♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 16, 2015

" ဝမ်းတွင်းစုန်းး!!

 
အငြိုးဖြင့်ထစ်ချုန်းသော.. တဲ့

ဝမ်းတွင်းစုန်းး!! ဟုတ်တယ်ကျွန်မကို လူတွေကအဲလိုခေါ်ကြတယ်။ မကောင်းဆိုးဝါးတကောင်လို ရွံရှာစက်စုပ်တဲ့ သူတို့မျက်လုံးထဲက အမုန်းတရားတွေ.. တိရိစ္ဆာန်တကောင်လို ဆက်ဆံမူတွေ.. ကျွန်မ ဘဝတခုလုံး နာကျည်းမူတွေနဲ့ အထီးကျန်မူတွေ..
မုန်းတယ်.. မုန်းတယ်!!..
အာာာ...........
..
တိတ်စိတ်တဲ့ ညသန်းခေါင်ယံမှာ စူရှရှ အော်သံတခုက ဟိန်းထွက်လျှက်..အပင်ပေါ်က အိပ်ငိုက်နေတဲ့ ကျီးကန်းတွေက အလန့်တကြား တဝုန်းဝုန်းထပြီးပျံသန်းကြတယ်.. ခွေးတွေကစူးစုးဝါးဝါးး ဆွဲငင်အူလျက်...
အိမ်နံရံပေါ်က အိမ်မြောင်တချို
့ ဆုတ်သက်ငြီးညူကုန်တယ်..
ကျွန်မဘေးနားက အရာဝတ္ထုတွေအားလုံး လေပေါ်ပျံတတ်လျက်.. မီးဝင်းဝင်းတောက်နေတဲ့ ကျွန်မဒေါသတွေ ဘယ်လိုမှ တားဆီးမရနိုင်... စားပွဲပေါ်က နာရီမှန်က ဖေါင်းခနဲ ထကွဲတယ်..
မျက်စိရှေ့က ဓါတ်ပုံလေးတပုံ ...
လေထဲမှာ ပျံလွင့်နေတဲ့ အဲဒီဓါတ်ပုံလေးအ
မြင်မှာ ကျွန်မစိတ်တွေ ရုတ်တရက် အသိတချို့ ခိုတွဲဝင်လာတယ်.. အလန့်တကြား အရာအားလုံးကို ရပ်တန့်ကြည့်တယ် မရ... နံရံပေါ်က ဓါတ်ပုံအချို့မီးထလောင်တယ်...
သားငယ်လေး... ဟုတ်..ဟုတ်တယ်.. အခန်းထဲမှာ သားလေက အပူပင်ကင်းမဲ့စွာနဲ့ အိပ်မေါကျလျှက်.....
************************
အဖေအမေဆိုတာ လူမှန်းသိတတ်စ အရွယ်ကထဲက ဒီဝေါဟာဒ ကလွဲရင် မမြင်ဖူး.. မေတ္တာတဲ့ သူမဘဝတလျောက်လုံး ဒီမိဘမဲ့ကျောင်းက ဆရာ ဆရာမတွေကလွဲရင် ကျောင်းပြင်ပ ခြေလှမ်းချမိတာနဲ့ အဲဒီစကားစုက လေထဲက ရေငွေ့တွေလိုပါပဲ။ အတူနေ မိဘမဲ့ အချင်းချင်းကလည်း သူတို့ချင်းတောါ စညိးလုံးလှစွာ သူမကိုတော့ မစင်ပုံတခုလို ဝေးဝေးကရှောင်ကြပါသည်။ သူမ ဒီကျောင်းက သက်တူရွယ်တူတွေထဲမှာ လူကောင်အသေးဆုံး ..ငယ်ငယ်ထဲက သများတွေကြားမှာ ခိုင်းဖေါ် .. ထစ်ခနဲဆို သူမကလည်း လူကောင်သေးသလောက် ဒေါသလည်းအလွန်ကြီးတတ်သေးသည်။ အင်အားချင်းမမျှ ဘာမှပြန်မလုပ်နိုင်လျှင် ကြိမ်ဆိုသည့်အကျင့်က ဘယ်အရွယ်ထဲက ဆွဲမြဲခဲ့သည်မသိ.. တစုံတရာသူမကြိမ်ဆိုတိုင်း သူတို့တခုခုတော့ဖြစ်သည်သာ။ကြာတော့ သူတို့တွေကြားတင်သာမက တကျောင်းလုံးကျောင်းစောငိ့ကအစ သူမကို သတိထားမိလာကြသည်။ သူမက နူတ်စီးသည်..ဝမ်းတွင်းစုန်းတဲ့။ အချိန်တွေကြာလာတာနဲ့ အမျှ သုမက နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပြီး သူမဆိုလျှငိ မည်သူမှ မထိဝံ့ကြ ..သူမမှာ အပေါင်းအသင်းလည်း တယောက်မှ မရှိတော့ပါ..
