♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 9, 2015

" မိန်းကလေးဆိုပေမယ့် အထင်မသေးနှင့် အသက် (၁၈)နှစ်နှင့် လူဆိုးဂိုဏ်း ခေါင်းဆောင်ဖြစ်နိုင်တယ်..ဟီဟိ "

 Gabriela Iparraguirre Porras was wanted for murder, drug trafficking and extortion
ပီရူးနိုင်ငံရှိ ရဲတပ်ဖွဲ့သည် အလိုချင်ဆုံး ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ရာ အသက်(၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်နေသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အဆိုပါ မိန်းကလေးသည် မူးယစ်ဆေး ရောင်းဝယ်ခြင်း၊ လူသတ်ခြင်း၊ ငွေညှစ်ခြင်း စသည့်ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်ခဲ့သောကြောင့် ရဲတပ်ဖွဲ့၏ အလိုချင်ဆုံးစာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။  သူ့ကိုယ်သူ အမျိုးသမီး ၀ံပုလွေဟု အမည်ပေးထားသည်။ ပေါ်ရက်စ်သည် ချစ်သူဖြစ်သူ ဟာရဲရား၊ နောက်ထပ် အဖွဲ့ဝင်ဖြစ်သည့် အယ်လ်ဘာတိုတို့နှင့်အတူ ပူးပေါင်းပြီး ဘွန်ကာနီဂရာ မြေခွေးဂိုဏ်း အမည်ဖြင့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်။ ယင်းဂိုဏ်းတွင် Ms Porras မစ္စ
ပေါ်ရက်စ်သည် ထိပ်ပိုင်း ခေါင်းဆောင် နေရာတွင် ပါဝင်ခဲ့သည်။ မစ္စ ပေါ်ရက်စ်သည် ဆောက်လုပ်ရေး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို ဖမ်းဆီးပြီး ငွေညှစ်ဖို့ ကြိုးစားနေစဉ်အတွင်း ရဲတပ်ဖွဲ့က လက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးမှုများအရ ပေါ်ရက်စ်သည် ရာဇ၀တ်ဂိုဏ်းများနှင့် ဆက်စပ်ပြီး အလုပ်များစွာ လုပ်ခဲ့ကြောင်း၊ လက်နက်ရောင်းခြင်း၊
မူးယစ်ဆေးရောင်းခြင်း တို့ကိုလည်း လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ် မစ္စ ပေါ်ရက်စ်ကို စုံစမ်းမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်သည်။

Ms Porras used to work alongside her boyfriend Juan Carlos Herrera, and another mobster, Alberto Cardenas Pimentel. Their gang went by the name of 'The Bocanegra Wolves' 

Ms Porras was caught by police while planning a hit on a construction businessman  
 
Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=48468

ဓါတ်ပုံ : ရောရောသမမွှေမှ အောက်ပါလင့်မှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည်....
http://www.dailymail.co.uk/news/article-3307101/Teenage-gang-leader-Peru-known-Wolf-stunned-authorities-drop-dead-gorgeous-looks.html 

No comments:

Subscribe

လာလည်သူများ

free counters