♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 19, 2015

" တရုတ်ပြည် ယူနန်စီရင်စု တောင်ဖက်စူးစူးမှာ တည်ရှိတဲ့ ဒဏ္ဍာရီဆန်တဲ့ ရှန်ဂရီလာဒေသ"

 
ကြီးမားလှပတဲ့ ယန်ဇီမြစ်ကြီး စီးဝင်ရာ ရှန်ဂရီလာ ဒေသဟာ တကယ်ကိုပဲ ဒဏ္ဍာရီဆန်လောက်အောင် လှပ လွန်းပါတယ် ။ ဒီဒေသဟာ တရုတ်ပြည် ယူနန်စီရင်စု ရဲ့ တောင်ဖက်စူးစူးမှာ ရှိဖြစ် တရုတ်ပြည်ကြီးအတွက် အံ့သြ ဖွယ်ရာ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ် ။ ရှန်ဂရီလာဆိုတဲ့ နာမည်ကို James Hilton ရဲ့ ( ပျောက် ဆုံးသွားသော မိုးကုတ်စက်ဝိုင်း) အမည်ရှိ စာအုပ်မှာ စတင်ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ် ။ ဒီနာမည်ကို ပေးရခြင်း အကြောင်းမှာလည်း စာရေးသူဟာ ဒီစိတ်ကူးယဉ်ဆန်တဲ့ ဒေသကို ရောက်ရှိပြီး ဒီနာမည် ပေးဖို့ စိတ်ကူး မိကြောင်းပြောကြားပါတယ် ။ James Hilton ဟာ ယဉ်ကျေးမှုသီးခြား အနှစ်သာရကို ရှာဖွေနေတဲ့ ကမ္ဘာကျော် တိုးရစ် တစ်ဦးလည်း ဖြစ်ပါတယ် ။
ပုံတစ်ပုံကတော့ - ၂၀၀၅ ခုနှစ် ဂျွန်လ ၂ ရက်နေ့က တရုတ်ပြည် ယူနန်စီရင်စု တောင်ဖက်စူးစူးမှာ တည်ရှိတဲ့ ရှန်ဂရီ ဒေသမှာ လူ တွေနဲ့ သိုးတွေဟာ မြက်ခင်းပြင်စိမ်းစိမ်းမှာ အပူအပင် ကင်းမဲ့စွာ ကျယ်ပြောတဲ့ မိုးကောင်းကင်ကြီးအောက်မှာ နေ ထိုင်ကြပုံ ပဲ ဖြစ်ပါတယ် ။

နောက်တစ်ပုံကတော့ - ရှန်ဂရီလာ ဒေသမှာ ရှိတဲ့ Meili တောင်မှာ နှင်းတွေဝန်းရံ ဖုံးအုပ်နေတဲ့ ပုံပဲ

ဖြစ်ပါတယ် ။

နောက်တစ်ပုံကတော့ - ရှန်ဂရီလာဒေသမှာ ရှိတဲ့ Meili တောင်အောက်ခြေက ကြည်ညိုဖွယ် စေတီလေးတွေကို ပြသထားတဲ့ ပုံပဲ ဖြစ် ပါတယ် ။ ရှန်ဂရီလာဒေသမှာ လားမားဘုန်းတော်ကြီးတွေ လူတွေရဲ့ အတိတ်နဲ့ အနာဂါတ်ကို ပြောပြနိုင်တဲ့ တိဗတ် ဘုန်းတော်ကြီးတွေ တရားကျင့်ကြံ ကြပါတယ် ။ ဒီဒေသကို ကမ္ဘာ့ အစိမ်းရောင်နယ်မြေ အဖြစ် သတ်မှတ် ထား ပြီး တရားဓမ္မတွေ ထွန်းကားနဲ့ နယ်မြေလည်း ဖြစ်ပါတယ် ။

နောက်တစ်ပုံကတော့ - ရှန်ဂရီလာ ကိုဝန်းရံထားတဲ့ Jinsha မြစ်ကို ပြသထားခြင်းဖြစ်ပါတယ် ။ ရှန်ဂရီလာရဲ့ အထူးခြားဆုံး အစား အသောက်က တော့ ဆတ်သားဟင်းပဲ ဖြစ်ပါတယ် ။ အလွန်ကို ကောင်းမွန်လတ်ဆတ်ပြီး မည်သည့်နေရာတွင်မှ မရနိုင် ဟုလည်း သိရပါတယ် ။ ဟိုးယခင် နှစ်ပေါင်းများစွာက ဒဏ္ဍာရီဆန်ခဲ့တဲ့ လူသူအ ရောက်အပေါက်နည်း လှ တဲ့ ရှန်ဂရီလာ ဟာ ယခုဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေနဲ့ စည်ကားနေပါပြီ ။ ရှန်ဂရီလာ ဒေသထွက် အမှတ်တရများကိုလည်း ၀ယ်ယူရရှိနိုင်ပါတယ် ။

 
 







ထပ်တိုး ဓါတ်ပုံ : ရောရောသမမွှေ
Credit - သက်တန့်ချို
Credit :          သဘာဝလွန် ဖြစ်ရပ်ဆန်းများ

No comments:

Subscribe

လာလည်သူများ

free counters