အားလပ်ချိန်တွေမှာ ကျောင်းအုပ်ဆရာမကြီးနှင့်အတူ ဘုရားခန်းဝေရာဝစ္စတွေလုပ်သည် တရားထိုင်သည် ထိုအချိန်တွေမှာတော့ သူမစိတ်တွေက ထူးဆန်းလှစွာ ငြိမ်းအေးနေခဲ့တာ။
************************
ညသည် စိမ့်စိမ့်အေးလျှက် သမန်နေ့တွေထက် အေးစိမ့်မူက သာမန်ရိုးကျမဟုပ်ပဲ ကျောရိုးထဲထိစိမ့်စိမ့်အေးလျက်။ ကောင်းကင်က ခပ်ကွေးကွေးလရဲ့ အလင်းအောက်မှာ ကောင်းကင်က တစုံတရာ အငွေ့အသက်တို့ စွန်းထင်းနေသယောင်..ကျောင်းဝန်းအတွင်းက နူစ်ချို့သရက်ပင်ကြီးတွေက လရောင်အောက်မှာ တစေတကောင်ငုတ်တုတ်ထိုင်နေသည့်အလား.. ရုတ်တရက် ပတ်ဝန်းကျင်တခုလုံးအပ်ကျသံမျှမကြားအောင် တိတ်စိတ်ငြိမ်သက်သွား၏။ အဲဒီ အရိပ်အယောင်တွေက မကြခင်ဆိုးဆိုးရွားရွားတစုံတရာ ဖြစ်တော့မည့် အရိပ်အယောင်တွေအလား..
ဒေါင်..ဒေါင်...
..
နာရီစဉ်က ခေါင်းလောင်းသံက
ခြောက်ခြောက်ခြားခြား ထွက်ပေါ်လာသံအဆုံးမှာ...
ကျောင်းဝန်းတခုလ
ုံး လေတွေက ဘယ်အရပ်စီက တိုက်ခပ်လာသီမသိ ဟောဟောဟဲဟဲနှင့် ကျယ်လောင်စွာတိုက်ခပ်လာကြသည်။ ခေါင်းမိုးပေါ်သို့ ဂဲလုံးတွေ တဝုန်းဝုန်းပြိုဆင်းလာသည့်နောက် အဆောင်တခုလုံးမှ လူတွေ အထိပ်တလန့်နှင့် နိုးလာကြပေပြီ။ လေတွေက အပြင်ဘက်မှာသာ မဟုပ်ပဲ အခန်းထဲမှာပါ တဝေါဝေါမည်ဟီးလျက်.. အခန်းထဲမှာ ပစ္စည်းပေါင်းမြေက်များစွာက ဟိုမှဒီမှ ပျံ့လွင့်လျက်.. ရုတ်တရက် မီးလုံးတွေ တဖေါင်းဖေါ့င်းမည်လျက်ပေါက်ကွဲလေပြီ။ အခန်းထဲမှာ အားလုံး ကမ္ဘာပျက်နေသလို ... ငိုသူက ငို ပြေးသူကပြေး..ဆရာမကြီးကိုယ်တိုင်က အားလုံးကို မကြောက်ဖို့ပြောနေသော်လည်း သုကိုယိတိုင်ကမူ အသားတွေ တစပ်စပ်တုန်ခါလျက်ရှိပြီ။ သူမဘဝ တလျောက်လုံး ဒီလိုအဖြစ်မျိုး တခါမျှ မကြုံဖူးပါ။နူစ်နာကျော်မျှ ကြာပီးနောက် မိုးပေါ်ပျံနေသည့် အရာများ လေပြင်းများ ဂဲများကျမူတွေ တိခနဲရပ်တန့်သွားတယ်... အပြင်မှာ လာရောက်ကြည့်ရှု့သူတွေနဲ့ ရဲကားတွေလည်းရောက်လာပေပြီ။ အရာအားလုံးပုံမှန်ပြန်ဖြစ်သွားပေမဲ့ သူတွေတွေအားလုံးကတော့ ပုံမှန်မဖြစ်နိုင်သေး ကြောက်စိတ်ကိုယ်စီနဲ့ ငိုတဲ့သူတွေက ငိုနေတုန်း.... ..
