♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 1, 2016

" ၂၀၁၅အတွင်း မြင်တွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ အလှအပဆိုင်ရာ ပြသနာများ "

 
ကျွန်မတို့အမျိုးသမီးတွေဟာ အလှအပနဲ့ ပတ်သက်လာရင် တစ်ခုခုကို မပြင်ဆင် မခြယ်သခင် ကိုယ်သုံးမယ့် အလှကုန်ရဲ့ နောက်ကြောင်းရာဇ၀င်၊ ဒါမှမဟုတ် ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုး ရှိနိုင်သလဲဆိုတာ အနည်းဆုံး သိထားသင့်ပါတယ်။ ကိုယ်သုံးမယ့်အလှကုန်နဲ့ ကိုယ့်အသားအရေ၊ ကိုယ့်ဆံပင်သား စတာတွေနဲ့ အဆင်ပြေပါ့မလားဆိုတာကိုလည်း သေချာထည့်တွက်ပြင်ဆင်ပြီးမှသာ သုံးသင့်ပါတယ်။ မဟုတ်ရင် မထင်မှတ်ထားတဲ့ ဆိုးကျိုးတွေ ကြုံတွေ့နိုင်လို့ပါ။ ဘယ်လောက်ကောင်းတဲ့ အမျိုးအစားဖြစ်ဖြစ် တစ်ခြားလူတွေနဲ့ အဆင်ပြေပြီး ကိုယ်နဲ့လုံးဝမဆင်မပြေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ခုပြောပြပေးမှာကတော့ ၂၀၁၅ခုနှစ်အတွင်း မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အလှအပရေးရာ ပြသနာတွေပဲ ဖြစ်ပါတယ်။

၁။အနက်ရောင် henna တက်တူးကြောင့် အသားလောင်ခဲ့ရတဲ့ ဆယ်ကျော်သက်
ယာယီခံ လက်မှာဆေးဆိုးသလို ဆိုးကြတဲ့ henna တက်တူးအကြောင်း ကြားဖူးကြမှာပါ။ အရင်တုန်းကတော့ ဒါဟာ အိန္ဒိယက အမျိုးသမီးတွေ ရိုးရာနည်းအဖြစ် အမြဲဆိုးကြပါတယ်။ အရောင်ကတော့ အနက်ရောင် နည်းပါတယ်။ အညိုရောင်လိုလို၊ ရွှေအိုရောင်လိုလို အရောင်တွေများပါတယ်။ ခုတစ်ခါမှာတော့ အသက် ၁၆နှစ်အရွယ် Mary Bates အမည်ရတဲ့ တူရကီက ဆယ်ကျော်သက် ကောင်မလေးက သူမခြေသလုံးဘေးဘက်အခြမ်းမှာ dreamcatcher ပုံ henna ဆေးဆိုးလိုက်ပြီး သိပ်မကြာခင်မှာပဲ ခြေထောက်ဟာ ယောင်ကိုင်းလာခဲ့ပါတယ်။ အဲ့ဒီနောက် အသားလောင်သလို ဖြစ်လာကာ သွေးတွေပါ ထွက်လာခဲ့တာပါ။ ဒီလိုဖြစ်ခြင်းဟာ တကယ် henna အရောင်အညိုကို မသုံးပဲ ဓာတုဆေးဝါးတွေနဲ့ ဖော်စပ်ပြုလုပ်ထားတဲ့ အနက်ရောင် henna ကို အသုံးပြုခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ခုဆိုရင် Mary ဟာ သူ့အသားကို နေရောင်တောင် ပေးထိလို့မရတော့လောက်အောင် ဂရုစိုက်ကာကွယ်နေရပါတယ်။ ဒါ့အပြင် သူမခုလိုကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ကြောက်လန့်နေတာကြောင့် ဆံပင်အရောင်တောင် မဆိုးရဲတော့ဘူးလို့ သူမက ဆိုလိုက်ပါတယ်။

၂။Halloween ပါတီအတွက် တပ်ခဲ့တဲ့ မျက်ကပ်မှန်ကြောင့် မျက်လုံးကန်းမလို ဖြစ်နေရတဲ့ ဆယ်ကျော်သက်
သရဲကြီးများညအတွက် ပြင်ဆင်ရာမှာ Zombie တွေလို ပြင်ဆင်သွားဖို့ စဉ်းစားခဲ့တဲ့ Leah Carpenter ၁၇နှစ်ဟာ မျက်ကပ်မှန်ကိုလည်း ကာလာတွေနဲ့ ပြောင်းတပ်ဖြစ်ခဲ့ပါတယ်။ ညဘက်သောင်းကျန်းပြီး အိပ်ပျော်သွားချိန် ပြန်နိုးလာတဲ့အချိန်မှာတော့ မျက်ကပ်မှန်က မျက်လုံးရဲ့ အပေါ်လွှာကို စားထားသလို ဖြစ်နေပါပြီ။ သူမဟာ ခုချိန်မှာ မျက်လုံးအတွက် ကုသနေရဆဲဖြစ်ပြီး တစ်သက်လုံး မျက်မမြင်တစ်ယောက်အနေနဲ့ အသက်ဆက်ရှင်သန်သွားရမလားဆိုတာတောင် မသိသေးပါဘူးတဲ့။

