♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 18, 2016

" မိန်းကလေးတွေ ကျေနပ်အောင် ပြုလုပ်နည်း (၁၅)မျိုး "


မိန်းကလေးတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် အမှတ်များများရအောင်ပဲဖြစ်ဖြစ်၊ သူတို့စိတ်ကျေနပ်တာလေးကို မြင်ချင်လို့ပဲဖြစ်ဖြစ် ကိုယ့်တွေ ယောကျာ်းလေးတွေဘက်က အလိုက်သိရမှာပါ။ တကယ်တော့ အချစ်ဆိုတာ စင်တင်ဂီတ ပွဲကြီးတစ်ခုလိုပဲ။ ကိုယ့်အချစ်တွေ၊ ကိုယ်က သူ့အပေါ်ဘယ်လောက် အမြတ်တနိုးရှိတယ်ဆိုတာ ပြရမှာပေါ့။ မရခင်ကတည်းက နိုင်နေတဲ့ ယောကျာ်းလေးဆိုရင်တောင် သူစိတ်ကျေနပ်အောင် အလိုက်သိပေးလိုက်လို့ ကိုယ့် Roll ကျသွားတယ်လို့ မထင်ပါနဲ့။ နောက်ဆုံးမှာ ကိုယ်ပဲ စိတ်ချမ်းသာရမှာပါ။

၁။ လေးနေတာတွေရှိရင် ကိုင်ပေးလိုက်ပါ။


၂။ သူမမှာလည်း သူမ အလုပ်နဲ့ သူမ ရှုပ်နေတဲ့ အချိန်မျိုး ရှိတယ်ဆိုတာ နားလည်ပေးလိုက်ပါ။



၃။ ၀ိတ်လျှော့ဖို့ မမျှော်လင့်ပါနဲ့။ (ကျွန်တော်တို့ အကြိုက်ထဲမှာတော့ ခပ်ပိန်ပိန်တွေ မပါဘူး။)


၎။ Gym သွားဆော့သင့်တယ်လို့လည်း မမျှော်လင့်နဲ့။


၅။ သူမက သင့်ထက် ၀င်ငွေကောင်းနေရင်လဲ အေးဆေးပေါ့။


၆။ အချစ်နတ်သမီးတွေကို The Hobbit လိုကားတွေ ကြိုက်မယ်လို့ သွားမမျှော်လင့်နဲ့။ (ပျင်းစရာကြီး ပြောမှ နင်နေရဦးမယ်။)


၇။ သူမ အလုပ်မှာ စိတ်ရှုပ်လာတဲ့ နေမျိုးတွေဆို ကွတ်ကီးတွေ ယူသွားပေးလိုက်ပါ။


၈။ သူမရဲ့သူရဲကောင်းဖြစ်တဲ့ သင့်ဓာတ်ပုံတွေ သူမကြည့်နေတုန်း ခင်ဗျားက ဘေးမှာမနေဘဲ တခြား တစ်ခုခုသွားလုပ်နေသင့်တယ်။


၉။ ပန်းကန်တွေ ဆေးပေးလိုက်ပါ။ (ကိုယ်လဲ တစ်လှည့်ပေါ့။)


၁၀။ သူမရဲ့ သူငယ်ချင်းနာမည်တွေ မှတ်မိအောင်လုပ်ပါ။ (အထူးသဖြင့် သူ့အတွက် အရေးပါဆုံး သူငယ်ချင်းတွေ။)


၁၁။ သူမ ဓမ္မတာ ဖြစ်နေတဲ့အချိန်မျိုးဆို ချောကလက်တောင့်ကြီးကြီး ၀ယ်သွားပေးလိုက်။ ဘာမှ ပြောမနေဘဲ ရေခဲသေတ္တာ ထဲသာ ထည့်ပေးခဲ့လိုက်။


၁၂။ ဟင်းကောင်းကောင်း ချက်ကျွေးလိုက်။ ( ဒီ့ထက် မိုက်တာ၊လန်းတာ မရှိတော့ဘူး။ အထူးသဖြင့် ဟင်းမချက်တတ်တဲ့ ကောင်မလေးအတွက် ဆိုရင်။)



၁၃။ အမြဲ သူမအတွက် ရေ ယူပေးပါ။ (နံနက်ပိုင်း၊ ညစာစားပြီးတဲ့အခါ နဲ့ ချစ်တင်းနှောပြီးတဲ့ အချိန်တွေမျိုးမှာ။)


၁၄။ သူမ ဆီက ခွင့်ပြုချက်တောင်းသင့်တယ်ထင်တာမျိုးဆို တောင်းပြီးမှ  စိတ်ဖြောင့်ဖြောင့်နဲ့ သွားစရာရှိတာ၊ လုပ်စရာရှိတာ လုပ်ပါ။ (ဒီအချက်ကတော့ ချစ်သူတွေကြား တစ်စုံတွဲနဲ့ တစ်စုံတွဲ တူမှမဟုတ်ပါဘူး။)

၁၅။ ကိုယ်ဝန်ဖျက်ချမယ်၊ မဖျက်ချဘူးဆိုတာ သူမ ဆန္ဒသာ အတည်ဖြစ်တယ်။ (ခြွင်းချက်မရှိ နော်။)



Ref: cosmopolitan.com
Credit : http://www.trend.com.mm/2014/01/30/relationships-1799

No comments:

Subscribe

လာလည်သူများ

free counters