♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 27, 2015

"ကျွန်မအားကိုးတဲ့ချစ်သူ "


ကျွန်မ အတွက်
ကျွန်မရည်းစားရဲ့ရုပ်ရည်က အရေးမကြီးဘူး
ကျွန်မအပေါ် သစ္စာရှိပေးနိုင်ရင်ရပီ
ခုခေတ်က ရုပ်ချောချော ရုပ်ဆိုးဆိုး သစ္စာဖောက်တတ်လွန်းလို့..

ကျွန်မ အတွက်
ကျွန်မရည်းစားရဲ့ ဝင်ငွေသုံးနိုင်ငွေ အရေးမကြီးဘူး
ကျွန်မနဲ့အတူတူ အေးအတူပူအမျှ
လက်တွဲနိုင်ရင်ရပီ
ခုခေတ်က ပိုက်ဆံရှိရှိ မရှိရှိ သစ္စာဖောက်တတ်လွန်းလို့..

ကျွန်မ အတွက်
ကျွန်မ ရည်းစား ဘာကောင်ဆိုတာ လုံးဝ အရေးမပါဘူး..
တကယ် အရေးပါတာက
ကျွန်မကို ဂရုစိုက်ရမယ်
ကျွန်မနဲ့ အတူတူ အရာရာကိုကျော်ဖြတ်နိုင်ရမယ်
လူကြားထဲမှာ ကျွန်မလက်ကိုချိတ်ပီး ဒါကျွန်တော့ချစ်သူလို့
ရင်ကော့ခေါင်းမော့ သွားနိုင်ရမယ်

anni day လေးတွေတိုင်းမှာ anni sms လေးပို့တတ်ရမယ်
တန်ဖိုးကြီးလက်ဆောင်တွေ မလိုချင်ဘူး
အမှတ်တရ ပစ္စည်းသေးသေးလေးလောက်ဆိုကျေနပ်ပီ

ကျွန်မ အပေါ်မှာ စိတ်ရှည်သည်းခံတတ်ရမယ်
အသောက်အစားကင်းစရာမလိုဘူး
အလွန်အကျွံ မဖြစ်ရင်ရပီ
night out မသွားနဲ့မတားဘူး
သစ္စာရှိပေးရင် ရပီ

မိန်းမ တစ်ယောက်လို အပြင်ထွက်ခါနီးတိုင်း ပြင်ဆင်နေစရာမလိုဘူး
တီရှပ်နဲ့ဂျင်းတထည် ဆို ယောက်ျားတယောက်ကကြည့်ကောင်းပီ

မိန်းကလေး သူငယ်ချင်းတွေနဲ့ မခေါ်စရာမလိုဘူး
သူတို့ရှေ့မှာ ကျွန်မလက်ကို မဖြုတ်တမ်းတွဲထားပီး
ကျွန်မကို နွေးနွေးထွေးထွေး ဂရုစိုက်ပေးရင် ရပီ

ရိုးသားတဲ့ဖိုးသကြားလေးလို ဟန်ဆောင်စရာမလိုဘူး
မကျေနပ်ရင် မကျေနပ်ဘူး ပြောပီး ပွင့်ပွင့်လင်းလင်း ရှိပေးရင်ရပီ
ကျွန်မရှေ့ကနေ ဘယ်ကိစ္စမဆို မားမားမတ်မတ်ရပ်တည်ပေးပီး
ကျွန်မ အားကိုးလို့ ရရင် ရပီ

Credit : http://www.lwinpyin.com/2015/12/blog-post_336.html

No comments:

Subscribe

လာလည်သူများ

free counters