♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 22, 2015

" ငရုတ်သီးရဲ့ အစွမ်းပကား "

 
ငရုတ်သီးထဲမှာ ​ပါတဲ့ ​ဓာတ်တမျိုးဟာ ​အ၀လွန်မှုကို ​တိုက်ဖျက်ပေးနိုင်ပြီး ​ကိုယ်အလေးချိန် ​ကျဖို့ ​အကူအညီဖြစ်စေကြောင်း ​သြစတြေးလျရဲ့ ​Adelaide ​တက္ကသိုလ်က ​သုတေသီတွေက ​ပြောပါတယ်။

အဲဒီ ​ဓာတ်သတ္တိဟာ ​အစာအိမ် ​အတွင်းက ​သွေးကြော ​တွေကနေ ​တဆင့် ​ဦးနှောက်ကို ​ကိုယ်ခန္ဓာမှာ ​အစားအစာ ​ဘယ်လောက် ​ပြည့်နေပြီဆိုတဲ့ ​သတင်း ​အချက်အလက်ကို ​ပေးပို့တဲ့ ​အကြောင်း ​နဲ့ ​ပတ်သက်ပြီးတော့ ​ပညာရှင်တွေက ​ဆက်လက်ရှာဖွေနေဆဲ ​ဖြစ်ပါတယ်။

တနည်းအားဖြင့် ​ငရုတ်သီးရဲ့ ​ဓာတ်ဟာ ​ဗိုက်ဝနေပြီဆိုတဲ့ ​အကြောင်းကို ​ပြသတာ ​ဖြစ်ပါတယ်။

အစာအိမ်အတွင်းက ​သွေးကြောလေးတွေရဲ့ ​လက်ခံနိုင်တဲ့ ​ထည့်စရာ ​ဆဲလ်လေးတွေဟာ ​အဆီများတဲ့ ​အစားအစာတွေကြောင့် ​ပျက်ဆီးသွားရနိုင်တယ်ဆိုတာကိုလည်း ​သုသေသီတွေက ​တွေ့ရှိခဲ့ကြပါတယ်။

ငရုတ်သီးရဲ့ ​ဓာတ်ဟာ ​အခုလို ​ကိုယ်အလေးချိန် ​ထိန်းသိမ်းမှုဟာ ​အကျိုးရှိနိုင်ပေမယ့် ​ပူလောင်စေတဲ့ 

အရသာကြောင့် ​လူအများက ​စားသုံးနိုင်ဖို့ ​ခက်ခဲနေဆဲ ​ဖြစ်ပါတယ်။

လူအများက ​အခုလို ​အကျိုးရှိတဲ့ ​ဓာတ်ကို ​ရှိန်းစပ်တဲ့ ​အရသာ ​မခံစားရပဲ ​ရနိုင်ဖို့အတွက် ​ကြိုးစားလုပ်ဆောင်သွားမယ်လို့ ​ဒေါက်တာ ​စတီဗင် ​ကန်တစ်ရှ်က ​ပြောကြားခဲ့ပါတယ်။

Credit : ABC Radio Australia
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 

Credit : http://www.shwechitthu.com/2015/08/blog-post_473.html

No comments:

Subscribe

လာလည်သူများ

free counters