♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 17, 2015

" နှလုံးစူးအောင့်၍ ခွဲစိတ်ရာမှ သွားကြားထိုးတံ စိုက်နေကြောင်း တွေ့ရ "


အသက် ၄၂နှစ် ရှိပြီ ဖြစ်တဲ့ Horacio Rodriguez ဆိုသူဟာ နှလုံး စူးအောင့် နေရာမှ ခွဲစိတ်မှု ခံယူရာ သွားကြား ထိုးတံ တစ်ချောင်းကို ထူးဆန်းစွာ တွေ့ရှိခဲ့ ရပါတယ်။

နှလုံးကို သွားစိုက်နေတဲ့ သွားကြား ထိုးတံကို ဖယ်လိုက်တဲ့ အခါမှာတော့ သူဟာ နေပြန်ကောင်း လာတယ်လို့ သိရပါတယ်။

အဲ့ဒီ့သွားကြားထိုးတံဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သူ အမှတ်မထင် မြိုချမိခဲ့ တာဖြစ်တယ်လို့ သူကပြော ပါတယ်။ ၇နာရီကြာ ခွဲစိတ်ပေး ခဲ့ရတဲ့ ဆရာဝန်တွေ ကတော့ သူတို့ရဲ့ ရှာဖွေတွေ့ရှိ မှုကို တအံ့တသြ ဖြစ်လို့နေ ပါတယ်။

Horacio ဟာ အဖျားကြီးတာကို အဆုတ်ရောင် တာလို့ မှားယွင်း စစ်ဆေး မိခဲ့ပြီးနောက် ဆေးရုံတက်ခဲ့ရပါတယ်။ သူ့မှာ နှလုံးပိုးဝင်နေပြီး သွေးအန်ကာ ရင်ဘတ်နားတွေကို ခံစားနေခဲ့ရပါတယ်။ သူ့ရဲ့ နှလုံးထဲမှာ မရှိသင့်တာ တစ်ခုခုရှိနေပြီဆိုတာ ခွဲစိတ်ဆရာဝန်တွေက သိခဲ့ပြီး Ferbabdez ဆေးရုံမှာ နှလုံးကို ခွဲစိတ်ဖို့ ပြုလုပ်ခဲ့တာပါ။

Horacio ဆယ်ကျော်သက် တုန်းက သွေးကူးပြောင်း ခဲ့ရဖူးပြီး သွေးထုတ်ယူတဲ့ ပြွန်သေး တစ်ခု ကျန်နေတာလို့ ဆရာဝန်တွေက ထင်ခဲ့ မိပါတယ်။ နှလုံးခွဲစိတ်ရင်း သွားကြားထိုးတံ ရှာတွေ့တယ် ဆိုတာ ရှားရှားပါးပါးပါ။

“Horacio နေပြန်ကောင်းလာတဲ့ အခါ သူ့ထဲမှာ ဘာတွေ့ ခဲ့တယ်ဆိုတာ ကျွန်တော် ပြောပြတော့သူကရယ်တော့ တာပဲ။ ပြီးခဲ့တဲ့ နှစ်တုန်းက စားမြိန်တာတွေ သူ အများကြီး စားခဲ့ ကြောင်းကို ဝန်ခံခဲ့တယ်။” လို့ နှလုံးအထူးကု ဆရာဝန်
Fernando Cichero ကပြောခဲ့ ပါတယ်။

“ကျွန်တော် ဘာဖြစ်တယ် ဆိုတာ ဆရာဝန်တွေ သေချာ မသိခဲ့တာကြောင့် ကျွန်တော့်မှာ ဆေးရုံကို ခြောက်လလောက် တက်လိုက် ဆင်းလိုက် လုပ်ခဲ့ရတယ်။” လို့ Horacio ကပြောခဲ့ပါတယ်။

Ref: Mirror

Original link - http://knowledge.thithtoolwin.com/2015/10/blog-post_43.html

Credit : http://simon-knowledge.blogspot.co.uk/2015/10/blog-post_86.html

No comments:

Subscribe

လာလည်သူများ

free counters