♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 14, 2015

"စေ့စပ်ပြီးသွားတဲ့ စုံတွဲတွေအနေနဲ့ လက်ထပ်ဖို့မစီစဉ်ခင် တစ်ဦးကိုတစ်ဦးမေးထားသင့်တဲ့ မေးခွန်း (၅) ခု"

 
သင်တို့နှစ်ဦးဟာ ခုချိန်မှာစေ့စပ်ပြီးသွားပြီမို့ ကွန်ကရက်ကျူလေးရှင်းလို့ ပထမဆုံး ဆိုချင်ပါတယ်။ ကဲ နောက်ထပ်ခြေ
လှမ်းသစ်တွေ မလှမ်းခင်၊ သင်တို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အစီအစဉ်မဆွဲခင် တစ်ယောက်နဲ့တစ်ယောက် သေချာမေးထား
ရမယ့် မေးခွန်းလေး (၅) ခုရှိနေပါတယ်။ ဒီမေးခွန်းတွေကို စိတ်တိုင်းကျ မေးမြန်းပြီးပြီ သဘောတူကြည်ဖြူတယ်ဆိုရင်တော့ မင်္ဂလာပွဲအတွက် စစီစဉ်သင့်ပြီပေါ့နော်။ ကဲ မေးခွန်း(၅)ခုကို ပြောပြရရင်ဖြင့်

၁။ငွေကြေးနဲ့ပတ်သက်ပြီး သင့်ရဲ့အယူအဆက ဘယ်လိုများလဲ။

သင်တို့တစ်ဦးချင်းစီရဲ့ ငွေကြေးအနေအထားအကြောင်း ခုချိန်မှာ ပွင့်လင်းစွာပြောဆိုဆွေးနွေးသင့်တဲ့အချိန်ပါပဲ။ ပြီးတဲ့အခါ တစ်လကို ဘယ်လောက်ဝင်တယ်။ အသုံးစရိတ်ကဘယ်လောက်ရှိတယ် စတာတွေကိုလည်း နှစ်ဦးသား တိုင်ပင်သင့်နေပါပြီ။ တစ်ချို့စုံတွဲတွေကတော့ တစ်လမှာဘယ်လောက်ဝင်တယ်။ ဘယ်လောက်သုံးပြီး ဘယ်လောက်စုမယ်။ ဘယ်နှစ်လတစ်ခါ ခရီးသွားမယ် စတာတွေအထိပါ တွက်ချက်ထားလေ့ရှိကြပါတယ်။

၂။ကလေးယူဖို့ ၊ မယူဖို့။ 

အိမ်ထောင်ကျသွားတော့မှ တစ်ယောက်က ကလေးလိုချင်တယ်။ တစ်ယောက်က မလိုချင်ဘူး စသဖြင့် အငြင်းပွားမှုတွေ ရှိလာခဲ့ရင် အိမ်ထောင်ရေးအတွက် ထိခိုက်မှုတွေ ရှိလာပါလိမ့်မယ်။ ဒီတော့ သင်တို့နှစ်ယောက်အနေနဲ့ တစ်ယောက်က လိုချင်ရဲ့သားနဲ့ အိမ်ထောင်ကျပြီးပြီးချင် မယူချင်သေးတာလား။ ဒါမှမဟုတ် လုံးဝမယူချင်တာလား စတာတွေကို သေချာဆွေးနွေးပါ။  ဒီအချက်ကလည်း အရေးကြီးပါတယ်။

၃။သင်တို့နှစ်ယောက်ထဲက တစ်ယောက်က တခြားတစ်ယောက်ကို စိတ်ဝင်စားတာမျိုး၊ သံယောဇဉ်တွယ်သွားတာမျိုးတွေ ရှိလာရင် ဒါကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ။

ဒီအခြေအနေကတော့ နာကျင်စရာကောင်းပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကြုံလာရမယ်ဆိုရင် နှစ်ယောက်စလုံး ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာမျိုးကိုတော့ ခုကတည်းက ကြိုတွေးထားရပါမယ်။ ဒီလိုအခြေအနေမျိုးက
မသိလိုက်မသိဖာသာ ကျော်သွားလို့ရတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ့်အိမ်သူအပေါ်မှာလည်း လေးစားသမှုလေး ရှိရပါဦးမယ်။ ဒီတော့ သင်တို့နှစ်ဦးသာ ဒီအခြေအနေကြုံရမယ်ဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ ဆွေးနွေးပါ။

၎။သင့်ရဲ့ဘ၀အိပ်မက်တွေက ဘာဖြစ်သလဲဆိုတာရယ်၊ သင့်အိမ်ထောင်ဖက်ရဲ့ ပန်းတိုင်အတွက်သင်ဘာတွေ လုပ်ပေးချင်တယ်၊ မလုပ်ပေးချင်ဘူးဆိုတာကိုပါ ဆွေးနွေးပါ။

သင့်မှာ ဘ၀နဲ့ပတ်သက်ပြီး အစီအစဉ်တွေ ဆွဲထားတာမျိုးရှိပါသလား။ အိပ်မက်တွေ ရှိပါသလား။ ဒီအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ သင်ကြိုးစားရပ်တည်နေတာမျိုးလား။ သင်ဟာ သင့်အနာဂတ်နဲ့ပတ်သက်ပြီးတွေးထားတဲ့ အရာတွေရှိရင် တစ်ဖက်လူကို ပြောပြပေးပါ။ တစ်ဖက်လူမှာရော ဘယ်လိုဘ၀ပန်းတိုင်တွေ ရှိသလဲဆိုတာမေးပါ။ သူ့အတွက် သင်ဘာတွေ ပံ့ပိုးပေးနိုင်သလဲဆိုတာ ပြောပြပါ။ ဘယ်လိုအရာမျိုးတွေတော့ သင်မလုပ်ပေးနိုင်ဘူးဆိုတာ ခုကတည်းက ရှင်းလင်းစွာ ပြောဆိုထားဖို့ သင့်လှပါတယ်။

၅။နှစ်ဦးသားအငြင်းပွား၊ ရန်ဖြစ်ကြချိန်မှာ သင်သည်းမခံနိုင်တဲ့ သူ့ရဲ့အပြောအဆိုတွေက ဘာတွေများဖြစ်မလဲ။

နှစ်ဦးသား ပြသနာတက်တာမျိုးကတော့ စုံတွဲတိုင်းကြုံဖူးမှာပါ။ ဒါပေမယ့် အဲ့ဒီလိုပြသနာတက်တဲ့အချိန်တွေဆို တစ်ဖက်လူက သင့်စိတ်နာကျင်အောင် ဘယ်လိုစကားလုံးမျိုးတွေ သုံးပြီး ပြောဆိုတတ်ပါသလဲ။ သင်ခံနိုင်ရည်လုံးဝ မရှိတဲ့၊ သည်းမခံနိုင်တဲ့ စကားလုံးမျိုးတွေကို သူ့ကိုပြောပြထားပါ။ နောက်တစ်ခါ ဒီလိုအသုံးအနှုန်းမျိုးတွေ မသုံးဖို့လည်း ပြောဆိုဆွေးနွေးဖို့ သင့်ပါတယ်။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:http://www.shwechitthu.com/2015/11/blog-post_365.html

No comments:

Subscribe

လာလည်သူများ

free counters