♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 15, 2015

" အသက် (၁၀၄) နှစ် ရှိပေမယ့် ဆံပင် အရောင် မပြောင်းလဲသူ အမယ်အို "

 
အသက်အရွယ်လေး ရလာရင် ခန္ဓာကိုယ်မှာ ပြောင်းလဲခြင်း သဘောတရားတွေ ရှိလာ တတ်ပါတယ်။ အထူးသဖြင့် လူအတော် များများဟာ အသက်ကြီးလာတဲ့ အခါ ဇရာရဲ့ သဘောအရ ဆံပင်တွေဖြူလာ တတ်ပါတယ်။ အချို့ဆိုရင် အသက် ငယ်ရွယ်စဉ်မှာ ကတည်းက ဆံပင်ဖြူတဲ့ လက္ခဏာ တွေပြနေတာမြင် တွေ့ဖူးပါ လိမ့်မယ်။ ဒါပေမဲ့ အင်္ဂလန်နိုင်ငံက အဘွားအို တစ်ဦးဟာ ကုသိုလ်ကံ ထူးခဲ့ပြီး အသက် (၁၀၄) နှစ်ပြည့် သွားပေမယ့် ဆံပင် အရောင် မပြောင်းမလဲ ရှိနေဆဲ ဖြစ်ပါတယ်။ကမ္ဘာစစ်ကြီး နှစ်ခုကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသူ ကိုဗင်ထရီမြို့သူ ဖရီဒါတေလာဟာ ပြီးခဲ့တဲ့ အပတ်မှာ အသက် (၁၀၄) နှစ် မွေးနေ့ကို ကျင်းပခဲ့ပြီး နုပျိုမှုကို ပြသခဲ့ပါတယ်။ ပင်စင်စား အဘွားအိုဟာ လက်ရှိ အချိန်အထိ ဆံကေသာနဲ့ ပတ်သက်တဲ့ အလှပြင် ပစ္စည်းတွေ တစ်ကြိမ်မှ အသုံးပြုခဲ့ခြင်း မရှိပါဘူး။ ဖရီဒါ တေလာပာာ နဂိုမူလ ပုံစံဖြစ်တဲ့ အညိုရောင် အတိုင်း ရှိနေဆဲ ဖြစ်ပါတယ်။ အချို့ကတော့ ဖရီဒါ တေလာ  ဆံပင်အရောင် မပြောင်းလဲခြင်း အပေါ်အံ့အားသင့်ခဲ့ကြ ပါတယ်။
ဒါ့အပြင် ဖရီဒါတေလာဟာ သတိရှိ နေဆဲ ဖြစ်ပြီး ငယ်စဉ်က အကြောင်းအရာ တွေကို မှတ်မိနေဆဲ ဖြစ်ပါတယ်။  ဖရီဒါတေလာက မိမိရဲ့ဆံကေသာဟာ ငယ်စဉ် ကတည်းက အတိုင်း ဖြစ်ကြောင်း၊ ဆေးလိပ်နဲ့ အရက် မသောက်ခြင်း ကြောင့် ပုံစံမပျက် ရှိနေဆဲ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။  ဖရီဒါတေလာဟာ အစ်ကိုတွေ ကြားမှာ ကြီးပြင်း လာပေမယ့် ဖခင် ဖြစ်သူရဲ့ တိုက်တွန်း မှုကြောင့် ဆေးလိပ် သောက်သုံးမှုကို  လုံးဝ ရှောင်ကြဉ်ခဲ့တာ ဖြစ်ပါတယ်။ ဖရီဒါတေလာဟာ ဒုတိယ ကမ္ဘာစစ် မတိုင်မီမှာ လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့ ပါတယ်။ဖရီဒါတေလာဟာ ငယ်စဉ် ကတည်းက အလုပ် ကြိုးစားခဲ့သူ ဖြစ်ပြီး ငွေလွှဲ လုပ်ငန်းမှာ ၀င်ရောက် လုပ်ကိုင်ခဲဖူး ပါတယ်။ ဖရီဒါတေလာက သူ့ အနေနဲ့ စစ်ကြီးနှစ်ခု အတွင်းမှာ အမှတ်ရစရာများ ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး မှတ်မိနိုင်မှု စွမ်းအားကို ပြသခဲ့ပါတယ်။ ဖရီဒါတေလာဟာ ငယ်စဉ်
ဘ၀က ရိုးစင်းစွာ နေထိုင်နိုင်ခဲ့ တာကြောင့် မှတ်မိနိုင်မှု စွမ်းအား ကောင်းနေဆဲ ဖြစ်ပြီး ဆံပင်အရောင် မပြောင်းလဲခြင်း ဖြစ်ကြောင်း ဒေးလီးမေးလ် သတင်းမှာ သုံးသပ် ရေးသားထားပါတယ်။ ဖရီဒါတေလာကို ၁၉၀၁ မှာ မွေးဖွားခဲ့ ပြီး မွေးချင်း ရှစ်ယောက် ရှိတယ်လို့ ဆိုထား ပါတယ်။

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=29884

No comments:

Subscribe

လာလည်သူများ

free counters