♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 8, 2015

"Pepsi Max ၈ လီတာသောက်ပြီး ကဖိန်းဓာတ်လွန်ကဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး "

 
အမျိုးသမီးတစ်ဦးဟာ Pepsi Max ရှစ်လီတာသောက်သုံးပြီးနောက် Pepsi Max မှာပါဝင်တဲ့ ကဖီးဓာတ်နဲ့  ဆရာဝန်ညွှန်ကြားချက်အရ သူမသောက်နေရတဲ့ဆေးတို့ ဓာတ်မတည့်မှုဖြစ်ပွားကာ သေဆုံးသွားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်၊ Victoria Lane ဆိုသူဟာ သူမသောက်နေရတဲ့ဆေးဝါးတွေကနေရတဲ့ အကျိုးဆက် ဖြစ်တဲ့ အာခြောက်တာကို ပြေပျောက်ဖို့ အတွက် တစ်နေ့ ကို Pepsi Max အချိုရည် ၂ လီတာဘူး လေးဘူးအထိ သောက်သုံးနေခဲ့ပါတယ်။

Ms.Lane ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက ဆိုးရွားတဲ့ကားတိုက်မှုတစ်ခုကို ခံစားခဲ့ရပြီးနောက် မိမိကို တစ်ယောက်ယောက်ရန်မူမှာကို စိုးကြောက်နေတဲ့ စိုးရိမ်မှုလွန်ကဲတဲ့ရောဂါတစ်မျိုးနဲ့ နပန်းလုံးခဲ့ရပါတယ်။ ဒီစိုးရိမ်မှုလွန်ကဲတဲ့ရောဂါပြဿနာကြောင့် Ms Lane ဟာ တစ်နေ့ ကို ဗော့ဒ်ကာ တစ်လီတာအထိ သောက်သုံးနေခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် အခုသေဆုံးမှုကတော့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေနဲ့  ကိုလာထဲမှာ ပါတဲ့ ကဖီးဓာတ်တို့ ဓာတ်မတည့်မှုဖြစ်ပွားကာ သေဆုံးခဲ့ရတာဖြစ်တယ်လို့  သေမှုသေခင်းစုံစမ်းရေးအရာရှိက မှတ်ချက်ချခဲ့ပါတယ်။

Ms Lane ရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို တစ်ဦးတည်းသောသားဖြစ်သူ ၁၉ နှစ်သား Reese က စတင်တွေ့ ရှိခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဧပြီလက Reese ဟာ ညဘက်ထွက်လည်ပြီး အပြန်မှာ သူ့ အမေ အိပ်ပျော်နေတာကို တွေ့ ခဲ့ရပြီး နောက်တစ်နေ့ မနက်မှာတော့ သူ့ အမေဟာ အသက်မရှိတော့ဘူးလို့ Reese
က ပြန်ပြောပြပါတယ်။

အလောင်းခွဲစိတ်စစ်ဆေးမှုအရ Ms Lane ဟာ စိတ်ကျမှုတိုက်ဖျက်ပေးတဲ့ဆေး fluoxetine နဲ့ ကိုလာထဲမှာ ပါတဲ့ ကဖီးဓာတ်တို့ ကို အလွန်အကျွံမှီဝဲမှုကြောင့် သေဆုံးခဲ့ရတာဖြစ်ကြောင်း တွေ့ ရှိထဲ့ရပါတယ်။

Ye Wint 
Ref: Mirror 
Credit :  http://www.thithtoolwin.com/

No comments:

Subscribe

လာလည်သူများ

free counters