၃။မျက်ခုံးမွှေးအတွက် treatment ယူခြင်းကနေ မျက်ခုံးမွှေးတွေ အားလုံးပြောင်သွားခဲ့ရတဲ့ ဆယ်ကျော်သက်
ကိုယ့်မျက်ခုံးမွှေးကို ကိုယ်သဘောမကျတာကြောင့် မျက်ခုံးမွှေးထူထူလေးနဲ့ အထာကျအောင် treatment ယူခဲ့တဲ့ ဆယ်ကျော်သက် Polly Smith ဟာ ခုချိန်မှာတော့ သူမလုပ်ခဲ့တဲ့ treatment အတွက်ပဲ ပြန် ကုသမှုခံယူနေရပါတယ်။ သူမက သူမရဲ့ မျက်ခုံးမွှေးကို ဖယောင်းသုံးကာ ပုံသွင်း အရောင်ဆိုးဖို့ ပြုလုပ်ခဲ့ပြီး မကြာခင်မှာ မျက်ခုံးမွှေးတွေဟာ အနီရောင်ပြောင်သွားပြီး စတင်နာကျင်လာခဲ့ပါတယ်။ နောက်နေ့မနက်ရောက်တဲံ အခါမှာတော့ သူမမျက်လုံးတစ်ဝိုက် ယောင်ကိုင်းနေပြီး မျက်လုံးတောင် မဖွင့်နိုင်လောက်အောင် ဖြစ်ခဲ့ပါတယ်။ Polly က ဆရာဝန်ဆီရောက်သွားချိန်မှသာ သူမဟာ သူမဆိုးခဲ့တဲ့ အရောင်နဲ့ပတ်သက်ပြီး allergic ဖြစ်ခဲ့ပြီး မကြာခင်မှာတော့
မျက်ခုံးမွှေးတွေဟာ တစ်မွှေးချင်း အကုန်ကျွတ်ထွက်သွာတယ်လို့ သိရပါတယ်။

၎။ဆံပင်အရောင်ဆိုးရာမှ allergic ဖြစ်ပြီး မျက်နှာတစ်ခုလုံးယောင်ကိုင်းသွားခဲ့ရတဲ့ ဆယ်ကျော်သက်
ဆံပင်ဆိုးတဲ့အခါ ကိုယ်ဆိုးတဲ့အလှကုန်ထဲပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် allergy ဖြစ်ကြတာ မကြာခဏပါပဲ။ ခုလည်း ခုလို အဖြစ်မျိုးကြုံရခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ အဖြစ်ကတော့ ဆံပင်အရောင်ဆိုးပြီး မျက်နှာတစ်ခုလုံး ယောင်ကိုင်းသွားခဲ့ရပါတယ်။ ဒီ ဆံပင်ညှပ်ဆိုင်မှာပဲ အရင်တစ်ခါက ဆိုးခဲ့ဖူးတာကြောင့် ခုတစ်ခါ ခုလိုဖြစ်ရခြင်းအကြောင်းကို အဖြေရှာမရဘူးလို့ သူကဆိုပါတယ်။ ခုချိန်မှာတော့ အဲ့ဒီဆယ်ကျော်သက်ဟာ ဆံပင်ကို တစ်သက်လုံးမဆိုးတော့ဘူးလို့ ဖွင့်ဟထားပြီး ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို တော်တော်လေး ကြောက်နေတယ်လို့ ဆိုပါတယ်။

၅။လက်သည်းဖျက်ဆေးကြောင့် လက်သည်းခွံတွေ အရောင်ပြောင်းသွားတဲ့အထိ ဖြစ်သွားခဲ့ရတဲ့သူ
လက်သည်းအလှဆင်ရတာ၊ ပုံဖော်ရတာ ကြိုက်နှစ်သက်သူတွေအတွက် လက်သည်းဖျက်ဆေးတွေကို သေချာရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်သည်းဖျက်ဆေးကြောင့် လက်သည်းခွံတွေ ပျက်စီးခဲ့ရတဲ့အထိ ကြုံရသူတွေ ရှိလာလို့ပါ။ တစ်ချို့တွေ အသုံးအပြုလာတဲ့ လက်သည်းဖျက်ဆေးအချို့ဟာ လက်သည်းခွံတွေကို ပျက်စီးစေတဲ့အထိ ဓာတုပစ္စည်းတွေ အလွန်အကျွံထည့်သွင်းဖော်စပ်ထားတယ်လို့ သိရပါတယ်။
Ref:cosmopolitan

Credit : http://www.trend.com.mm/2015/12/30/beauty-8459

No comments:

Subscribe

လာလည်သူများ

free counters