ကိုယ်တွေ့မို့သာ ယုံရတယ် ပုံဏ္ဏကတိုက်တယ်ဆိုတာ ကျွန်တော်လည်းခုမှသာ တွေ့ဖူးတော့တာပဲ... ...
လာကြည့်သာတွေက တယောက်တပေါက်..ရ
ဲမူက လူစုခွဲလိုက်ပြီး မကြာခင် အားလုံးကူညီမူနဲ့ ပစ္စည်းတွေကို ရှင်းလင်းကြရသည်
အဲဒီတော့ ထူးခြားမူကို တစုံတဦးက သတိပြုမိတာဖြစ်သ
ည်။ အခန်းထဲမှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးနှင့်ဆန့်ကျင့်လျက် အိပ်မောကျနေသော သူမ...ဟုပ်သည် ..အားလုံးက တညီတညွတ်ထဲ စုန်းလို့ သက်မှတ်ထားကြတဲ့ သူမ..ဘုရား ဘုရာ..ဘာကြောင့်သူမက ဘာမှ မသိသလို အိပ်ပျော်နေရပါသနည်း.......
************************
ဟုတ်ကဲ့ အခုတော့ ကျွန်တော် အဖြေကိုကောင်းကောင်းကြီးနားလည်သွားပါပြီ.. လိုအပ်တဲ့ စစ်ဆေးမူတွေကလည်း သေခြာသလောက်ရှိနေပြီ.. ...
ဟင်းးး.. ကျွန်မလည်း ဘယ်လိုမှ မမျှော်လင့်ထားပ
ါဘူးဆရာ..ခုလိုအဖြစ်မျိုးတွေက ဒီအချိန်မှ ဘာဖြစ်လို့ ရုတ်တရက်ကြီးထဖြစ်လာရတာလဲဆရာ.... ..
ဒါကဒီလိုရှိပါတယ် ခင်ဗျာ.. ဗမာအဆိုအရတော့ ဒ့ါကို ပုဏ္ဏကတိုက်တယ်လို့ဆိုကြတယ်..အမှန်တော့ ဒါက ပြင်းထန်လှတဲ့ စိတ်စွမ်းအင်တမျိုးပါ.. ဒီလိုစိတ်စွမ်းအားတွေက နူစ်ရှည်လများပုန်းအောင်းနေတတ်ကြတယ် အများအားဖြစ်တော့ အပျိုဖေါ်ဝင်စ လူပျိုဖေါ်ဝင်စတွေမှာ ထကြွသောင်းကျမ်းလာကြတယ်။ အမှန်တော့ သူက အများထင်သလို စုန်းတယောက်မဟုပ်ပါဘူး..ဒါတွေကလည်း လိုက်မမှီနိုင်တဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေပါပဲဗျာ..သူတို့တွေက သူတို့ဖြစ်စေချင်တာကို မသိစိတ်ကနေ စွမ်းအင်ပို့လွှတ်ပြီး ခိုင်းစေနိုင်ကြတယ်.. အများအားဖြစ်တော့ သူတို့အိပ်မောကျနေချိန်မှာ ဒီစွမ်းအင်တွေက ကြီးမားကြတယ်....
အဲဒီညက အဖြစ်အပျက်တွေနေ
ာက်မှာ မကြာခဏဆိုသလို ခြောက်လှန့်မူတွေဖြစ်ပြီးနောက် အားလုံးနှင့်မတူစွာ အိပ်မောကျနေတတ်သည့်သူမကို သတိထားမိတဲ့ စိတ်ကျမ်းမာအထူးကု ပါရကူဆရာကြီးက သူရဲ့အတွေ့အကြုံတွေနဲ့ ဒီအဖြစ်အပျက်တွေကို ဖေါ်ထုတ်နိုင်ခဲ့တာဖြစ်သည်။...
***********-*-**-
သူမကျောင့်းပီးလ
