♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 25, 2015

" ခိုင်မန္တလေး Express ယာဉ်မောင်း အိပ်ငိုက်၍ တိမ်းမှောက် "


၂၀၁၅ခုနှစ် ဇွန်လ ၂၅ ရက်နေ့ နံနက်(၀၄း၀၀)နာရီအချိန်ခန့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၈၇/၂ နှင့် ၂၈၇/၃ ကြား ရန်ကုန်မှ မန္တလေးသို့ အသွားလမ်းတွင် ယာဉ်မောင်း ဦးကျော်မိုးအောင်၊ အသက်(၃၆)နှစ်၊ သနပ်ခါးတောရပ်ကွက်၊ မင်းဘူးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 1G-xxxx ခိုင်မန္တလေးExpress(လိမ္မော်ရောင်)ယာဉ်မှာအိပ်ငိုက်၍ယာဉ်လက်ယာဘက်သို့ဆွဲပြီး မြေသားလမ်းပေါ်သို့ရောက်
ရှိသဖြင့် လက်ဝဲဘက်သို့ ပြန်ဆွဲတင်ရာမှ
အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ဖြတ်ကာ အပြန်လမ်းဘက်ခြမ်းတွင် တိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။အဆိုပါ (Express)ယာဉ်ပေါ်တွင် ခရီးသည်(၁၆)ဦး စီးနင်းလိုက်ပါခဲ့ရာတွင် ယာဉ်မတော်တဆမှုကြောင့် ခရီးသည် အမျိုးသမီး(၁)ဦးမှာ အနည်းငယ်သာပွန်းပဲဒဏ်ရာရရှိခဲ့ပါသည်။ ၄င်းယာဉ်မတော်တဆမှုဖြစ်စဉ်ကို သီးကုန်း အမြန်လမ်းရဲစခန်းမှ အမှုဖွင့်ရေးယူဆောင်ရွက်လျက်ရှိပါသည်။ Yangon-Mandalay Expressway

******** 
 ခိုင်မန္တလေးယာဉ်လိုင်းအခုလို့ဖြစ်တဲ့အတွက်ကျွန်တော်မောင်စိုးအရမ်းစိတ်မကောင်းဖြစ်မိပါတယ်ဗျာဘယ်ယာဉ်လိုင်းဘဲဖြစ်ဖြစ် ယာဉ်မောင်းများကိုစစ်ဆေးပေးပါ ယာဉ်နောက်လိုက်များကလဲ ယာဉ်မောင်းများကို အမြဲသတိပေးပါ မနံက်ခင်းအချိန် ၄ နာရီနောက်ပိုင်းဆို အိပ်ငိုက်တက်ပါတယ်? ယာဉ်မယ်များပါမယ်ဆိုလဲ ယာဉ်မယ်များက ကျန်တဲ့အချိန်လေ ခဏလေအိပ်စက်ပြီ မနံက်ခင်း ၂ နာရီနောက်ကိုယာဉ်မောင်းများကိုသတိပေးပါ လို့ မေတ္တာရပ်ခံပါတယ်… ခရီးသွားမိဘပြည်သူများလိုရာခရီးကိုချော့မောစွာနဲ့ရောက်ပါစေလို့ မေတ္တာကိုရှေ့ထားပြီးဆုတောင်းပေးလိုက်ပါ
တယ်ဗျာ။

ကျွန်တော်မောင်စိုးကတော့ express carကြီးတွေကို ချစ်မြတ်နိုးသူတစ်ယောက်ပါ…


 

No comments:

Subscribe

လာလည်သူများ

free counters