♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 22, 2015

" မတွဲသင့် မရောအပ် မလုပ်ထိုက်သည့် မပေါင်းသင့်သော မပြုရမည့်အရာများ..ဟီးဟီး... "

 
ယောင်းမရေ... အောက်မှာညည်းရေးထားတာတွေကို ဖတ်နေကြပြီအေ့... အင်းးးး..ဟုတ်ပ.

၁။ လူငယ်သဘာဝအရ ရည်းစားဘဝတွင် အချစ်နဲ့ကာမမရောသင့် ။
( ပြသနာရှုပ်တတ်သည်)
...
၂။ တာဝန်ထမ်းဆောင်ရ
ာတွင် တာဝန် နှင့် လူမှုရေး မရောသင့် ။
( မျက်နှာပျက်ရတတ်
သည် )
၃။ အလုပ်လုပ်ရာတွင်
စာအုပ်ထဲကအတိုင်းနှင့် လက်တွေ့မလုပ်သင့် ။
( လုပ်ငန်းမအောင်ြ
မင် ဖြစ်ရတတ်သည် )
၎။ ပေါင်းသင်းဆက်ဆံ
ရာတွင် ခင်မင်မှု နှင့် ငွေကြေးမရောသင့်
( ငွေကြေးဆုံးရှုံး
ရတတ်သည် - မျက်နှာပျက်ရတတ်သည် )
၅။ အိမ်ထောင်ရေးတွင
် အိမ်ထောင်ရေး နှင့် ဆွေမျိုးရေးကိစ္စ မရောသင့် ။
( ဇာတ်လမ်းရှုပ်တတ်
သည် )
၆။ ရုံးကိစ္စဆောင်ရွ
က်ရာတွင် ရုံးကိစ္စ နှင့် အိမ်တွင်းရေးကိစ္စ မရောသင့် ။
( တာဝန်ထိခိုက်တတ်
သည် )
၇။ ကိုယ့်ပညာကို အသုံးပြုရာတွင် ပညာ နှင့် မာန မရောသင့် ။
( အမှားတွေ့ရတတ်သည
် )
၈။ လုပ်ငန်းဆောင်ရွ
က်ရာတွင် သခင် နှင့် ကျွန် မရောသင့် ။
( စော်ကားခံရတတ်သည် - ကမ်းတက်တတ်သည် )
၉။ မွေးမြူ ရေးတွင် လူ နှင့် အဆိပ်ရှိတဲ့သတ္တဝ
ါ မရောသင့် ။
( အန္တရာယ်ဖြစ်တတ်သ
ည် )
၁၀။ လူလူချင်းဆက်ဆံရ
ာတွင် ပညာရှိ နှင့် လူမိုက် မရောသင့် ။
( အကျိုးယုတ်တတ်သည
် )
၁၁။ ပေါင်းသင်းဆက်ဆံ
ရေးတွင် သူတော်ကောင်း နှင့် သူယုတ်မာ မပေါင်းသင့် ။
( အကျိုးပျက်စီးတတ
်သည် )
၁၂။ ဆွေမျိုးမတော်စပ
်သည့် အိမ်ထောင်ရှင်ယောင်္ကျား နှင့် အိမ်ထောင်ရှင်မိန်းမ မရောသင့် ။
( မှားယွင်းတတ်သည်
)
၁၃။ ဆွေမျိုးမတော်စပ
်သည့် အိမ်ထောင်ရှင်မိန်းမ နှင့်
လူပျို မရောသင့် ။
( မှားယွင်းတတ်သည်
)
၁၄။ ဆွေမျိုးမတော်စပ
်သည့် အိမ်ထောင်ရှင်ယောင်္ကျား နှင့် အပျို မရောသင့် ။
( မှားယွင်းတတ်သည်
)
၁၅။ တရားအားထုတ်ရာတွ
င် ရဟန်း နှင့် မာတုဂါမ မရောသင့် ။
( တရားပျက်တတ်သည် - အပါယ်ရောက်တတ်သည
် )
၁၆။ တရားအားထုတ်ရာတွ
