကို ပိုကြိုက်နေပြီး ‘ယမကာလုလင် လေး’ အဖြစ် ဒေသတွင်းမီဒီယာတွေမှာ လူသိများနေပါတယ်။

Cheng Cheng ချန်းချန်းတစ်ယောက် အရက်ပုလင်း တစ်ပုလင်းသောက်နေတဲ့ ဓာတ်ပုံထွက်လာပြီးနောက် ဒေသအာ ဏာပိုင်တွေဟာ ချန်းချန်းရဲ့ မိဘတွေကို စုံစမ်းစစ်ဆေးနေပါပြီ။

Cheng ချန်းဟာ ဆယ်လသားအရွယ်မှာ အယ်ကိုဟောကို စတင်မြည်းစမ်းကြည့်ခဲ့ပြီး ဖခင်ဖြစ်သူက တူကို

ဝိုင်ထဲ နှစ်ကာ ကလေးကို မြည်းခိုင်းခဲ့တာပါ။

ချန်းဟာ ဘီယာတစ်လုံးလောက်ကို အမူအရာမပျက် အေးဆေးသောက်နိုင်တယ်လို့ မိဘတွေက ဆိုပါ တယ်။ တကယ်လို့ သူ့ ကို ဘီယာမတိုက်လို့ ရှိရင် ချန်းက စိတ်ကောက် တတ်တယ်လို့ လည်း မိဘတွေက ပြောပြပါတယ်။

“ သူ့ မျက်လုံးတွေက အမြဲတမ်း ဘီယာပုလင်းတွေ ရောက်နေတာ။ သူ မမြင်နိုင်တဲ့ နေရာတွေမှာပဲ ကျွန်မတို့  ပုလင်းတွေကို သိမ်းဖို့ ပဲ ကြိုးစားရတာပေါ့။” လို့ ချန်းရဲ့ ဒေါ်လေးဖြစ်သူ Cai Teng က ရှင်းပြ ပါတယ်။

“ တစ်ခါတစ်လေ သူ အရမ်းဆူနေပြီး ဘာလုပ်ရမှန်းမသိရင် သူ့ ကို ၀ိုင်နည်းနည်းလောက် တိုက်လိုက် တာပဲ”

ချန်းရဲ့ ဒေါ်လေးကတော့ ကလေးကို နောက်ထပ် အယ်ကိုဟောတွေ မတိုက်တော့ပါဘူးလို့  တိုင်တည် ပြောဆိုနေပါပြီ။ ဒီအပတ်မှာ ကလေးရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် အစည်းအဝေးတစ်ခု လုပ်ဖို့ ရှိပါတယ်။ မိသားစုနဲ့ ဆက်ထားဖို့ မသင့်ဘူးဆိုရင် ကလေးကို စောင့်ရှောက်ရေးဌာနဆီ ပို့ ထားရမှာပါ။


Ref: Metro.co.uk

No comments:

Subscribe

လာလည်သူများ

free counters