♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 21, 2016

" ပိုက်ဆံပေးပြီး လူတွေကိုအဝတ်အစားချွတ်ခိုင်း ကျင်ငယ်ရေသောက်ခိုင်းတဲ့ သူဌေး "

 
လူတွေဟာ ပိုက်ဆံအတွက်ဆို ဘာမဆိုလုပ်တတ်ကြကြောင်းကို ရုရှားသူဌေးရဲ့မြေးဖြစ်သူတစ်ယောက်က ဗီဒီယိုများ
စွာနဲ့မှတ်တမ်းတင်ခဲ့ပါတယ်။ လူတွေဟာပိုက်ဆံအတွက်ဆိုဘာမဆိုလုပ်တတ်ကြောင်းကို ပြချင်လို့ Prankသဘောမျိုးလုပ်တာထားတာဖြစ်ပါတယ်။

ဒီဗီဒီယိုတွေကို မကောင်းဘက်ကမြင်ရင်တော့ လူတွေကိုသိက္ခာချတယ်လို့မြင်နိုင်ပါတယ်။ ကောင်းတဲ့ဘက်ကမြင်ရင် လူတော်တော်များများဟာ မက်မောစရာငွေနဲ့တွေ့ရင် ပြောင်းလဲသွားနိုင်တယ်ဆိုတာကို သိခွင့်ရမှာဖြစ်ပါတယ်။

ဗီဒီယိုတစ်ခုမှာဆိုရင် လမ်းမှာတွေ့တဲ့ မိန်းကလေးတွေကို ဘေးနားကပ်ပြီး မက်မောလောက်တဲ့ ငွေပမာဏတော်တော်များများကိုပေးပြီး အဝတ်အစားချွတ်ခိုင်းခဲ့ပါတယ်။

နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ လမ်းမှာတွေ့တဲ့ မိန်းကလေးတွေကို မက်မောလောက်တဲ့ ပိုက်ဆံပမာဏပေးမယ်ပြောပြီး ရင်သားကိုလှန်ပြခိုင်းတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ မက်မောလောက်စရာပိုက်ဆံပေးခိုင်းပြီး လမ်းမှာတွေ့တဲ့သူကို အတွင်းခံနဲ့ သူ့ကားကိုဆေးခိုင်း
တာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပိုက်ဆံပေးပြီး သူများရည်းစားကို ရှေ့တင်နမ်းတာဖြစ်ပါတယ်။

နောက်ထပ်တစ်ခုကတော့ လမ်းမှာလူစိမ်းတွေကို ပိုက်ဆံပေးပြီး အတွင်းခံပဲ ကျန်တော့တဲ့အထိချွတ်ခိုင်းခဲ့တာဖြစ်ပါတယ်။

ဒီဗီဒီယိုတွေကိုပြုလုပ်နေတဲ့ကောင်လေးရဲ့အမည်ကတော့ Grisha Mamurinပဲဖြစ်ပါတယ်။ သူက “ကျွန်တော်လူတွေဒီလိုလုပ်လို့ သူတို့ကို အပြစ်မမြင်ပါဘူး။ သူတို့မှာ ဒီပိုက်ဆံကိုလိုရလောက်အောင် ဘယ်လိုပြဿနာမျိုးတွေရှိနေလဲမှမသိတာ။ ကျွန်တော်သာ ပြဿနာတွေ အကြီးအကျယ်ရှိနေရင်လည်း လုပ်ရင်လုပ်ဖြစ်မှာပါ။”လို့
ဆိုခဲ့ပါတယ်။

သူရဲ့ဗီဒီယိုအားလုံးကိုတော့ အောက်ပါ linkမှာကြည့်နိုင်ပါတယ်။

No comments:

Subscribe

လာလည်သူများ

free counters