♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 16, 2015

" ရန်ကုန်တက္ကသိုလ်အတွင်း သူခိုးပူသဖြင့် လုံခြုံရေးတိုးမြှင့်ထားရ " မလွယ်ပါလား...ဟရို့...

 
ရန်ကုန်တက္က သိုလ်အတွင်းသို့ အပြင်လူများ မှ ကျောင်းသားအယောင်ဆောင် ဝင် ရောက်ကာ ပစ္စည်းများခိုးယူနေသည့် အတွက် လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။ ရန်ကုန်တက္ကသိုလ်တွင် ယင်း ကဲ့သို့ဖြစ်စဉ် ဖြစ်ပွားနေသည့်အတွက် တက္ကသိုလ်၏ လုံခြုံရေးကို တိုးမြှင့်ထား ကြောင်း၊ လာရောက်ခိုးယူသူများသည် ရန်ကုန်တက္ကသိုလ်တွင် အားကစားပွဲများ ကျင်းပနေသည့်အချိန် တွင် ကျောင်းသားများအသွင်ဖြင့် လာရောက်ခိုးယူနေကြောင်း လက်ရှိတွင် ရန်ကုန်တက္ကသိုလ်၏ အဆောင် တစ် ဆောင်စီတိုင်းတွင် လုံခြုံရေးအဖွဲ့ တစ် ဖွဲ့ချင်းစီထားပြီး လုံခြုံရေးတိုးမြှင့်ထား ကြောင်း ရန်ကုန်တက္ကသိုလ်မှ သိရ သည်။
''အဲဒီကိစ္စက ဟုတ်ပါတယ်။ အခုဆိုရင် ဌာနဆိုင်ရာ အဆောက် အအုံတစ်ခုမှာ လုံခြုံရေးအဖွဲ့တစ်ဖွဲ့ က တာဝန်ယူစောင့်ကြပ်ပေးနေပါ တယ်။ ပုံမှန်အခြေအနေဆိုရင် ကျောင်းသားကတ်ပါမပါ စစ်လို့ရ တယ်။ ကျောင်းမှာ အားကစားပွဲတွေ လုပ်တော့ ကျောင်းသားကတ်စစ်လို့ မရတော့ဘူး။ အပြင်လူနဲ့ ကျောင်း သား မကွဲတော့ အဲဒီအချိန်မှာလာ ပြီးတော့ လုပ်ကြတာပါ'' ဟု ရန်ကုန် တက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ

ဖိုးကောင်းက ပြောသည်။
ရန်ကုန်တက္ကသိုလ် မြန်မာ့သ မိုင်းနှင့် ယဉ်ကျေးမှုဘွဲ့လွန် ဒီပလို မာတက်ရောက်နေသော ကျောင်း သားတစ်ဦးက ''ကျောင်းထဲမှာ ကျောင်း သားအယောင်ဆောင်ပြီးတော့ လာ ခိုးတာတွေကြောင့် ပစ္စည်းတွေပျောက် နေကြတယ်။ ဒါကြောင့် ကျွန်တော် တို့ကို ဒီနေ့မနက်ပဲ ဆရာတစ်ဦးက ကျောင်းလာရင် ကျောင်းသားကတ်ကို ဆွဲပြီးလာ ဖို့ ပြောထားတယ်'' ဟု ပြောသည်။
ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၂ ခုနှစ်ခန့်က စတင်ပြီး အဆောင်များ ကို ပြန်လည်ဖွင့်လှစ်နေထိုင်ခွင့် ပေး အပ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် တက် ရောက်နေသော ကျောင်းသားများအ ပြင် အခြားနီးစပ်ရာ တက္ကသိုလ်များမှ လာရောက် ကျောင်းတက်နေသူများပါ နေထိုင်ခွင့်ပေး အပ်ထားကြောင်း၊ ရန်ကုန်တက္ကသိုလ်တွင် ဌာန ၂၁ ခုရှိပြီးအဆောင်ပေါင်း ၂၀ ဝန်းကျင် ရှိနေကြောင်း သိရသည်။

Thursday, August 13, 2015



Credit : http://myanbnews.blogspot.co.uk/2015/08/blog-post_3836.html?m=1

No comments:

Subscribe

လာလည်သူများ

free counters