♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 19, 2015

"အစောင့်လုံခြုံရေး အမျိုးသမီးတစ်ဦးရဲ့ ရင်သားကို အငမ်းမရကိုက်ခဲ့တဲ့ Azealia Banks အဖမ်းဆီးခံရ"

 
၂၀၁၁ ခုနှစ်ကစ ပရိသတ်အသည်းစွဲဖြစ်လာတဲ့ ရက်ပ်အဆိုတော် Azealia Banks ဟာ တရားရေးပြသနာ အနည်း
ငယ်ရင်ဆိုင် ရင်ဆိုင်နေရပြန်ပါတယ်။ Banks ဟာ မူးယစ်ဆေးသုံးစွဲပြီး အမျိုးသမီးအစောင့်လုံခြုံရေးတစ်ဦးကို လက်
သီးနဲ့ထိုး၊ သူမရင်သားကို သွားနဲ့ ကိုက်ပြီးတဲ့နောက်မှာတော့ နိုက်ကလပ်တစ်ခုရဲ့ အပြင်ဘက်မှာ ဖမ်းဆီးခံခဲ့ရတာ
ဖြစ်ပါတယ်။

Banks က သီးသန့်ပါတီပွဲတစ်ခုအတွက် သွားတယ်ဆိုပေမယ့် ၄င်းကလပ်မှ လုံခြုံရေးတွေနဲ့ သဘောထားကွဲလွဲမှုရှိကြောင်း သိပြီးတဲ့နောက် သူမကို ချက်ချင်းဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီကလပ်ပိုင်ရှင်ရဲ့ မွေးနေ့ပွဲကို ဖိတ်ကြားထားတဲ့ ဧည့်သည်တစ်ဦးနဲ့အတူ သူမ ရောက်လာခဲ့ပုံရပါတယ်။ အောက်ထပ်က လုံခြုံရေးတွေက သူမကို အပေါ်ထပ်သို့ ဆက်
တက်သွားဖို့ သက်ဆိုင်ရာ သီးသန့်ပါတီခန်းသို့ ဝင်ရောက်ဖို့ တံဆိပ်ခေါင်းတစ်ခုကို ယူဖို့ လိုအပ်ကြောင်း သူမအား
 ပြောပြခဲ့ပါတယ်။

အဲဒီချိန်မှာ အမျိုးသမီးလုံခြုံရေးတစ်ဦးနဲ့ အမျိုးသားလုံခြုံရေးတစ်ဦး ရှိနေခဲ့ပြီး သူတို့ Banks ကို သတိမထားမိကြကြောင်း၊ အဲဒီအခါမှာ သူမ ငယ်သံပါအောင် အော်ဟစ်ဆဲဆိုပြီး လူမျိုးရေးခွဲခြားတဲ့စကားလုံးတွေ စတင်ပြောဆိုပါတယ်လို့ သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။ ကလပ်ပိုင်ရှင်တစ်ဦးမှ ရုတ်ရုတ်သဲသဲဖြစ်တာကို သတိထားမိပြီး သူမအား အထဲဝင်ရောက်ခွင့်ပြုပေးလိုက်ပါတယ်။ ဒါပေမယ့် သူမ အထဲကို ၁၅ ပေခန့် ရောက်သွားတာနဲ့ အစောင့်များကို သူမ ဘယ်သူ၊ ရီဟားနားအခွေထဲမှာ ပါဝင်သူဖြစ်ကြောင်း ရှင်းပြကာ စတင် ဆဲဆိုသွားကြောင်း သိရပါတယ်။

ကိုယ်ရံတော်နဲ့ စောင့်ရှောက်ခံနေရလို့ လုံခြုံရေးစောင့်အမျိုးသမီးရဲ့ ရင်သားကို သူမ သွားနဲ့ ကိုက်ခဲ့ပြီး အကျီင်္်တောင်

ပေါက်ပြဲမတတ်ဖြစ်ခဲ့ကြောင်း မျက်မြင်သက်သေများပြောဆိုချက်အရ သိရပါတယ်။

သူမကို ဖမ်းလိုက်တဲ့အခါမှာ "ဘာကြောင့် ငါ့ကို ဖမ်းတာလဲ" လို့ သူမ မေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ ရင်သား
ကိုက်ခံရတဲ့ အစောင့်ကတော့ အခြေအနေ ကောင်းမွန်နေပြီး Banks နဲ့ သူမရဲ့ ကိုယ်စားလှယ်များကတော့ ဘာမှတ်ချက်မှ မပေးခဲ့ကြောင်း သိရပါတယ်။
 


Ref: thefrisky
Credit : http://www.trend.com.mm/2015/12/18/news-8375

No comments:

Subscribe

လာလည်သူများ

free counters