♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 8, 2015

"သံပုရာသီးတစ်လုံးရဲ့ တန်ဖိုး "


 

လူတွေ နေ့စဉ် နဲ့အမျ အသုံးပြုနေတဲ့ အသီးအနှံတွေမှာ ကျန်းမာရေးအကျိုးကျေးဇူးပြုမှုတွေ များစွာ ရှိပါတယ်။ သံပုရာသီးဆိုရင် လူတိုင်းနဲ့ ရင်းနှီးတဲ့အသီးဖြစ်ပါတယ်။ လူတိုင်းနှစ်သက်စွာ အသုံးပြုကြတဲ့ အသီးတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ သံပုရာသီးကို နည်းအမျိုးမျိုး နဲ့အသုံးပြုကြပြီး တစ်ချို့ဆိုရင် ဓလေ့ရိုးရာ အယူအဆအနေနဲ့ သံပုရာသီးကို ဘေးအန္တာရာယ် ကင်းစေဖို့အဆောင်အဖြစ်အသုံးပြုကြပါတယ်။ ဟင်းလျှာတွေ မှာ အနံ့အရသာမွှေးပျံ့စေဖို့၊ ချဉ်ချဉ်မွှေးမွှေးလေး စားနိုင်ဖို့သံပုရာသီးကိုအဓိကအသုံးပြုကြတာများပါတယ်။ ဒီလို လူတွေ နေ့စဉ်အသုံးပြုနေတဲ့ သံပုရာသီးမှာ ကျန်းမာရေးအကျိုးအာနိသင်တွေကလည်း များလှပါတယ်။

အသားအရေကိုကောင်းစေခြင်း

သံပုရာသီး ရဲ့သဘာဝအဆီတွေဟာ အသားအရေအတွက်များစွာ အကျိုးပြုပါတယ်။ သံပုရာရည်ကို နှစ်သက်သူများအနေနဲ့ သံပုရာရည်ကိုသောက်သုံးခြင်းကြောင့် အသားအရေကိုတောက်ပဝင်းလက်စေခြင်း၊ ၊ အရည်ပြားကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်သင်းရနံ့ပြင်းသူများအနေနဲ့ အနံ့အသက်ကိုလျော့ချနိုင်ခြင်းအစရှိတဲ့ကောင်းကျိုးတရားတွေကို ရရှိစေပါတယ်။သံပုရာသီးရဲ့ သဘာဝအဆီအနှစ်တွေကို အရေပြားတွေမှာ ပွတ်တိုက်ပေးတဲ့အခါ သူ့မှာပါဝင်တဲ့အက်ဆစ်ဓာတ်တွေဟာ အရေပြားမှာရှိနေတဲ့ဆဲလ်အသေတွေကိုဖယ်ရှားသွားခြင်း၊ ဗောက် တွေ၊ဒက်တွေကို ကုသပေးနိုင်ခြင်း၊ အဖုအပိန့်ထွက်တာကိုသက်သာစေခြင်း၊ကိုယ်ပေါ်အနာတရဒဏ်ရာတွေကို သက်သာစေခြင်းအစရှိတဲ့ အာနိသင်တွေရှိပါတယ်။တကယ်လို့ ရေချိုးတဲ့အခါ ရေထဲမှာသံပုရာအဆီ၊ ဒါမှမဟုတ် သံပုရာရည်တွေကို ထည့်ပြီး ရေချိုးခြင်းခြင့် အသားအရေကြည်လင်လန်းဆန်းမှုကိုရရှိစေနိုင်မှာဖြစ်ပါတယ်။

အရေပြားရောဂါတွေအတွက် အထောက်အကူပြုခြင်း

သံပုရာသီး ဟာ အရေပြားမှာ ဖြစ်ပွားတဲ့ အနာအစက်တွေကို ကုသရာမှာ အထောက်အကူပြုတဲ့အသီးတစ်လုံးဖြစ်ပါတယ်။အဓိကအားဖြင့် အသီးအရွက်စားသုံးမှုနည်းခြင်းကြောင့်ဖြစ်ပွားတဲ့ ဗီတာမင် C ချို့တဲ့ရောဂါများကို ကုသရာမှာ သံပုရာသီးဟာ အသုံးဝင်လှပါတယ်။နှာခမ်းအနားတစ်ဝိုက်တွေမှာ၊ လျှာတွေမှာ အနီစက်တွေပေါက်နေရင်ဒါဟာ ဗီတာမင် စီ ချို့တဲ့ခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး သံပုရာသီးရဲ့ဓာတ်သဘာဝအကူအညီကိုရယူခြင်းဖြင့် သက်သာပျောက်ကင်းစေကြောင်းလေ့လာပြောဆိုထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သံပုရာသီးမှာ ဗီတာမင် စီ ပြည့်ဝစွာပါနေတာကြောင့်အခုလို ဗီတာမင် စီ ချို့တဲ့ တဲ့ရောဂါတွေမှာ အကျိုးပြုနိုင်ခြင်းဘဲဖြစ်ပါတယ်။

