♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 18, 2015

"အမျိုးသား သီးသန့်ထောင်မှာ ကျခံနေရတဲ့ အမျိုးသမီးတစ်ဦး ထိတ်လန့်နေ "

ပတ်စ်ပို့ မှာ အမျိုးသားဖြစ်နေတဲ့ အမျိုးသမီးတစ်ဦးဟာ လုံခြုံရေးကြောင့် အမျိုးသားသီးသန့် အကျဉ်းထောင်မှာကျခံနေရ
တယ်လို့ သတင်းရရှိပါတယ်။

အမျိုးသားအဖြစ်နဲ့ မွေးလာတဲ့ လိင်အင်္ဂါပြောင်း အဲ့ဒီ့အမျိုးသမီးဟာ သူမရဲ့လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်နေပါတယ်။ အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့ Tara Hudson ဟာ သူမရဲ့ အရွယ်ရောက်ပြီးနောက်ပိုင်း ဘဝကကို အမျိုးသမီးတစ်ဦးအနေနဲ့ပဲ ဖြတ်သန်းခဲ့ပါတယ်။ ၆နှစ်တာအတွင်း လိင်အင်္ဂါပြောင်း ခွဲစိတ်မှုကို ခံယူနေခဲ့ပါတယ်။ သူမဟာ မိတ်ကပ်ပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခရစ်စမတ်တုန်းက ဘားတစ်ခုမှာ ခိုက်ရန်ဖြစ်ပြီး ရိုက်နှက်မှုနဲ့ ထောင် ၁၂ပတ် ကျခံနေရပါတယ်။ သူမရဲ့ ထောင်ဒဏ်ကို Category-B အမျိုးသား အကျဉ်းထောင်မှာ ကျခံရမယ်လို့ အောက်ရုံးတရား သူကြီးကနေ အမိန့်ချမှတ်လိုက်ပါတယ်။ သူမရဲ့ ပတ်စ်ပို့မှာ အမျိုးသားတစ်ယောက်အဖြစ်ပဲ ပြနေသေးလို့ပါ။

သူမဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေပြီဆိုတာ ဆရာဝန်တွေတောင်မှ အတည်ပြုပြီးပြီလို့ သူမရဲ့ မိခင်ကပြောပြီး ဒီလိုအမိန့်ချမှုကို ရှုံ့ချခဲ့ပါတယ်။ သူ့သမီးကို အမျိုးသားအကျဉ်းသားတွေရဲ့ သားကောင်ဖြစ်မှာကိုလည်း ထိတ်လန့်နေကြောင်း အကျဉ်းဦးစီးဆီကို စာရေးအကြောင်းကြားခဲ့ပါတယ်။

“သူမနဲ့ ပတ်သက်ပြီး ဘာယောကျာ်းလေးမှ မဟုတ်ဘူး။ ဘယ်သူမှ ခွဲခြားတတ်မှာလဲမဟုတ်ဘူး။ သူမပုံက အမျိုးသမီးတစ်ယောက်ပဲ။ အရမ်းလဲ လှတယ်။ အမျိုးသားတွေက သူမနောက်ကိုလိုက်ကြတော့မယ်ဆိုတာ ကျွန်မ သိတယ်။
အရှက်ခွဲကြမှာ။ ကျွန်မ သမီးကို လုံခြုံစိတ်ချစေချင်တယ်။ သူမ ရှိသင့်တဲ့ အမျိုးသမီး ပတ်ဝန်းကျင်တစ်ခုမှာနေဖို့ကို တရားရုံးအမိန့်အတွက် တိုက်ပွဲဝင်သွားမယ်။” လို့ မိခင်ဖြသ်သူ Jackie Brooklyn ကပြောခဲ့ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_35.html
Credit : http://simon-knowledge.blogspot.co.uk/2015/10/blog-post_172.html

No comments:

Subscribe

လာလည်သူများ

free counters