♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 13, 2015

" ပထမဆုံးအကြိမ် ချစ်တယ် လို့ပြောဖို့ ကြိုးစားသောအခါ"

 သင် လူတစ်ယောက်ကို ပထမဆုံးအကြိမ် ချစ်တယ် လို့ပြောဖို့ တုန့်ဆုတ်ပြီး မဝံ့မရဲ ဖြစ်နေတယ်လို့ ခံစားနေရပါသလား။
ပထမဆုံး အကြိမ် ဆိုတာကို လူတိုင်းက အကောင်းဆုံး အဆင်အပြေဆုံး စိတ်ကူးယဉ် အဆန်ဆုံးဖြစ်ချင်ကျတာ သဘာဝပါ။
အောက်မှာ အချက်လေး အနည်းငယ်ကို ဖော်ပြထားပါတယ်။

-အချိန်ကောင်းလို့ ယူဆတဲ့ အချိန်မှာပြောလိုက်ပါ။အမှတ်တရ ဖြစ်ပြီး မေ့ပျောက်လို့ မရနိုင်တဲ့နည်း လူသုံးနည်းတဲ့ နည်း
လမ်းကို ရွေးချယ်ပါ။ဘာလို့လဲ ဆိုတော့ ဒါမှ ပထမအကြိမ် နဲ့ ဒုတိယအကြိမ်ကြား က ခြားနားချက်ကို သတိပြုမိမှာပါ။

-အချစ် ကို ဖော်ထုတ်ပုံက တစ်ယောက်နဲ့တစ်ယောက် မတူကျပါဘူး။သင့်အဖော်က သင့်ကို သူတတ်တဲ့ နည်းအတိုင်း ချစ်ပေးတာကို နားလည်ပေးပါ။သူ လုပ်တာ သင်နှစ်သက်တဲ့ နည်းဖြစ်ချင် ဖြစ်မယ် မဖြစ်ရင်လည်း မဖြစ်ဘူး ဒါပေမယ့် မမေ့ပါနဲ့။သင်လုပ်ရပ်တိုင်းကလည်း သူကြိုက်တာချည်း မဟုတ်လောက်ဘူးလေ။

-“ I love you” လို့ ပြောတဲ့အချိန်မှာ ကိုယ့်ကို ကိုယ် အလွန်ယုံကြည်ချက်ရှိနေတဲ့ ပုံစံမျိုး သိပ်သေချာ နေတဲ့ ပုံစံမျိုး မလုပ်ပါနဲ့။အဲ့လိုဆို သင့်အပေါ် သံသယဝင်နိုင်ပါတယ်။အရမ်း ကြင်နာတတ် တဲ့ပုံစံလေးကို အသုံးပြုပါ။

-တကယ်လို့ သင့်အချစ်ကို ပြန်တုန့်မပြန်ဘူး ဆိုရင်တောင် သင်နားလည်ပေးရမှာပါ။အနည်းဆုံးတော့ သင်သူ့ကို သဘော
ကျနေတယ် ဆိုတာ သူသိသွားတာပေါ့။

-လူချင်း တွေ့တဲ့ အချိန် ဖွင့်ပြောပါ။ရှက်လို့ မျက်နှာပူလို့ ဆိုပြီး စာပို့တာ ဖုန်းထဲက ပြောတာတွေထက် အပြင်မှာ ပြောတာ က ပိုသင့်တော်တာပါ။

-အပိုတွေ အများကြီး မလုပ်မိပါစေနဲ့။သင်ပြောနေတုန်း သူပျင်းတာ ဖြစ်လာနိုင်သလို သင့်အတွက်လည်း အကျိုးမရှိပါဘူး။
အချိန်ကောင်းမှာ တစ်ကြိမ် တည်း ပြောလိုက်ပါ။

နောက်ဆုံးအချက်ကတော့ လူတော်တော် များများလုပ်မိနေတဲ့ အမှားလေးတစ်ခုပါ။သင် သူ့ကို ချစ်တယ် လို့

 ပြောပြီးပြီးချင်း အဖြေ မတောင်းလိုက်ပါနဲ့။သူ့ကိုလည်း စဉ်းစားဖို့ အချိန်ပေးရမှာပါ။သင်တောင် ချစ်တယ် ပြောဖို့ အချိန်ယူရသေးတာပဲ။

Credit : ဖိုးသူတော်(http://www.phothutaw.com/2015/12/blog-post_416.html)
Credit : Ayesay

No comments:

Subscribe

လာလည်သူများ

free counters