♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
December 28, 2015
"ချစ်သ.ူလက်ကိုင်နည်းများ"
ကိုယ့် ချစ်သူရဲ့ အေးစက်နေတဲ့ ..လက်ကလေးတွေကို ကိုင်ပြီး..အားပေးဖူးမှာပါ...။လက်ကလေးတွေကိုကိုင်ပြီး.အားပေးတာဟာ ချစ်သူရည်းစားတွေမှာမှ မဟုတ်ပါဘူး
ဟာ..တခြားအသားထိတွေ့ မှု တွေထက် အဆတရာမက သာတဲ့ ..သဘောကို ဆောင်ပါတယ် .။လက်ကနေတဆင့် ..ချစ်သူ ရဲ့ နှလုံးသားဆီကို... ခွန်အားတွေ..ချစ်ခြင်းမေတ္တာတွေ..စီးဆင်းစေတဲ့..သဘောပေါ့ ..တစ်ယောက်လက်ကို တယောက် ဘယ်လို အဓိပါယ်အရှိဆုံးကိုင်ကြမလဲ ဆိုတာ....
၁။ လက်ကလေးကို ငြိမ်သက်စွာကိုင်ကြမယ်.......
         ဒီနည်းက အရိုးရှင်းဆုံးလက်ကိုတဲ့ နည်းပါ...ချစ်သူ့ ရဲ့ လက်ကလေးကို..ငြိမ်ငြိမ်..နဲ့ ..မြဲမြဲ ..ဆုပ်ကိုထားတဲ့ .ပုံစံပါ..။ လူ ကြားထဲမှာ..ပူးပူးကပ်ကပ်နေတယ်ဆိုတဲ့ ..စကားတွေကနေကင်းဝေးစေမှာပါ...။ ဒီနည်းလေးကလူ ကြားထဲ သွားတဲ့ အခါ formal အကျဆုံးနဲ့ .. အတင်းအဖျင်းတွေကနေ...ကင်းဝေးစေမှာပါ...ဒီနည်းလေးက ရိုးရှင်းပေမယ့် ...နှလုံးသားခြင်းနီး စပ်စေပါတယ်...
၂။ လက်ချောင်းလေးတွေကို ချိတ်ဆက်ယှက်နွယ်ပြီးကိုင်တဲ့နည်း
        တစ်ယောက်လက်ချောင်းလေးတွေကို နောက်တစ်ယောက်ရဲ့
လက်ချောင်းလေးတွေနဲ့ ချိတ်ဆက်ပြီးကိုင်တဲ့နည်းလေးပေါ့
တစ်ယောက်နဲ့တစ်ယောက် ကို ပိုမိုရင်းနှီးစေတဲ့ အသွင်လေးကိုလည်း
ဖော်ဆောင်ပါတယ်။ ချစ်သူနှစ်ဦးတည်း ကြည်ကြည်နူးနူးလျှောက်
သွား ကြတဲ့အချိန်မျိုးမှာ ဒီလိုလေး လက်ကိုင်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။
၃။ လက်ချောင်းလေးတစ်ချောင်းတည်းကို ဆုပ်ကိုင်နည်း
        ချစ်သူရဲ့ လက်ချောင်း လေးတွေထဲက ကိုယ်နှစ်သက်တဲ့ လက်ချောင်းလေး
တစ်ချောင်းထဲကိုပဲ မြတ်မြတ်နိုးနိုး ဆုပ်ကိုင်ခြင်းဟာလည်း နှစ်ဦးသားကြားက
ချစ်ခြင်း တရားတွေကို ပိုမိုရင်းနှီးစေပါတယ်။ များသော အားဖြင့် လက်ညှိုး
လေးတစ်ချောင်း တည်းကို ကိုင်ကြတာတွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီနည်းလမ်း
လေးကတော့ နည်းနည်း အပျော် သဘောကို ဆောင်ပါတယ်။ ပြောချင်တဲ့
ပွိုင့်က အပျော်တမ်းထားတဲ့ ရည်းစားတွေကို လက်ကိုင် တဲ့အခါ
ကိုင်တဲ့နည်းလေးပါတဲ့။
၎။ လက်ဖ၀ါးလေးတွေကို ဖျစ်ညှစ်ကိုင်ခြင်း
ချစ်သူရဲ့လက်ကလေးကို ရိုးရိုးတန်းတန်းကိုင်ထားရင်းနဲ့ပဲ လက်ဖ၀ါးလေးတွေကို
ဖျစ်ညှစ်ဆုပ်ကိုင်ပေးခြင်း ဟာ နှစ်ဦစလုံးအတွက် စိတ်အပန်း ဖြေရာ သဘောကို
လည်း ဖော်ဆောင်ပါတယ်တဲ့၊ နှစ်ဦးသားကြားက ကြည်နူးစရာအချိန်လေးတွေကို
တစ်ယောက် လက်ကလေးကို တစ်ယောက်ဖျစ်ညှစ်ဆော့ကစားရင်းကုန်ဆုံး
စေနိုင်ပါတယ်။ အတူတူ ယှဉ်တွဲထိုင်ကြတဲ့အခါမျိုးမှာ လက်ကိုင်ဖို့
အကောင်းဆုံးနည်းလေးတစ်ခုပါပဲ။
၅။လက်နှစ်ဖက်လုံးဖြင့် ခပ်ဖွဖွဆုပ်ကိုင်ခြင်း
        တစ်ယောက်ကိုနောက်တစ်ယောက်က လက်နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင် ထားတဲ့
ပုံစံမျိုးလေးပါ။ နှစ်ဦးနှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်ထားတဲ့ပုံစံမျိုးလေးပါ။နှစ်ဦးသား မျက်နှာချင်း
