♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 28, 2015

" အိမ်ထောင်ရေးတစ်ခုမှာ ခင်ပွန်းသည်ကို ဘယ်တော့မှ မပြောသင့်တဲ့အကြောင်းအရာ (၆)မျိုး "

နှုတ်မစောင့်တာကြောင့် အိမ်ထောင်ရေး မပျက်ပြားရပါစေနဲ့ ။ တစ်ချို့ အရာလေးတွေဟာ မပြောဘဲ ထားတာက ပိုကောင်းပါတယ်။ တကယ့်လို့ သက်ဆုံးတိုင်ပျော်ရွှင်စွာနေသွားရတဲ့ အိမ်ထောင်ရေးတစ်ခုကို လိုချင်တယ်ဆိုလို့ ရှိရင် သင့်အနေနဲ့ ခင်ပွန်းဖြစ်သူကို ဘယ်တော့မှမပြောသင့်တဲ့အကြောင်းရာလေးတွေ ရှိပါတယ်။

၁။ ရှင့်အသက်နဲ့ ဒါတွေလုပ်စရာလား
ရံဖန်ရံခါ သူမနက်လောက်မှ အိမ်ပြန်လာတာမျိုးတွေရှိမယ်။ ကလပ်မှာ ပုလင်းဖောက်ရင်ဖောက်မယ်။ သူ ပျော်သလိုနေတာမျိုးတွေရှိမယ်။ ဒါတွေကို ကိုယ့်အသက်အရွယ်နဲ့ ဒါတွေလုပ်စရာလားလို့ မပြောသင့်ပါဘူး။ စိတ်က အိုနေလို့ သာအသက်ကအိုနေတာပါ။ ကိုယ့်ရဲ့ ကလေးဆန်တဲ့အတွင်းစိတ်ကို ထိန်းချုပ်မထားရင်၊ အိမ်ထောင်ရေးတစ်ခုဟာ ရင်ခုန်ပျော်ရွှင်ဖို့ ကောင်းပါတယ်။

၂။ ရှင့်ရဲ့ ကလေးအဖေခန္ဓာကိုယ်ပုံစံမျိုးကို ကျွန်မကြိုက်တယ်
ဒီလိုမျိုးလည်းမပြောပါနဲ့ ။ အဆီတစ်ထပ်၊ကြွက်သားတစ်ထပ်နဲ့ ကလေးအဖေခန္ဓာကိုယ်မျိုးက မိုက်တယ်လို့ မိန်းကလေးတော်တော်များများလက်ခံထားတာ မှန်ပါတယ်။ ဒါပေမယ့် သင့်ခင်ပွန်းက ဒီလိုမြှောက်လုံးကို သူတကယ်များကလေးအဖေဖြစ်ပြီလားဆိုပြီး ရှော့ခ်ရသွားနိုင်ပါတယ်။

၃။ အိုး.ရှင်တော့ထိပ်ပြောင်နေပြီ
တကယ့်ချက်ကောင်းကိုထိတာပဲ။ အမျိုးသမီးတွေမသိတာက၊ အမျိုးသားတွေဟာ သူတို့ ရဲ့ဆံပင်ကျွတ်၊ ဆံပင်တွေဆုံးရှုံးရတာနဲ့ ပတ်သတ်ပြီး လုံးဝဆတ်ဆတ်ထိမခံပါ။ ဒါကြောင့် သူ ခေါင်းထိပ်မှာ တဖြည်းဖြည်း ပြောင်လာရင်တောင် သွားမပြောပါနဲ့ ။

၎။ ဟင် - စားနိုင်လှချည်လား။ ထပ် စားဦးမလို့ လား။
နှစ်ယောက်လုံး ကျန်းမာရေးနဲ့ ညီညီစားမယ်လို့ ကတိက၀တ်ပြုထားပြီး တစ်ယောက်မေ့သွားရင် တစ်ယောက် ထောက်ပေးဖို့ မလုပ်ထားရင်တော့ သွားမပြောပါနဲ့ ။ သူ့ ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ပတ်သတ်ပြီး သူ စိတ်စနိုးစနောင့်ဖြစ်အောင်သွားလုပ်တာက မကောင်းပါဘူး။ အထူးသဖြင့် သူ့ သူငယ်ချင်းတွေအရှေ့ မှာပေါ့။

၅။ ကျွန်မပဲ အကုန်လုပ်နေရတယ်
သူမလုပ်တဲ့အရာတွေကို တဖျစ်တောက်တောက်ပြောနေမယ့်အစား၊
သူလုပ်ပေးတဲ့အရာလေးတွေအတွက် သူ့ ကို ကျေးဇူးတင်ကြောင်း အမွှမ်းတင်ပြောပေးပါ။ ထူးခြားတဲ့ အပြောင်းအလဲလေးတွေကို သင်တွေ့ ရပါလိမ့်မယ်။

၆။ ရှင်ငြင်းတော့မှာကျွန်မသိပါတယ်လေ၊ ဒါပေမယ့်လေ -
ဒီလိုအစချီပြီးပြောတဲ့စကားကြောင့် သင့်ခင်ပွန်းက သင်တောင်းဆိုသမျှကိုလိုက်လျောပေးဖို့ ဖြစ်နိုင်ခြေက သုည ပါပဲ။ သင် လိုချင်တဲ့အဖြေကိုရဖို့  ဒါမှမဟုတ် အနည်းဆုံးတော့ သူခေါင်းညိတ်နိုင်ခြေ ရာခိုင်နှုန်းလေးတိုးသွားအောင်လို့ စကားကို စီတတ်ဖို့ လဲလိုပါတယ်  ( ဥပမာအားဖြင့် အရင်တစ်ခေါက် ပန်းခြံသွားတာ တို့ တော့သိပ်ပျော်တာပဲ။ မနက်ဖြန်လောက်ထပ်သွားကြမလားဟင် ) စတာမျိုးပေါ့။
Ref: yourtango

Credit : http://www.trend.com.mm/2015/12/24/relationships-8429

No comments:

Subscribe

လာလည်သူများ

free counters