♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 19, 2015

"ယောက်ျားတွေ ဖောက်ပြန်ကြတဲ့အခါ ဘာလို့  ‘အငယ်အနှောင်း’ ကိုပဲ လူတွေ အပြစ်ပုံချတတ်ကြတာလဲ"

သူတစ်ပါးအိမ်ထောင်ရေးကို ဖျက်ဆီးတဲ့သူ ဆိုတဲ့ စကားလုံးကို စဉ်းစားကြည့်လိုက်ပါ။ စိတ်ထဲ အမျိုးသားပုံရိပ်
 ပေါ်လာသလား ဒါမှမဟုတ် အမျိုးသမီးပုံရိပ်ပေါ်လာလား။ အိမ်ထောင်ရေးဖောက်ပြားမှုတွေမှာ လူအများစုဟာ ‘တစ်ဖက်မိန်းကလေး’ ကိုပဲ အပြစ်ပုံချချင်ကြပါတယ်။ ဘာလို့ များပါလိမ့်။ တန်ဂိုကဖို့ လူနှစ်ယောက်လိုပါတယ်။ လက်ဝါးနှစ်ဖက်တီးမှ လက်ခုပ်မြည်ပါတယ်။ ဒါနဲ့ များ ဘာလို့ လက်တစ်ဖက်တည်းကိုပဲ အပြစ်ပုံချချင်ကြတာလဲ။ စိတ်ပညာနည်းနဲ့ ဒီအဖြေကို လေ့လာကြည့်ရအောင်။

၁။ ယောင်္ကျားဆိုတာ ဘာပဲဖြစ်ဖြစ် ဆိုးသွမ်းဖောက်ပြားတတ်တယ်လို့ ကျွန်တော်တို့ ယူဆကြလို့ 
တီဗီမှာကြည့်နေရတဲ့ ဇာတ်လမ်းတွေ၊ ဖတ်ရတဲ့ ဇာတ်လမ်းတွေမှာ လူဆိုးအများစုက ယောင်္ကျားပါပဲ။ ရက်စက်
ယုတ်မာတဲ့ပြစ်မှုတွေ ကျူးလွန်တာလည်း ယောင်္ကျားပဲ။ ဒီမှာ ယူဆချက်က ဘယ်လိုဖြစ်သွားလဲ ဆိုတော့
 ယောင်္ကျားဆိုတာ ခွေးတိရိစ္ဆာန်၊ မိန်းမဆိုတာ အပြစ်ကင်းစင်တယ်လို့  ထင်သွားကြတယ်။ “ ဒီအခါမှာ အမျိုးသမီး တစ်ယောက် မကောင်းတာ တစ်ခုခုလုပ်မိရင်၊ သူတို့ ကို အကုန်လုံးက ၀ိုင်းအပြစ်တင်၊ဒေါသထွက်ကြတယ်။ ဘာလို့ လည်းဆိုတော့ အပြစ်ကင်းစင်တယ်ဆိုတဲ့ သဘာဝနဲ့ ဆန့် ကျင်တာ လုပ်လိုက်မိလို့ ပေါ့” လို့ လူ့ အမူအကျင့်ဆိုင်ရာ နဲ့  အိမ်ထောင်ရေးပညာရှင် ပါမောက္ခ Christine Hartman က ဆိုပါတယ်။ ဖောက်ပြန်တဲ့နေရာမှာ အမျိုးသမီးကိုတော့ ကြာခိုတဲ့ကောင်မလို့ သမုတ်ကြပြီး အမျိုးသားကိုတော့ အမှားလေး လုပ်လိုက်မိတယ်လို့  သတ်မှတ်ကြပြန်တယ်။ တကယ်တမ်းတော့ အမျိုးသားကိုယ်တိုင်က အိမ်ထောင်ရှိရဲ့သားနဲ့ ဖောက်ပြန်တာ မဟုတ်ဘူးလား။

၂။ တခြားကောင်မလေး ကို မုန်းဖို့ ပိုလွယ်တယ်
ရိုင်းရိုင်းပြောရရင် မယားငယ်က အဓိက ပစ်မှတ်ပဲ။ အထူးသဖြင့် ကိုယ်နဲ့ မသိတဲ့ မိန်းကလေး ဒါမှမဟုတ် ကိုယ့်မိတ်ဆွေ မဟုတ်တဲ့ မိန်းကလေး ဆိုရင်ပေါ့။ ပြီးတော့ ကိုယ်ချစ်လို့ ယူထားတဲ့ ယောင်္ကျားကို အပြစ်တင် လိုက်ရမှာက စိတ်က သိကအောက်ဖြစ်စရာပါ။“ အမျိုးသားအပေါ် အပြစ်ပုံချမယ်ဆိုရင် ကိုယ့်ဘာသာကို နာနာကျင်ကျင် ပြန်မေးရမယ့် မေးခွန်းတွေပေါ်လာတတ်တယ်။ သူ ငါ့ကို မချစ်ဘဲ လိမ်ညာယူခဲ့တာလား။ ငါတို့ အိမ်ထောင်ရေးက အရေခြုံ သက်သက်ပဲလား။ သူက ငါထင်ထားတဲ့ လူစားမျိုး မဟုတ်ပါလား။ ငါ့လက်ကျန်ဘ၀လေးမှာ တစ်ယောက်တည်း နေရတော့မှာလား။ စသဖြင့် မေးခွန်းတွေ အစီလိုက်ပေါ်လာတတ်တယ်။ ဒါကြောင့်မို့ လို့ ၊ အများစုဟာ ကိုယ့် အိမ်ထောင်ဖက်ကိုလည်း လက်မလွှတ်ချင်ဘူး။ ဒေါသတွေကိုလည်း တစ်နေရာရာကို ပုံချမယ့်ရတော့မယ် ဆိုရင် ဟိုဘက်မိန်းကလေးကိုပဲ ပုံချတတ်ကြပါတယ်။

၃။ သူမက ကိုယ့်ချစ်သူကို သွေးဆောင်ဖြားယောင်းတာလို့ ထင်တတ်ကြပြန်တယ်
“ ငါသာ အဲ့ကောင်မကို မောင်းထုတ်လိုက်နိုင်ရင် အရာရာအဆင်ပြေသွားမှာ” ဘာလို့ လည်းဆိုတော့ အဲ့ ကောင်မက
သူ့ ကို ဖြားယောင်းနေပြီး သူ ဖောက်ပြန်အောင်လုပ်နေတာ။ ဒီလို တော်တော်များများ ထင်တတ်ကြပါတယ်။
 ယောင်္ကျားတွေဖောက်ပြန်ရတဲ့ အကြောင်းတွေ အများကြီးရှိပါတယ်။ ဒီမိန်းမတစ်ယောက်ကိုပဲ သူနဲ့ ပြတ်အောင်ဖြတ်
လိုက်နိုင်ရင် ကိစ္စပြီးပြီလို့ ထင်တာဟာ ဘာနဲ့ တူလည်းဆိုတော့ ရောဂါဖြစ်ရတဲ့ ဇစ်မြစ်ကိုမကုသဘဲ၊ ရောဂါလက္ခဏာ
 တွေကို သွားကုနေသလိုပါပဲ။

Ref: womenshealthmag 

Credit : http://www.trend.com.mm/2015/12/18/relationships-8381

No comments:

Subscribe

လာလည်သူများ

free counters