င် ရဟန်း နှင့် ရဟန်းမ( သီလရှင် ) မရောသင့်။
( တရားပျက်တတ်သည်-
အပါယ်ရောက်တတ်သည် )
၁၇။ တရားအားထုတ်ရာတွ
င် ရဟန်းမ ( သီလရှင် ) နှင့် ဒကာ မရောသင့် ။
( တရားပျက်တတ်သည်-
အပါယ်ရောက်တတ်သည် )
၁၈။ တရားအားထုတ်ရာတွ
င် ဒကာ နှင့် ဒကာမ မရောသင့် ။
( တရားပျက်တတ်သည်-
အပါယ်ရောက်တတ်သည် )
၁၉။ အနုပညာပိုင်းတွင
် မြန်မာ့ရိုးရာအက နှင့် အနောက်တိုင်းအက မရောသင့် ။
( ရိုးရာယဉ်ကျေးမှု
ပျက်တတ်သည် )
၂၀။ အနုပညာပိုင်းတွင
် မြန်မာ့ရိုးရာအတီးအမှုတ် နှင့် အနောက်တိုင်းအတီးအမှုတ်မရောသင့် ။
( ရိုးရာယဉ်ကျေးမှု
ပျက်တတ်သည် )
၂၁။ အနုပညာပိုင်းတွင
် မြန်မာ့ရိုးရာသီချင်း နှင့် အနောက်တိုင်းသီချင်းတို့ မရောသင့်။
( ရိုးရာယဉ်ကျေးမှု
ပျက်တတ်သည် )
၂၂။ တရားစီရင်ရာတွင်
ဥပဒေ နှင့်ခင်မင်မှုမရောသင့် ။
( တာဝန်ထိခိုက်တတ်
သည် - မှားတတ်သည် -
အကျင့်ပျက်တတ်သည
် )
၂၃။ ဘာသာရေးတွင် ဘာသာရေး နှင့် စီးပွားရေး မရောသင့် ။
( ဘာသာရေးထိခိုက်တ
တ်သည် )
၂၄။ သမ္မာဒိဋ္ဌိအယူတွင်
ရတနာမြတ်သုံးပါး နှင့် ရိုးရာနတ်.ဘိုးတော်.မယ်တော်.
ပျောက်စေဆရာတို့ နှင့်မရောသင့် ။
( အယူလွဲတတ်သည် - အပါယ်ရောက်တတ်သည
် )
၂၅။ စိတ်ထားကောင်းခြ
င်းဖြင့် ဆောင်ရွက်ရာတွင် စေတနာ နှင့် အသပြာ မရောသင့် ။
( နာမည်ပျက်တတ်သည်
)
၂၆။ ကုန်သွယ်ရာတွင် သံကုန်သည် နှင့် မြေအိုးမြေခွက်က
ုန်သည် မရောသင့် ။
( နှစ်ဦးနှစ်ဖက်အက
ျိုးယုတ်တတ်သည် )
၂၇။ ကုန်သွယ်ရာတွင် အထည်ကုန်သည် နှင့် မီးသွေးကုန်သည် မရောသင့် ။
( နှစ်ဦးနှစ်ဖက်အက
ျိုးယုတ်တတ်သည် )
၂၈။ အိမ်မှုကိစ္စတွင် ကလေး နှင့် ခွေးကို ရောမထားသင့် ။
( အန္တရာယ်ရှိတတ်သည
် )
၂၉။ စိတ်ရှိတိုင်း အအိပ်မကြူးသင့် ။
( ကျန်းမာရေးထိခို
က်တတ်သည် )
၃၀။ စိတ်ရှိတိုင်း အစားမကြူးသင့်| အရက်ဆေးလိပ်မသော
က်သင့်| ကာမဂုဏ်မမှီဝဲသင့် ။( ကျန်းမာရေးထိခိုက်တတ်သည် )
၃၁။ သဘာဝတရားဖြစ်ရပ်
မှန် နှင့် ပကာသနတရားလုပ်ဆောင်မှုတို့ ကို မရောသင့် ။
( နှစ်ဖက်စလုံးဆုံ
းရှုံးတတ်သည် )
၃၂။ အချင်းချင်း ဓားလှံတို့ ဖြင့် မကစားသင့် ။
