♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 2, 2016

"သင် ကြိုက်နေတဲ့ ကောင်မလေးကို ဆက်မလိုက်သင့်တော့တဲ့ အခြေအနေ လက္ခဏာများ"

 
စွန့်လွှတ်ဖို့ သင်ယူရတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေမှာ သင် စိတ်ဝင်စားနေသူက သင့်ကို ပြန်စိတ်မဝင်စားရင် ဖြစ်ဖြစ်၊ သင့်ရဲ့ စိတ်နှလုံးအတွက် အဆိပ်အတောက်ဖြစ်နေရင်ဖြစ်ဖြစ် စွန့်လွှတ်ရမှာပါ။ အောက်ပါ ဖော်ပြပါ လက္ခဏာလေးတွေက သင့်ကို စွန့်လွှတ်ဖို့ အချိန် ရောက်တဲ့အကြောင်း ပြောပြပါလိမ့်မယ်။
. သင့်စိတ်ကြိုက်ပုံစံ မဟုတ်တာ
စောစောသိလေ၊ စွန့်ခွာဖို့လွယ်လေပါ။ သင်တို့နှစ်ယောက် ဝါသနာတူတာ တစ်ခုမှမရှိရင်၊ စိတ်သဘောခြင်း အမြဲ ကွဲလွဲနေရင် သင် ကံဆိုးတာပါပဲ။ သူမကိုလဲ အပြစ်မတင်ပါနဲ့။ သူမလဲ
သူမစိတ်ကြိုက် ဘဝကို ရွေးခွင့် ရှိပါတယ်။
. သင်က သူမအတွက် အစားထိုးအလွမ်းဖြေစရာလေးပဲ ဖြစ်နေတာ
သင်နဲ့တွဲတာ သူမရဲ့ အတိတ်က ရုန်းထွက်နိုင်ဖို့ပါ။ တကယ်လို့ သင် ဒီလိုအခြေအနေကြုံနေရရင်တော့ စွန့်ခွာဖို့ အချိန် ရောက်ပါပြီ။ ပြေလုဆဲဆဲ ကြိုးမျှင်တစ်ချောင်းကို ဘယ်ယောက်ျားကောင်းမှ ဆွဲမထားပါဘူး။
. သင်က အပျင်းဖြေစရာ ဖြစ်နေတာ
သူမက ပျင်းလွန်းလို့ သင့်ကို အပျော်လောက်ပဲ တွဲနေတာလဲ ဖြစ်နိုင်ပါတယ်။ အဲဒိလိုအခြေအနေမျိုးမှာ သင်က သူမအတွက် ဘာအဓိပ္ပါယ်မှ မရှိပဲ အပျော်သက်သက်လောက်ဖြစ်လို့ စိုးရိမ်သင့်ပါတယ်။
. သင့်ချစ်စကားကို လုံးဝမငြင်းရလောက်အောင် အားနာနေတာ
သူမက မိန်းမကောင်းလေးပါ။ အရမ်းရက်ရော အားနာ သနားတတ်ပါတယ်။ သူမက သင့်ကို မချစ်ဖူးလို့တောင် မပြောရက်ပါဘူး။ ချစ်လို့တော့ မဟုတ်ပါဘူး။ အားနာနေလို့ပါ။ ဒီလိုပုံစံက အလုပ်မဖြစ်ပါဘူး။ နောက်ဆုံးမှာ သင် ကျန်ရစ် ဖြစ်ရမှာပါ။
. သူမဘဝနဲ့ သူမဘာသာ အမြဲ အလုပ်ရှုပ်နေတာ
သင်တွေ့ချင်တဲ့အခါတိုင်း၊ Date ချင်တဲ့အခါတိုင်း သူမ မအားပါဘူး။ သူမ သင့်အတွက် အချိန်မပေးနိုင်ရင်သင်လဲ အမှန်တရားကနေ ရှောင်ပြေးမနေသင့်တော့ပါဘူး။
. သူမက အရမ်း လွမ်းတတ်နေတာ
လူတိုင်းမှာ အတိတ်က အမှတ်တရလေးတွေတော့ သယ်လာတတ်ကြပါတယ်။ တချို့တွေကျ ရှေ့ဆက် မတိုးနိုင်လောက်အောင်ပါပဲ။ တကယ်လို့ သူမပြောသမျှဟာ သူမ Ex အကြောင်းတွေချည်းပဲဆိုရင် ဝေးဝေးမှာ အသာရှောင်နေပါတော့။ သူမက အတိတ်နဲ့ဖုံးကွယ်နေပြီး လက်ရှိကို မမြင်နိုင်တာပါ။
. သူမ ကိုယ်ရေးကိုယ်တာတွေ သင့်ကို မသိစေချင်တာ
Sharing is Caring ပါ။ တကယ်လို့ သူမက သူမရဲ့ ဘဝဇာတ်လမ်းတွေ၊ သူမပြသနာတွေကို သင့်ကို ပြောပြဖို့ နှောင့်နှေးနေရင် သင်က သူမအတွက် အထူးပုဂ္ဂိုလ် မဟုတ်လို့ပါ။ သင်နဲ့ သံယောဇဉ်တွယ်မှာ စိုးရိမ်နေတဲ့ ကောင်မလေးဟာ နောက်ကျရင် သင့်ကို နာကျင်စေမှာပါ။
. သင် စကားအတည်ပြောတဲ့အခါတိုင်း Friendzone ထဲ ပို့ထားလိုက်ရင်
သင်ရဲ့ ရိုမန်တစ်ဆန်တဲ့ ကိစ္စတွေအားလုံးကို ရောချပစ်လိုက်ပြီး သင့်ကို သူငယ်ချင်းအဆင့်မှာပဲ အနက်ရှိုင်းဆုံး ထားလိုက်တာ မျိုးပါ။
. နှစ်ယောက်တူတူရှိနေတုန်း ဖုန်းပဲ ကြည့်နေရင်
သင်နဲ့တူတူ အချိန် ဖြုန်းရဖို့ဟာ သူမအတွက် အရေးကြီးဆုံး ဖြစ်နေသင့်တာပါ။ ဒါပေမယ့် တူတူရှိနေတုန်း ဖုန်းချည်းပဲဆက်၊
ဖုန်းချည်းကြည့်နေရင်တော့ သူမ စိတ်မဝင်စားတာ သေချာပါတယ်။
၁၀. သူမက မေးထူးခေါ်ပြောပဲ ဆက်ဆံရင်
သင့်ကို တစ်ခွန်းပဲ ပြန်ပြောပါတယ်။ မေးထူးခေါ်ပြောလောက်ပဲ ဆက်ဆံပါတယ်။ တကယ်လို့ သူမ သင့်ကို စိတ်ဝင်စားရင် ဒီ့ထက်ပိုပြီးတော့တော့ စကားပြောမှာပါ။
၁၁. သင်တို့ Date ကို အမြဲ တွေ့ခါနီး နောက်ဆုံးမိနစ်ကျမှ ဖျက်ပစ်တတ်ရင်
သင် အကောင်းစား အစီအစဉ်တွေ ချထားတဲ့ Date တွေ တွေ့ခါနီးကျမှ ဖျက်ပစ်ခံနေရပါတယ်။ သူမကလဲ မတောင်းပန်ပါဘူး။ ဒါဆို သင်ရမယ့်အဖြေက No ဆိုတာ သေချာနေပါပြီ။ နောက်ဆုတ်လိုက်ပါတော့ သူငယ်ချင်း။


No comments:

Subscribe

လာလည်သူများ

free counters