♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 16, 2015

" ကိုယ့် အချစ်ဆုံးတွေ ကိုယ့်ကို မနာလိုဖြစ်ကြတဲ့အခါ ဒီလိုလေးတွေသာ ပြောပြလိုက်ပါ"

 
ကိုယ့်ရဲ့ အချစ်ရဆုံး၊ အခင်ဆုံး သူငယ်ချင်းက ချစ်သူရည်းစား ရသွားပြီဆိုပါစို့။ ကိုယ့်အနေနဲ့ မနာလိုဖြစ်တာမျိုး မရှိပေမယ့် သူငယ်ချင်းတွဲနေတဲ့ ကောင်လေးကို ဘယ်လိုမှ ကြည့်ရတာ အဆင်မပြေဘူး။ သူငယ်ချင်းက ချစ်တဲ့စိတ်နဲ့ မမြင်နိုင်တာတွေကို ဘေးကနေ ကိုယ်က သိနေ မြင်နေတာတွေရှိတယ်။ ဒါကို သူငယ်ချင်းလည်း စိတ်ခုမသွားအောင်၊ သူလည်း ပြန်လည်သုံးသပ်ကြည့်လို့ရအောင် အချင်းချင်းလည်း အခင်အမင် မပျက်အောင် ဘယ်လိုမျိုး ပြောဆိုသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ဒဏ်ရာရသလိုမျိုး ဟန်ဆောင်ပြီး သူငယ်ချင်းကို ပြောပြလိုက်ပါ။
ခုလို လုပ်ခိုင်းတာ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ချင်ထင်နေပါလိမ့်မယ်။ ဒါပေမယ့် သေချာတာကတော့ ဒီအချက်က အသုံးဝင်တယ်ဆိုတာပါပဲ။ သင်ဒဏ်ရာရနေ၊ ဖျားနာနေချိန်တွေမှာ သင့်သူငယ်ချင်းက သင်နဲ့ဖက်ပြီး ရန်မဖြစ်ပါဘူး။ သင်ပြောသမျှကိုသာ နားထောင်ပါလိမ့်မယ်။ စကားလမ်းကြောင်း ရအောင် ဆွဲခေါ်ပြီး ပြောနိုင်အောင် လုပ်ပါ။

၂။ နှစ်ယောက်သား အတောမသတ်အောင် ရယ်မောနေချိန် ပြောချလိုက်ပါ။
နှစ်ယောက်သား အကြောင်းအရာတစ်ခုခုပြောဆိုနေရင်း အတော်မသတ်အောင် ရယ်မောနေချိန်ဟာ

သင့်သူငယ်ချင်းကို သူ့ကောင်လေးနဲ့ ဘာ့ကြောင့် သဘောမတူသလဲဆိုတာ ပြောဖို့ အချိန်ကောင်းပါပဲ။ ကျိန်းသေတာကတော့ သူမ သင့်ကို စိတ်တိုဒေါသထွက်မှာ မဟုတ်ပါဘူး။

၃။သာယာတဲ့ နေရာ ပန်းခြံလိုမျိုး နေရာတစ်ခုခု ခေါ်သွားပြီး ပြောပါ။
သန့်ရှင်းတဲ့လေကို ရှုရှိုက်နေရတဲ့ အချိန် စိတ်က အလိုလို ကြည်လင်နေပါလိမ့်မယ်။ ဒီလိုအချိန် ပြောပြလိုက်ပါ။

၎။တစ်ခြားတစ်ယောက်ကို ပြောခိုင်းပြီး သင်က သဘောတူကြောင်း ၀င်ပြောပါ။
တကယ်လို့ သင့်အနေနဲ့ ပြောရတာ ခက်နေတဲ့ အခြေအနေမျိုး ဆိုရင်တော့ သင့်လိုပဲ သူငယ်ချင်းရဲ့ ကောင်လေးအခြေအနေသိတဲ့သူ အခြားတစ်ယောက်ကို ပြောပေးဖို့ အကူအညီတောင်းလိုက်ပါ။ သူပြောတဲ့အချိန်သင်ကလည်း ဘေးနားက ၀င်ပြီး ထောက်ပြပြောဆိုတာ၊ ထောက်ခံတာမျိုး ၀င်လုပ်လိုက်ပါ။

၅။ခုသင်ဖတ်နေတဲ့ Trend Myanmar က ဆောင်းပါးလေးကိုသာ သူ့ကို ပေးဖတ်လိုက်ပါ။
တကယ်လို့ သင့်အနေနဲ့ ရှေ့မှာဖော်ပြထားတဲ့ အချက်တွေက အလုပ်မဖြစ်ဘူးထင်ရင် ခုသင်ဖတ်နေတဲ့ ဒီဆောင်းပါးလေးကို သင့်သူငယ်ချင်းကို ဖတ်ခိုင်းလိုက်ပါ။ ဒါမှသူမက သဘောမပေါက်ဘူးဆိုရင်တော့ ခပ်တည်တည်နဲ့ ဘာ့ကြောင့် ပေးဖတ်ရသလဲဆိုတာကို အပြည့်အစုံ ရှင်းပြလိုက်ပါတော့။

 

Ref: yourtango


Credit : http://dpakyaw.blogspot.co.uk/search/label/%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%9B%E1%80%AC?m=0

No comments:

Subscribe

လာလည်သူများ

free counters