ို့ နှနူစ်အကြာမှာ သူနဲ့စတင် တွေ့ရှိပြီးနောက်မှာ သူမဘဝတခု အခြေချခဲ့သည်။ အစပိုင်းတော့ သူမဘဝတခုလုံး အေးချမ်းသွားသယောင် အရိပ်အယောင်တွေရှိခဲ့ပေမဲ့ သားလေးမွေးပြီး လေးနူစ်ကျော်မှာပြသနာတွေ စခဲ့တာဖြစ်သည်။ အစပိုင်းမှာ သုမအပေါ်ဂရုစိုက်သလောက် အသောက်အစားဖက်လာတဲ့ ခင်ပွန်းဖြစ်သူရဲ့ နေ့စဉ်လိုလို ထိုးနှက်ချက်တွေအောက်မှာ သူမစိတ်တွေ ထိမ်းချုပ်မရခဲ့တာ လအနည်းငယ်ခန့်ရှိုပြီ.. တခါတရံ ခိုအောင်းနေတဲ့ သူမစိတ်လှိုင်းတွေကြေင့် ပုကန်းပြားတွေ ပျံနေတတ်တာ..မီးလုံးတွေထပေါက်တာတွေကို အကြောင်းပြုလျက်.. ခင်ပွန်းဖြစ်သုရဲ့ မင်းက စုန်းမပဲ..
ငါက သူများပြောတုန်း
ကတော့ မယုံခဲ့ဘူး..ခုတော့ မင်းဇာတိရုပ်အမှန်ကိုပြနေပြီပေါ့ .....တောက်!.. သူကတောက်တချက်ပြင်းစွာ ခေါက်သံအဆုံးမှာ ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် ပစ္စည်းတွေရိုက်ခွဲလျက် အိမ်မှ ဆင်းသွားတော့သည်... ..
မျက်စိရှေ့က သူတို့နုစ်ယောက်ကိုကြည့်လိက် မယုံကြည်နိုင်စွာ သူမ အော်ဟစ်ငိုကြွေးမိသည်..ရက်စက်လိုက်တာ ..သူမရှိနေလျက် မိန်းမတယောက်အိမ်ခေါ်လာဖြစ် ပေါ်ပေါ်ထင်ထင် ဖြစ်ပျက်နေလိုက်ကြတာ.. အခန်းထဲက အိပ်ပျော်နေတဲ့ သားငယ်ကို လှမ်းကြည့်မိရင်း ဒေါသတွေက အဆုံးမရှိ ပေါက်ကွဲထွက်လာတော့သည်..
သတ်မယ် ..သတ်မယ်.. ဒင်းကိုသက်မယ်..
.. ..
သူမစိတ်တွေလွတ်ထ
ွက်သွားပီးနောက် .. ....
အခန်းထဲကအရာမှန်
သမျ လေထဲလွင့်ပျံကုန်သည်.. သူတို့နူစ်ယောက်ရှိရာ ခန်းစီးစ အခုက တွန်းထိုးသွာံးပြီးနောက် လည်ပင်းကို တင်းကျပ်စွာ ရစ်နှောင်တော့သည်.. အမုန်းတရားရဲ့ အားပြင်းပြင်းနောက်မှာ အခန်းနံရံတွေတောင် မီးစတင်ဆွဲစပြုချေပီ.. အသိဝင်လာပြီးနောက်မှာ အရာအားလုံး ထိမ်းချုပ်မရတော့ပါ. အခန်းထဲမှာ အိပ်မောကျနေတဲ့သားလေး.. သားလေး.. အသိစိတ်တို့ယောက်ယပ်ခပ်စွာ.. သူမရဲ့ ဒေါကတွေအောက်မှာ သားလေးကပါ စတေးခံရမှာလား..ဟင့်အင်း.. အဖြစ်မခံနိုင်ပါ.. ဘယ်လိုနည်းနှင့်မှ သားလေးကို သူမ အဆုံးရှုံးမခံနိုင်ပါ..
အိပ်ပျော်နေတဲ့ သားလေးစီးကို အကြည့်တို့ကို စူးစိုက်ကြည့်မိ
ရင်း.. ချစ်စရာ သားငယ်လေး... နောင်ဘဝဆိုတာရှိမှပဲ..မေမေ မင်းစီပြန်လာခဲ့ပါမယ်သားရယ်..
နောက်ဆုံးအင်းအားးတွေကို စုစည်းပြီး သူစိတ်တချို့ကို နှလုံးသားစီသို့ ပို့လွှတ်လိုက်တယ်..
ခပ်သဲ့သဲ့ နှလုံးကွဲကြေသံအ
ဆုံးမှာ သူမနဲ့အတူ အရာအားလုံးက ပုံမှန်အတိုင်း တိတ်စိပ်ငြိမ်သက်စွာ..............

Deram.

 Credit :     သဘာဝလွန် ဖြစ်ရပ်ဆန်းများ

No comments:

Subscribe

လာလည်သူများ

free counters