♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 14, 2015

"အမှိုက်ကားပေါ်မှာ စက်နဲ့ နှစ်ကြိမ်တိုင် ဖိခံခဲ့ရပေမယ့် အသက်မသေခဲ့"

 Republic Services picked up the trash bin, similar to the one pictured, and accidentally dumped in a homeless man who was sleeping inside (file photo)
အမှိုက်ပုံးထဲ ၀င်အိပ်ခဲ့တဲ့ အမျိုးသား တစ်ဦးဟာ အမှိုက်ကားပေါ် ရောက်သွားပြီး အမှိုက်တွေ သိပ်သည်းအောင် လုပ်တဲ့စက်နဲ့ နှစ်ကြိမ်တိုင် ဖိခံခဲ့ရပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမွန့်မြို့မှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီသူဟာ စားသောက်ဆိုင် အနောက်ဘက်က အမှိုက်ပုံးကြီးထဲ ၀င်အိပ်နေခဲ့တာဖြစ်ပြီး အမှိုက်ကား လာသိမ်းချိန်မှာ အမှိုက်တွေနဲ့ အတူ အမှိုက်ကားပေါ် သွန်ချခံခဲ့ရပါတယ်။ အမှိုက်ကားပေါ်မှာ အမှိုက်တွေ ပိပြားနေစေဖို့ စက်နဲ့ ဖိခဲ့လို့ သူလည်း အမှိုက်တွေနဲ့အတူ ရောကြိတ်ခံခဲ့ရပါတယ်။ ပြီးတော့ အမှိုက်ကားက နောက်ထပ် စားသောက်ဆိုင် တစ်ဆိုင်က
အမှိုက်တွေ ထပ်တင်ပြီး စက်နဲ့ ထပ်ဖိခဲ့ပြန်ပါတယ်။

It is thought the homeless man was sleeping in a trash bin similar to the one pictured in this file photo. He is said to be suffering from mental illness and is now in hospital in a psychiatric ward 
ထိုသူဝင် အိပ်ခဲ့သော အမှိုက်ပုံး
စတိုးဆိုင် တစ်ဆိုင်မှာ အမှိုက် ထပ်သိမ်းဖို့ ပြင်ဆင်နေတုန်း အဲဒီသူက အမှိုက်ကား အမိုးကိုဖွင့်ပြီး ကားပေါ်က ဆင်းလာခဲ့ပါတယ်။ အမှိုက်တွေထဲရောပြီး နှစ်ကြိမ်တိုင် ဖိခံခဲ့ရပေမယ့် ဒဏ်ရာ ပြင်းပြင်းထန်ထန် မရတာတော့ ကံကောင်းတယ်လို့ ဖရီးမွန့်မြို့ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီသူဟာ စိတ်ကျန်းမာရေး ပြဿနာရှိနေတာကြောင့် ဆေးရုံပို့ခဲ့ကြတယ်လို့ AP သတင်းဌာနက ဖော်ပြထားပါတယ်။

Credit : ဖိုးသူတော်(http://www.phothutaw.com/2015/12/blog-post_894.html)
Credit : yoyarlay

No comments:

Subscribe

လာလည်သူများ

free counters