( အန္တရာယ်ဖြစ်တတ်သ
ည် - သေတတ်သည် )
၃၃။ အချင်းချင်း သေနတ်ခဲယမ်းမီးေ
ကျာက်တို့ ဖြင့် မကစားသင့် ။
( အန္တရာယ်ဖြစ်တတ်သ
ည် - သေတတ်သည် )
၃၄။ စကားပြောရာတွင် အလေးအနက်ပြောရမည
့်စကားကို ဟာသစကားနှင့် မရောသင့် ။
( လုပ်ငန်းတာဝန်ထိ
ခိုက်တတ်သည်)
၃၅။ စေတနာထားရမည့်ကိ
စ္စတွင် စေတနာကို အငြိုးတရားဖြင့် မရောသင့် ။
( မဖြစ်သင့်တာဖြစ်
တတ်သည်| မှားတတ်သည် )
၃၆။ အလှူ ပေးရာတွင် သဒ္ဓါတရားကို တွန့် တိုမှုနှင့် မရောသင့် ။
( တရားပျက်တတ်သည် - အကျိုးမဲ့ဖြစ်ရတ
တ်သည် )
၃၇။ မေတ္တာတရားထားရာတ
ွင် မေတ္တာတရားကို အာဃာတရားနှင့် မရောသင့် ။
( တရားပျက်တတ်သည် )
၃၈။ လုပ်ငန်းဆောင်ရွ
က်ရာတွင် စိတ်ပါလက်ပါဆောင်ရွက်ရမည့်လုပ်ငန်းကို ပျင်းရိခြင်းနှင့် မရောသင့် ။
( လုပ်ငန်းဆုံးရှုံ
းရတတ်သည် )
၃၉။ အရေးပေါ်လုပ်ငန်း
ဆောင်ရွက်ရာတွင် ချက်ချင်းလုပ်ရမည့် လုပ်ငန်းကို အချိန်ဆွဲခြင်း . အချိန်ရွေးခြင်းတို့ နှင့် မရောသင့် ။
( လုပ်ငန်းကျဆုံးတ
တ်သည် )
၄၀။ မှန်ကန်စွာသုံးသ
ပ်ရာတွင် ပကတိအစစ်အမှန်ဖြစ်ရပ်ကို အတုအယောင်တို့ နှင့် မရောသင့် ။
( ဘဝတစ်ခုလုံး နစ်နာဆုံးရှုံးရတ
တ်သည် )
၄၁။ မယားကြီးနှင့် မယားငယ်ကို အတူ ရောမထားအပ်။
    ( အိပ်ယာပေါ်နေရာလုရင်း မိုးလင်းတတ်သည်)
၄၂။ အပျိုလေးနှင့် လူပျိုလေးအား ရောမထားအပ်။
     (လူကြီးများ မျက်နှာ ပျက်ရတတ်သည်)
၄၃။ ပစ္စည်းဆင်တူ ရောင်းသော အရောင်းသမားနှစ်ဦးကို ဆိုင်ခန်းများရှိလျှင် မငှါးသင့်။
(ရန်တကျက်ကျက် ဖြစ်တတ်သည့်အပြင် ပစ္စည်းအရောင်ရနဲကာ အမြတ်နည်းသဖြင့် ဆိုင်ခ ပုံမှန်ပေးနိုင်မည် မဟုတ်)
၄၄။ ဆေးများ ပိုးသတ်ဆေးများ မီးဖိုသုံးပစ္စည်းများနှင့် အတူ မထားရ။
    (မသိသောသူ သုံးမိလျှင် သေဆုံးတတ်ပြီး သုသာန်သို့ သွားရတတ်သည်)
၄၅။ အရေးကြီးသော စာရွက်စာတမ်းများကို သာမန်စာရွက်များ စာအုပ်များနှင့်အတူ တွမြထားသင့်။
(ပျောက်ရှတတ်သည်)
 

By : စူးစူး ရှရှအလင်းပျိုးခင်း

No comments:

Subscribe

လာလည်သူများ

free counters