♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 14, 2015

"ကိတ်လုပ်ချင်ပေမဲ့ မွှေစက်မရှိလို့ အခက်တွေ့နေသူများအတွက် မွှေစက်မလိုတဲ့ ကိတ်လုပ်နည်းလေး ဝေမျှပေးလိုက်တယ်နော်"

Easy Hand Mixed Plain Sponge Cake
ကိတ်လုပ်ချင်ပေမဲ့မွှေစက်မရှိလို့အခက်တွေ့နေသူများအတွက်မွှေစက်မလိုတဲ့ ကိတ်လုပ်နည်းလေး ဝေမျှပေးလိုက်တယ်နော် smile emoticon
ဇလုံတစ်လုံး ယောင်းမသို့မဟုတ် hand whisk တစ်ချောင်း Oven တစ်လုံးရှိဖို့ တော့လိုမယ်နော် smile emoticon
မာဂျရင်း(သို့)ထောပတ် ၁၁၅ ဂရမ်
သကြား ( fine sugar) ၁၁၅ ဂရမ်
ကိတ်ဂျုံ ၁၁၅ ဂရမ်
baking powder လဘက်ရည်ဇွန်း ၁ဇွန်း
ကြက်ဥ ၃ လုံး
အရင်ဆုံး ဂျုံမှုန့်နဲ့ ပွဆေးကိုရောပြီး ဇလုံတစ်ခုထဲကို ဇကာစစ်ထည့်ပါ။ ကျန်တဲ့ ပါဝင်ပစ္စည်း အားလုံးကိုပါ ဇလုံထဲထည့် ပြီး ယောင်းမနဲ့ ၂ မိနစ် ၃ မိနစ်ခန့် သမအောင် ခေါက်ပေးပါ။ ဂျုံမှုန့် အလုံးအခဲလေးတွေမကျန်အောင်သတိထားပြီးကြေအောင်ခေါက်ပေးရပါမယ်။ ၃မိနစ်ထက်ပိုပြီးမမွှေပါနှင့်။

မုန့်နှစ်ရဲ့အရောင်ကအနည်းငယ်ြဖူလာပြီး ပြောင်ပြောင်လေးဖြစ်လာရပါမယ်။ ပွလာတဲ့သဘောပါ။ မုန့်နှစ်က ခပ်ပျစ်ပျစ် အနေအထားပဲ ရှိနေရပါမယ်။ မွှေတာ over ဖြစ်သွားရင် မုန့်သားကျစ်သွားတက်ပါတယ်။
ရလာတဲ့မှုန့်နှစ်တွေကို ဆီသုတ်ပြီး baking paper ခံထားတဲ့ ၇ လက်မအဝိုင်း ကိတ်ခွက်ထဲကို ထည့်ပြီးမျက်နှာပြင်ညီအောင်ညှိပေးပါ။ ၁၈၀°အပူချိန်နဲ့ မိနစ် ၃၀ခန့် ဒါမှမဟုတ် အရောင်လေးတက်လာတဲ့အထိဖုတ်ပေးပါ။

Credit : https://m.facebook.com/story.php?story_fbid=1054158184614236&id=984080474955341

No comments:

Subscribe

လာလည်သူများ

free counters