♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 20, 2015

" အရွယ်နုနယ် လူမမယ် သားငယ် သုံးယောက်ကို သွေးအေးအေးနှင့် သတ်ဖြတ်ခဲ့တဲ့ ဘီလူးမမိခင် "


ခင်ပွန်းဖြစ်သူက သားတွေလောက် သမီးကို မချစ်လို့ သားသုံးယောက်စလုံးကို သတ်လိုက်တဲ့ အမျိုးသမီး

အိုဟိုင်းအိုး - သြဂတ်စ်လ ၁၈ရက် ၂၀၁၅ 
အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်မှာ အမျိုးသမီးတစ်ယောက်က သူ့သားလေး အသက်မရှူတော့တဲ့အကြောင်း တည်ငြိမ်တဲ့အသံနဲ့ သြဂုတ် ၁၈ ရက်နေ့က ဖုန်းဆက်ခဲ့တယ်လို့ သိရပါတယ်။
နောက်နာရီအနည်းငယ်အကြာမှာတော့ သူဟာ အခုသားလေးကိုသာမက ပြီးခဲ့တဲ့လတွေအတွင်း ကျန်တဲ့သားလေးနှစ်ယောက်ကိုလည်း သတ်ခဲ့ပြီး အကြောင်းရင်းကတော့ သူ့ခင်ပွန်းက သားတွေကို ဂရုစိုက်ပြီး သမီးဖြစ်သူကိုကျ လျစ်လျူရှူထားလို့ဖြစ်ကြောင်း အာဏာပိုင်တွေထံ ထွက်ဆိုခဲ့ပါတယ်။
ပီလ်ကင်တန်ဟာ သြဂုတ် ၁၈ ရက်က သုံးလသား နိုရာ သေဆုံးမှုနဲ့ ပြီးခဲ့တဲ့ ဧပြီလက အသက်လေးနှစ်အရွယ် ဂယ်ဗင် သေဆုံးမှုနဲ့  ၂၀၁၄ ခုနှစ် ဇူလိုင်က သုံးလသားအရွယ် နီရယ် သေဆုံးမှုတို့အတွက် စွပ်စွဲခံထားရပါတယ်။
ပီလ်ကင်တန်က အယောက်တိုင်းကို မျက်နှာပေါ် စောင်အုပ်ပြီး အသက်ရှူကျပ်အောင် လုပ်ကာ
သတ်ပစ်ခဲ့တာဖြစ်ကြောင်း လိုဂန်ကောင်တီ အစိုးရရှေ့နေ ၀ီလီယံဂေါ့စလီထံ ထွက်ဆိုခဲ့တယ်။
သူမစိတ်ထဲမှာ ဒါဟာ သမီးဖြစ်သူကို စောင့်ရှောက်ကာကွယ်ပေးတာလို့ ခံယူခဲ့တယ်လို့လည်း သိရပါတယ်။




Credit : http://www.phothutaw.com/
Credit : http://www.myanmarlatestnews.com/archives/107215

No comments:

Subscribe

လာလည်သူများ

free counters