အစာကြေမှုအားကောင်းခြင်း

သံပုရာသီးဟာ အစာကြေဖျက်မှုကို အားကောင်းစေတဲ့အသီးဖြစ်တာကြောင့် အစာကြေဖျက်မှုအားနည်းသူတွေအနေနဲ့ သံပုရာသီးကိုဆောင်ထားခြင်းဖြင့် အမှားမတွေ့နိုင်ပါဘူး။ ဒါကြောင့် အစာကြေဖျက်မှုအားနည်းသူတွေဟာ နေ့လည်စာဖြစ်စေ၊
ညနေစာဖြစ်စေ စားပြီးတိုင်း ဗိုက်အင့်ပြီး အစာမကြေသလိုဖြစ်နေတဲ့အခါ သံပုရာရည်လေးတစ်ခွက်လောက်ကို သောက်ပေးခြင်းဖြင့် အစာမကြေနိုင်တဲ့ဒုက္ခကင်းဝေးစေနိုင်ပါတယ်။

ဝမ်းချုပ်မှုတို့ကင်းဝေးစေခြင်း

သံပုရာသီးမှာ အက်ဆစ်အချဉ်ဓာတ် ပေါများစွာပါဝင်နေခြင်းကြောင့်အညစ်အကြေးမစင်တို့ကိုသန့်စင်စွန့်ထုတ်ရာမှာ များစွာ အထောက်အကူဖြစ်စေပါတယ်။ ဝမ်းချုပ်တတ်သူများအနေနဲ့ သံပုရာရည်ထဲမှာ ဆားနည်းနည်း ခတ်ပြီး သောက်ပေးခြင်းဖြင့် ဝမ်းသွားရလွယ်ကူစေပြီး ဝမ်းချုပ်ခြင်းကြောင့်ခံစားရတဲ့ဝေဒနာတွေကင်းဝေးစေနိုင်ပါတယ်။

ဆီးချိုသမားများအတွက်ကောင်းမွန်ခြင်း

ဆီးချိုရောဂါနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ ဆေးပညာရပ်ဆိုင်ရာအဖွဲ့အစည်းတစ်ခုက လေ့လာဖော်ပြထားတာမှာ သံပုရာသီး နဲ့ အခြားလိမ္မော်၊ ရှောက်သီး အမျိုးအစားတို့ဟာ ဆီးချိုသမားများအတွက် အထူးသင့်တော်တဲ့အသီးတစ်မျိုးဖြစ်ကြောင်းပြောဆိုထားပါတယ်။ အဓိကအားဖြင့် ဒီလိုအသီးတွေမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်အားကောင်းစွာ ပါဝင်ခြင်းကြောင့် ကိုယ်ခန္ဓာ အတွင်း သကြားဓာတ်ကို ပုံမှန်စုပ်ယူလည်ပတ်စေခြင်း၊ ဆီးချိုရောဂါသမားတွေအတွက် အန္တာရာယ်ဖြစ်စေတဲ့သွေးအတွင်းသကြားဓာတ်မြင့်တက်မှုကိုလျော့ကျပေးနိုင်ခြင်း တို့ဘဲဖြစ်ပါတယ်။ ဒါဟာ သံပုရာသီး နဲ့ လိမ္မော် ၊အခြားရှောက်ချိုသီးတို့ရဲ့ အကျိုးအာနိသင်တွေဘဲဖြစ်ပါတယ်။

နှလုံးရောဂါသမားများအတွက်ကောင်းမွန်ခြင်း

သံပုရာသီးလို အမျှင်ဓာတ်တွေနဲ့ပျော်ဝင်လွယ်တဲ့အသီးတွေဟာ ဆီးချိုသမားတွေမှာ သွေးအတွင်းသကြားဓာတ်ကို ထိန်းပေးသလို နှလုံးရောဂါသမားများအတွက်လည်း သွေးပေါင်ချိန်ကိုလျော့ကျစေပါတယ်။ ကိုလက်စထရောကိုလျော့ကျစေသလို နှလုံးရောဂါ ၊ ရုတ်တရက် နှလုံးဖောက်ခြင်း ၊လေဖြတ်ခြင်းတို့ကို ပါ ဆန့်ကျင်ကာကွယ်ပေးပါတယ်။

သံပုရာသီးဟာ နောက်ထပ်ရောဂါတွေဖြစ်တဲ့ကျောက်ကပ်ရောဂါ၊ ဒူလာရောဂါ၊ ဆီးရောဂါ ၊ကင်ဆာရောဂါတို့မှာပါ အကျိုးပြုပေးသလို မျက်လုံးကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေကြောင်းဖော်ပြထားကြပါတယ်။ဒါကြောင့် မိမိတို့နေ့စဉ်စားသုံးနေကြတဲ့ အသီးတွေမှာ ဆေးဘက်ဝင် အကျိုးအာနိသင်တွေများစွာ ရှိနေတာကြောင့်ပေါ့ပေါ့ဆဆမတွေးတောကြဘဲ အကျိုးရှိရှိအသုံးချကြဖို့ဖော်ပြပေးလိုက်ပါတယ်။

Credit : Yangon Life

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 


Credit : http://www.shwechitthu.com/2015/11/blog-post_57.html

No comments:

Subscribe

လာလည်သူများ

free counters