♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 14, 2015

"Bee pollen ပန်းဝတ်မှုံ အာဟာရ"

တရုတ်ကထုတ်တဲ့ Bee pollen ဆေးကို ကိုယ်ဝန်ဆောင်မိခင်တွေ သောက်လို့ ရပါသလား။ ဆရာဝန် တော်တော် များများကတော့ မသောက်ခိုင်းပါဘူး။ တချို့ လူတွေက ပိုလန်ဆေးကို သောက်ရင် ကလေးကော လူကြီးပါ မွေးပြီးတာနဲ့ ကျန်းမာရေး ကောင်းတယ်လို့ ပြောပါတယ်။ အဲဒါ သောက်သင့် မသောက်သင့်နဲ့ သောက်လို့ ရမယ်ဆိုရင်ကော ဘယ်လို အတိုင်းအတာထိ သောက်သင့်သလဲဆိုတာ သိချင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးက မေးခိုင်းလို့ပါ၊ ပျားကောင်တွေက ပန်းတွေကနေ ဝတ်ရည်စုပ်ယူကြတယ်။ လူတွေက ပျားကောင်တွေဆီကနေ စပါယ်ရှယ်နည်း သုံးပြီး ထုတ်ယူကြပြန်တယ်။ ပန်းဝတ်မှုံရည် အာဟာရမှာ Vitamins ဗီတာမင်၊ Minerals ဓါတ်ဆား၊ Enzymes အင်ဇိုင်းမ်၊ Amino acids အမိုင်နို-အက်စစ်တွေ ပါတယ်လို့ ဆိုပါတယ်။ Increase energy အားဖြစ်စေတယ်၊ Boost the immune system ရောဂါပြီး-စနစ် ကောင်းစေတယ်၊ Fight the effects of aging အိုစာတာကို ခံချနိုင်တယ်လို့လဲ ဆိုပါသေးတယ်။
တိတိကျကျ ထပ်ပြောသေးတာက Protein ပရိုတင်း၊ Carbohydrates ကာဗွန်ဟိုက်းရိတ်၊ Fatty acids ဖက်တီး-အက်စစ် တွေနဲ့အတူ Vitamin ဗီတာမင် A, C, D, E တွေတင်မကဘူး Lecithin, Beta-carotene နဲ့ Selenium ဆိုတာတွေပါလို့ Antioxidant effects ရစေပါသတဲ့။
ငယ်ရုပ်ဆင်ပေးနိုင်တယ်၊ ကိုယ်အလေးချိန် ကျစေမယ်၊ အမျိုးသားရော အမျိုးသမီးပါ လိင်စိတ် ပိုစေမယ်၊ အားယုတ်တာ သက်သာမယ်၊ အရေပြားနဲ့ ကြွက်သား တင်းနေစေမယ်တွေလဲ စာရင်းရှည်မှာ ပါသေးတယ်။ ပျို့တာ၊ အိပ်ရေးပျက်တာ၊ (အင်ဖက်ရှင်) ဝင်တာ၊ ဆေးအပြင်းတွေကြောင့် ရောဂါပြီးစနစ် ကျတာ၊ သွေးဖိအား ကျတာ၊ သွေးအား နည်းတာ၊ နှလုံး-ရောဂါ၊ ကင်ဆာ၊ ဝမ်းချုပ်တာတွေကို ကောင်းစေတယ်။ အားကစားလုပ်ရာ ပိုကောင်းစေတယ်၊ စိတ်ရောဂါ၊ Just about everything (၉၆) ပါး အကုန်လို့ပါ ပြောလိုက်တော့တယ်။
Allergies (အလာဂျီ) ကို ကုနိုင်တယ်လို့ ပြောတာတော့ လွန်သွားပုံရတယ်။ မဟုတ်ဘူး၊ ပြောင်းပြန်လို့ ဆိုသူက ဆိုတယ်။ ပန်းဝတ်မှုံ အနံ့က တချို့အတွက် အလွန်မွှေးပေမဲ့ တချို့က မတည့်လို့ ပန်းနာတောင်ဖြစ်နိုင်တာ သေခြာတယ်။ တချို့က ထောက်ပြထားတယ်။ Plant enzymes အပင်တွေက (အင်ဇိုင်း) က Human metabolic function လူ့ ဇီဝဖြစ်စဉ်နဲ့ မကိုက်ဘူးတဲ့။
ဘေးထွက် ဆိုးကျိုးတွေ များတော့ မများပါ။ အမေရိကားမှာ လူ ၅% က ပျားရည်၊ ပန်းဝတ်မှုံနဲ့ မတည့်လို့ (အလာဂျီ) ရကြတယ်။ ပန်းဝတ်မှုံအမျိုးမျိုးကနေ စုဆောင်းတာမို့ တမျိုးနဲ့တမျိုး မတည့်တာတွေ ပါနေတတ်တယ်။ ဥပမာ ဂန္ဓမာပန်းနဲ့ နေကြာပန်း။
သုံးချင်သူတွေ နာမည်ရတာထက် အသိအမှတ်ပြုခံထားရတဲ့ ကုမ္ပဏီက ထုတ်တာသာ ဝယ်ပါ။ အမှုံ့ကိုဝယ်ရင် Freeze
dried Bee Pollen အေးခဲထားသာမှ ဓါတ်မပျယ်မယ်။
မျက်စိတော့ မရှန်ပါ၊ သူတို့ ရေးတာထဲမှာ ကိုယ်ဝန်အတွက် ကောင်းတယ်လို့ သီးသန့်ရေးတာ မတွေ့ပါ။ ကိုယ်ဝန်မှာ လိုတာက သံဓါတ်နဲ့ (ပရိုတင်း) များရမှာဖြစ်ပါတယ်။
Dr. တင်ဆွေ
၂၆-၂-၂ဝ၁၁

Credit : https://drtintswe.wordpress.com/2013/12/15/bee-pollen-%E1%80%95%E1%80%94%E1%80%B9%E1%80%B8%E1%80%9D%E1%80%90%E1%80%B9%E1%80%99%E1%80%B6%E1%82%88-%E1%80%A1%E1%80%AC%E1%80%9F%E1%80%AC%E1%80%9B/

No comments:

Subscribe

လာလည်သူများ

free counters