ဆိုင်ရပ်နေကြတဲ့အခါမျိုးမှာ ပြုလုပ်ဖို့အကောင်းဆုံးနည်း လမ်းလေးဖြစ်တဲ့အပြင်
ကိုယ့်နှလုံး သား ထဲက ခွန်အားတွေ၊ ချစ်ခြင်းမေတ္တာတွေကို လက်သွေးကြောလေး
တွေဆီကနေတဆင့် ကိုယ်စီရင်ထဲကို စီးဆင်းစေပြီး ရင်းနှီးမှုလည်းပိုစေပါတယ်တဲ့ရှင်။
ချစ်သူကပေးတဲ့ လုံခြုံမှု၊ မြတ်နိုးမှုတွေကိုလည်း အသေအချာရရှိခံစားစေမှာဖြစ်ပါတယ်။
၆။ လက်ဖ၀ါးလေးတွေကို ပွတ်သပ်ကိုင်တွယ်ခြင်း
      ဒါလေးကလည်း ရင်းနှီးနွေးထွေးမှု ပိုရရှိစေပြီး မရိုးမရွလေးဖြစ်စေပါတယ်တဲ့။
(ဘာလဲတော့မသိဘူး) ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ သတိမထားမိစေဘဲ ချစ်သူရဲ့
လက်ဖ၀ါးလေးတွေကို ပွတ်သပ်ကျီစယ်နိုင်ပါတယ်။ လက်ချောင်းလေးတွေကို
up and down ပွတ်သတ်ပေးခြင်းဟာလည်း အရမ်းကို romantic ဖြစ်စေပါတယ်တဲ့။
၇။လက်ဖ၀ါးလေးတွေကို နမ်းရှုပ်ပြီးကိုင်ခြင်း
     ချစ်သူနှစ်ဦးတည်းရှိနေကြတဲ့အချိန်မှာ လက်ကိုင်ဖို့ အကောင်းဆုံး နည်းလမ်းလေး
ဖြစ်ပါတယ်။ ချစ်သူက ကိုယ့်လက်ကလေးကိုနမ်းမယ့်အခိုက်မှား လက်ကလေးတွေက
သန့်ရှင်း လှပနေရင်တော့ အကောင်းဆုံးပေါ့.....
၈။လက်ညှိုးနဲ့လက်မညှပ်ပြီး ကိုင်ခြင်း
         ဒီနည်းလမ်းလေးက နည်းလမ်းကောင်းလေးတော့မဟုတ်ပါဘူး။
ကိုယ့်ချစ်သူကို အလေးအနက်မထား ရာရောက်ပါတယ်။ နှစ်ဦးကြားက
ဆက်ဆံရေးဟာ တင်းမာ မနေဘူးဆိုရင်တော့ စိတ်လှုပ်ရှားစရာ၊
ပျော်စရာတ မျိုးဖြစ်မှာ မှန်ပေမယ့် အခြေအနေမကောင်းဘူးဆိုရင်တော့
ဒီနည်းလေးကို လုံးဝကိုမသုံးသင့်ပါဘူး....
၉။ နွေးထွေးစွာ လက်ကိုင်ခြင်း
         အပြင်မှာ ရာသီဥတုက အေးနေပြီ.... ချစ်သူ့ ရဲ့ လက်ကလေးတွေက လည်းအေးနေပြီဆိုရင်...ဒီနည်းက အသင့် လျော်ဆုံးပေါ့ ...။ကို့ ချစ်သူ့ နဲ့ လဲ နှစ်ယောက်ထဲရှိနေတယ်။ ဒီလိုအချိန်မျိုးမှာ....တစ်ယောက်ကိုတစ်ယောက်..နွေးနွေးထွေးထွေး..လက်ကလေးကိုကိုင်ထားခြင်းဟာ...ဘာနဲ့ မှမတူတဲ့ မေတ္တာဓာတ်ကို ခံစားရမှာပါ....
၁၀။ သင်္ကေတများဖြင့် လက်ကိုင်ခြင်း
          သမားရိုးကျမဟုတ်တဲ့ လက်ကိုင်နည်းလေးဖြစ်ပေမယ့် ဒီနည်းလေးကို
အရမ်းကျွမ်းတဲ့သူမျိုးတွေ အတွက်ကတော့ တစ်ကယ့်ကို ပျော်စရာ ကောင်းတဲ့
နည်းလေး ဖြစ်မှာပါ။ တစ်ယောက်ကိုတစ်ယောက် မြတ်မြတ် နိုးနိုးချစ်ပါတယ်
ဆိုတာလေးကို လက်ကိုင်ပြီး သင်္ကေတလေးတွေနဲ့ ဖော်ဆောင်တဲ့သဘောမျိုးလေးပါ၊
ချစ်သူက ကိုယ့်လက်ကလေးကို သုံးခါတိတိဖျစ်ညှစ်တယ်ဆိုရင် ဒါဟာ I Love You
လို့အဓိပါယ်ရပြီး ကိုယ်က လည်းသူ့လက်ကလေးကို လေးခါတိတိပြန်လည်ဖြစ်ညှစ်ရင်
I Love You Too လို့ အဓိပါယ်ရပါတယ်.....
သူငယ်ချင်းတို့် လဲ..ဖတ်ပြီးတာနဲ့ ...ကို့ ချစ်သူကို ကိုယ်တိုင်...အဓိပါယ်ရှိရှိ...လက်ကိုင်နိုင်ကြပါစေ.........( မဘဇာ အားခရတ်ဒစ်ပေးပါသည်။)
အချစ်တက္ကသိုလ်....စိုင်းရွှေတိုး
Credit : http://kaungkinnatmin.blogspot.co.uk/2015/01/blog-post_70.html?m=1
No comments:
Subscribe
လာလည်သူများ
free counters