♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 20, 2015

" သတ္တု အမျှင်ချောင်းတွေ ဗိုက်ထဲကနေ သူ့အလိုလို ထွက်နေသူအမျိုးသမီးကြီးသည် ပြုစားခံရတာ ဟု အရပ်ကပြော "

၁၀ စင်တီမီတာကျော် သတ္တု အမျှင်ချောင်းတွေ ဗိုက်ထဲက ထွက်နေတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်း ဟာ အင်ဒိုနီးရှား မှာ သတင်းတစ်ခု ဖြစ်နေပါတယ်။

ဒီလိုမျိုးဖြစ်နေတာ နှစ် ၂၀ ကျော် ရှိနေပြီး ဆရာဝန်တွေ ဟာလည်း လက်တွေ့ကျ တဲ့ ရှင်းပြချက်မျိုး မပေးနိုင်သေးဘူး လို့ ဆိုပါတယ်။
အရပ်ထဲမှာတော့ သူမဟာ ပြုစား ခံရတာဖြစ်တယ် လို့ ပြောဆိုနေကြ ပါတယ်။

Noorsyaidah လို့ခေါ်တဲ့ ဒီအမျိုးသမီး ဟာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Kalimatan ပြည်နယ် Samarinda မြို့က ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်လောက်က စပြီး ဒီလို ထူးခြားတဲ့ လက္ခဏာ စပြလာတာ လို့ ဆိုပါတယ်။
ပထမ စစခြင်း တစ်ပတ် မှာ သတ္တု အမျှင်တွေ ထွက်လာပြီး ပြန်ပျောက်သွားခဲ့တယ်လို့ ဆိုပါတယ်။
 

ဒါပေမဲ့ နောက်တစ်လ အကြာမှာ ပြန်ထွက် လာပြီး ခုချိန်ထိ ရပ်မသွားတော့ ပါဘူး။ ဖြတ်လိုက် ရင် နောက်
ဆုတ် သွားပြီး အခြားနေရာ ကနေ ပြန်ထွက် လာတတ်တယ်လို့ ဆိုပါတယ်။
 

 
ဓာတ်မှန်ရိုက်ကြည့်တဲ့ အခါမှာ ဒီလို အမျှင်ပေါင်းများစွာ ရှိနေပြီး အချို့ အမျှင်တွေက သူမရဲ့အသားတွေ ကို ဖောက်ထွက်နေတာ ဖြစ်ပါတယ်။

ဒီ အမျှင်တွေဟာ ရွေ့သွား တတ်ပြီး သူတို့ကြိုက်တဲ့ နေရာတွေမှာ နေနိုင်တယ် လို့ဆိုပါတယ်။

Noorsyaidah ရဲ့ပြောကြားချက် အရ ဒီ သတ္တုမျှင်တွေဟာ အပ်နဲ့ ထိုးသလို နာတတ်တယ့် ဆိုပါတယ်။
 

အောက်ကလင့်ခ်မှာ အင်ဒိုနီးရှား ရုပ်သံ SCTV က သူမ အကြောင်း သတင်း တင်ဆက်ထား တာကို သွားရောက်ကြည့်ရှုနိုင် ပါတယ်။

မှတ်ချက်။ ။
(သူမကိုယ်မှ ထွက်တဲ့ သတ္တုမျှင်တွေကို တန်ပြန်မန္တာန်ဖတ်ပြီး မီးရှို့လိုက်တာနှင့် ပြုစားသူ တန်ပြန်ထိ
ကာ အဖြစ်ဆိုးနှင့် တွေ့ကြုံရမည့်အပြင် သူသွင်းထားသော ပညာပါ ပျောက်လွှင့်သွားပါမည်)


ယူတျူဗ် ဗီဒီယို တွင်ကြည့်ရန် အောက်ပါလင့်ကို နှိပ်ပါ...

http://www.youtube.com/watch?v=rkMWw6KMAS0&hd=1

 



Phothutaw
From...www.myanmarlatestnews.com

Credit : http://yinkhwinlam.blogspot.co.uk/2014/09/blog-post_4.html?m=0#more

No comments:

Subscribe

လာလည်သူများ

free counters